Tuesday, January 27, 2026

CATEGORY

ရွှေ့ပြောင်းအလုပ်သမား

ကိုဗစ်-၁၉ စစ်ဆေးခ (ဘတ် ၃၀၀၀) ထိုင်းအစိုးရတိုးမြင့် သည့်ကိစ္စ ရွှေ့ပြောင်းအလုပ်သမားများကန့်ကွက်

ထိုင်းအစိုးရ မှ ရွှေ့ပြောင်းအလုပ်သမားများထံ ကိုဗစ်-၁၉ ကျန်းမာရေး စစ်ဆေးခ(ဘတ် ၃၀၀၀) ကောက်ယူနေသည့် ကိစ္စ ကို အလုပ်သမားများ ကန့်ကွက်ကြောင်း စုံစမ်းသိရသည်။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် ရွှေ့ပြောင်းအလုပ်သမားများ ဗီဇာသက်တမ်းတိုးရာတွင် ကိုဗစ်-၁၉ ကျန်းမာရေး စစ်ဆေးရမည်ကိစ္စ လုပ်ဆောင်ရမည်ဖြစ်ပြီး၊ ကိုဗစ်-၁၉ စစ်ဆေးရာတွင် ဘတ် ၃၀၀၀...

RCSS/SSA နှင့် TNLAတိုက်ပွဲကြောင့် အရပ်သား နေအိမ် (၆၀) ကျည်ထိမှန်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအနီးတဝှိက်တွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ၂ဖွဲ့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သား နေအိမ် (၆၀) လက်နက်ကျည်ထိမှန်ခဲ့ကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ် အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော်(RCSS/SSA) နှင့် တအောင်း(ပလောင်) အမျိုးသားလွှတ်မြောက်ရေးတပ်မတော်(TNLA) တို့ တိုက်ပွဲကြောင့် တော့ဆန်ကျေးရွာရှိ ဒေသခံနေအိမ် (၆၀) ကျည်ထိမှန်ခဲ့ကြောင်း တော့ဆန်ဒေသခံ...

ထိုင်းတွင် အကျဉ်းကျခံရမြန်မာနိုင်ငံသားများအား မြန်မာအာဏာပိုင်များထံ လွှဲပြောင်းပေးအပ်

ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရသည့် မြန်မာနိုင်ငံသား (၁၀၀) ကျော်ကို မြန်မာနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဒီဇင်ဘာ (၁၅) ရက် မနက် ၉ နာရီအချိန်မှာ တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း နယ်စပ် ချစ်ကြည်ရေး တံတားအမှတ်(၂) မှ တစ်ဆင့်...

တာချီလိတ်မြို့ ကိုဗစ် ၁၉ ပိုးတွေ့လူနာ ၆ဦးထပ်တွေ့ စုစုပေါင်း ၉၀ ကျော်ရှိ

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ယနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့လည်ပိုင်းအချိန်ထိ ကိုဗစ် ၁၉ အတည်ပြုလူနာ ၆ ဦးထပ်မံတွေ့ရှိကြောင်းစုံစမ်းသိရှိသည်။ ထိုပိုးတွေ့၆ ဦးတွင် ထိုင်းနိုင်ငံမှ တရားမဝင်ရောက်ရှိလာသော သူများထဲမှ ၂ ဉီးဖြစ်ကြောင်း သိရသည်။ “ ဒီနေ့တော့ ၆ ယောက်ရှိပြီ။ မန်းရံကျေးရွာကပါ။ သူတို့က...

ထိုင်းမှ နေရပ်ပြန် (၁၀၀)ကျော် တောင်ကြီး ရောက်မည်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ (TBC) ကားဝင်းအတွင်း သို့ ထိုင်းမှ နေရပ်ပြန် ပြည်သူများ (၁၀၀) ကျော် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ ယနေ့ နိုဝင်ဘာ (၃၀)ရက်သည် နေရပ်ပြန် ပြည်သူများသည် တာချီလိတ်မြို့ မှ တဆင့် ပြန်လည် ရောက်ရှိလာမည်ဖြစ်ပြီး ၎င်းတို့အားလုံးသည် Quarantine ဝင်ထားသည့်...

ထိုင်းမြောက်ပိုင်းရောက်မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများ ကြိုတင်မဲစပေး

ထိုင်းနိုင်ငံမြောက်ပိုင်း ၉ ခရိုင်ရောက် မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများ ယနေ့ကစပြီး ချင်းမိုင်ခရိုင် ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်၀န်ရုံးတွင် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးနေကြပါသည်။ ထိုင်းနိုင်ငံမြောက်ပိုင်းရောက်မဲမြန်မာနိုင်ငံသားဆန္ဒရှင်များက ကြိုတင်ဆန္ဒမဲပေးနိုင်ရန်အတွက် ဇူလိုင်လ ကတည်းက အမည်စာရင်းများပေးထားကြရပြီဖြစ်သည်။ ချင်းမိုင်မြို့ မြန်မာကောင်စစ်၀န်ရုံးတွင် ကြိုတင်မဲပေးသူများအား သွားရောက်ကူညီမှုပေးနေသည့်စေတနာ့၀န်ထမ်း ၊ချင်းမိုင်ရောက်သျှမ်းလူငယ်များအဖွဲ့က စိုင်းမိဏ်းက- "ဒီမနက်တော့ လားရှိုးနဲ့ မိုင်းကိုင်ပါ ။...

မိုင်းလားမြို့မှ ရွှေ့ပြောင်းအလုပ်သမား (၆၀)ကျော် တောင်ကြီးရောက်

အထူးဒေသ(၄) မိုင်းလားတွင် သွားရောက်အလုပ်လုပ်သည့် ရွှေ့ပြောင်းအလုပ်သမား (၆၀)သည် ယနေ့ မွန်းလွှဲပိုင်း ၂နာရီခန့်တောင်ကြီးမြို့သို့ ရောက်ရှိလာကြောင်း သိရသည်။ ထို ရွှေ့ပြောင်းအလုပ်သမားများသည် မိုင်းလား မှပြန်လာပြီး တောင်ကြီးသို့ ခေတ္တ ခဏနားကာ သက်ဆိုင်ရာ မြို့သို့ပြန်လည်ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း တောင်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာန ဒုတိယဦးစီးမှူး...

မြန်မာကိုဗစ်ဂယက် ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားနေထိုင်ရေးခက်

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ကိုဗစ်နိုင်တင်း ရောဂါ ကူးစက်ပျံ့နှံ့မှု ထိုင်းသို့ ကူးစက်ခြင်းမပြုနိုင်စေရန်အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမား နေထိုင်ရာသို့ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်လာနေသည်။ စက်တင်ဘာလ လယ်ပိုင်းမှစ၍ ယနေ့အထိ ထိုင်းနိုင်ငံမြောက်ပိုင်း လမ်းပွန်း၊ လမ်းပန်း၊ ချင်းမိုင်၊ ချင်းရိုင်းခရိုင်အတွင်း ကိုဗစ်နိုင်တင်းရောဂါ ထိန်းချုပ်ရန်၊ ထိုရောဂါထိန်းချုပ်နိုင်ရေးအတွက် မြန်မာပြည်မှ လာသည့် ရွှေ့ပြောင်းအလုပ်သမား...

မိုင်းယန်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၃ဦးနှင့် ထိတွေ့သူ (၁၃၈)ဦးရှိ

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ် ဆီလူးဒေသတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၃) ဦး နှင့် ထိတွေ့သူ စုစုပေါင်း (၁၃၈) ကျော် ရှိကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာ (၅) ရက်က အားကစား နှင့် ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ မိုင်းယန်းမြို့နယ် ဆီလူးဒေသတွင်...

ထိုင်းနိုင်ငံ မှ တာချီလိတ်မြို့ သို့ မြန်မာရွှေ့ပြောင်း (၁၄၃) ဦး ဝင်ရောက်

စိုင်းဆိုင်လှိုင်း ထိုင်းနိုင်ငံ မှ မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ယနေ့ နေ့လည်ပိုင်းက မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၄၃ ဦးထပ်မံဝင်ရောက်လာကြောင်းသိရသည်။ စက်တင်ဘာ ၂ ရက် ၁၁ နာရီခွဲခန့်က ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၄၃) ဦးသည် သျှမ်းပြည် အရှေ့ပိုင်း၊ သျှမ်းပြည် တောင်ပိုင်း၊ သျှမ်းပြည် မြောက်ပိုင်း...

Latest news