ထိုင်းအစိုးရမှ ပန်းရောင်ကဒ်အသစ်ပြုလုပ်ပေးမည်

ထိုင်းနိုင်ငံတွင် တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်ကြသော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နှင့် ဗီယက်နမ် လုပ်သားများကို ထိုင်းအစိုးရအဖွဲ့မှ ပန်းရောင်ကဒ်အသစ်ပြုလုပ်ပေးမည် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ထိုင်းနိုင်ငံတွင် တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်ကြသော လုပ်သားများကို ပန်းရောင်ကဒ် အသစ်ပြုလုပ် ပေးရန် ထိုင်းအစိုးရအဖွဲ့မှ အတည်ပြုပြီးနောက် ထိုင်းအစိုးရအဖွဲ့မှ ပြောခွင့်ရသူ ဓနကော် ဝမ်ဘွန်ချန်သည် ယမန်နေ့ ဇူလိုင် ၅ ရက်တွင် ပြောကြားပြီး ထုတ်ပြန်ချက်မှ သိရသည်။

ထိုင်းနိုင်ငံတွင် တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်သူများကို ပန်းရောင်ကဒ်အသစ်ကို ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ချင်းမိုင်မြို့တွင်း အလုပ်သမားကဒ် လုပ်ဆောင်ပေးသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလုပ်သမားကဒ်

“ပန်းရောင်ကဒ်ကတော့ တကယ်လုပ်ပေးမယ်ထင်တယ်၊ အချိန်အတိကျကိုတော့ မသိရသေးဘူး၊ အခုလ ကတော့ အလုပ်သမားကဒ် (work permit) စာအုပ်ကိုလည်း မလုပ်ပေးသေးဘူး၊ လာမယ့် နောက်လတော့ အားလုံးပုံမှန်အတိုင်း ပြန်လုပ်ပေးမယ် ထင်တယ် “ဟု ၎င်းက ပြောသည်။

ထိုနောက် ပန်းရောင်ကဒ် လုပ်ကိုင်ရသည့် အဆင့်များမှာ အလုပ်အကိုင် ရှာဖွေရေးဦးစီးဌာနတွင် အမည်စာရင်း (Name list) တင်ရခြင်း ၊ ရက် (၆၀) အတွင်း အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (work permit) လျှောက်ထားရ မည်ဖြစ်ပြီး လုပ်သားအမည်စာရင်း နှင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (၁၀၀၀) ဘတ် ပေးဆောင်ရကြောင်း သိရသည်။

ထိုအပြင် ပြည်ပရောက် ထိုင်းနိုင်ငံတွင်း မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့၏ နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုး လုပ်ငန်းများကို သံရုံး၌ ပုံမှန်အတိုင်း လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း ဘန်ကောက် အခြေစိုက် မြန်မာသံရုံး မှ ထုတ်ပြန် ကြေညာထားသည်။

သို့သော် ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ရုံးတွင် ယနေ့အချိန်ထိ နိုင်ငံကူးလက်မှတ် (Passport) ကို မလုပ်ပေးသေးပေ။

“ချင်းမိုင်မှာတော့ Passport စာအုပ်သက်တမ်းတိုးတာ အခုမလုပ်ပေးသေးဘူး။ ဘယ်ချိန်မှာ ပြန်ဖွင့်ပေးမှာလည်း သူတို့မပြောသေးဘူး။ သိရတာတော့ နောက်လတဲ့ သေချာလားတော့ ကျနော်မသိရသေးဘူး” ဟု ချင်းမိုင်မြို့မှ Passport သက်တမ်းတိုးမည့်သူတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများ ကိုင်ဆောင်ထားသည့် နိုင်ငံကူးလက်မှတ် (PJ) လက်မှတ် ၊ ထိုင်းနိုင်ငံ၌ မှီခိုဗီဇာဖြင့် နေထိုင်လျက်ရှိသော (PT) လက်မှတ် ၊ မြန်မာနိုင်ငံသား သင်္ဘောသားများ ကိုင်ဆောင်သည့် (PS) လက်မှတ်၊ ပြည်ပ၌ ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား(PE) ကဒ်နှင့် သံဃာတော်များ ကိုင်ဆောင်သည့် နိုင်ငံကူးလက်မှတ် (PR) လက်မှတ် စသည့်လက်မှတ်များကို ပုံမှန်အတိုင်းပြန်လည် သက်တမ်းတိုးပေးခြင်းဖြစ်ကြောင်း ဘန်ကောက် မြန်မာသံရုံး ထုတ်ပြန်ချက်မှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...