ချင်းမိုင် ရွှေ့ပြောင်းအလုပ်သမားကဒ်ပြုလုပ်ရန် ခေတ္တရပ်ဆိုင်းထား

ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ လာရောက်အလုပ်လုပ်ကြသည့်သူများကို ချင်းမိုင်ခရိုင် အလုပ်သမား ရှာဖွေရုံးမှ အလုပ်သမားကဒ် (Work permit ) စာအုပ်ထုတ်ဝေမှုကို ခေတ္တရပ်ဆိုင်းထားကြောင်း ထုတ်ပြန်ချက်မှသိရသည်။

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် အလုပ်သမားရှာဖွေရုံးမှ ဇူလိုင် ၁ ရက်မှစပြီး အလုပ်သမားကဒ် (Work permit) စာအုပ်ထုတ်ဝေမှုကို ခေတ္တရပ်ဆိုင်းထားသဖြင့် ထိုင်းရောက်မြန်မာအလုပ်သမား စာအုပ်လျှောက်ထားသူများ ယခုလအတွင်း စာအုပ်ထုတ်ပေးမည် မဟုတ်သေးကြာင်း သိရသည်။

ချင်းမိုင်မြို့အတွင်း အလုပ်သမားကဒ် စာအုပ်ထုတ်ဝေမှုကို ခေတ္တရပ်ဆိုင်းထားခြင်းသည် အလုပ်သမားကဒ် (work permit) စာအုပ် ကုန်သွားကြောင်း ချင်းမိုင်မြို့တွင်း အလုပ်သမားကဒ် လုပ်ဆောင်ပေးသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မလုပ်ပေးတာတော့ မဟုတ်ဘူး၊ စာအုပ် (work permit) က ကုန်သွားတာ၊ စာအုပ်လုပ်ထားတဲ့သူတွေ သွားယူလည်း မရသေးဘူး“ ဟု ၎င်း ကပြောသည်။

Work permit

အလုပ်သမားကဒ်စာအုပ် ကုန်သွားသည့်အတွက် အလုပ်သမားများအနေဖြင့် ခေတ္တ စောင့်ဆိုင်းပေးရန်လည်း အထက်ပါ ပုဂ္ဂုလ်က ဆိုသည်။

ထိုအလုပ်သမားစာအုပ် မရှိပါက အလုပ်လုပ်ရန် ခက်ခဲကြောင်းနှင့် အလုပ်ရှာရန်၊ အလုပ်အသစ် ပြောင်းရွှေ့ရန်လည်း ခက်ခဲကြောင်း ချင်းမိုင်ရောက် သျှမ်းလူငယ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အလုပ်သမားကဒ် မရှိရင်လည်း သူဌေးတွေက မယူဘူးလေ၊ ပြီးတော့ အလုပ်ပြောင်းချင်ရင်လည်း ခက်တယ် ကျနော်ကလျှောက်ထားပြီ ထပ်စောင့်ရရင် အလုပ်လုပ်ဖို့ အဆင်မပြေတော့ဘူး “ဟု ၎င်းကပြောသည်။

အဆိုပါ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာသံရုံးများလည်း ယခုလမှစပြီး စာအုပ်အနီရောင် (passport) ကို မထုတ်ပေးတော့ကြောင်း သိရသည်။

မြန်မာ – ထိုင်း နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးအကြား (၃၄) ကြိမ်မြောက် ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေး (RBC) ကို သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ဇွန် ၂၇ ရက်မှ ဇွန် ၂၉ ရက်ထိ ပြုလုပ်ခဲ့သည်။

ထိုအစည်းအဝေးတွင် ပြည်တွင်း၊ ပြည်ပရှိ တချို့သော ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်နှင့် CDM ဝန်ထမ်းများအား ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ရေး အသိပေး ထုတ်ပြန်ထားမှုကို ထိုင်းတပ်မတော်မှလည်း ၎င်းတို့၏နယ်စပ်ဒေသများမှ မြန်မာနိုင်ငံသို့ အလွယ်တကူ ပြန်လည်ဝင်ရောက်နိုင်ရေး လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးသွားမည့် အခြေအနေများကို ဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲပြီးနောက် ယခုကဲ့သို့ Work Permit စာအုပ်မထုတ်ပေးခြင်း၊ Passport (စာအုပ်အနီ) မပြုလုပ်ပေးခြင်းကိစ္စများပေါ်ပေါက်လာသည်ဟုလည်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူများ က ပြောသည်။

“အခုက အလုပ်သမားကဒ်နဲ့ Passport စာအုပ် သက်တမ်းတိုး ကိစ္စ ပိတ်လိုက်တာက ထိုင်း-မြန်မာ နယ်ခြားကော်မတီ အစည်းအဝေး (RBC) ပြီးတော့ ထွက်လာတာပဲ။ စာအုပ်ကုန်လို့လား။ ဒါမှ မဟုတ် တမြင်ပိတ်တာလားတော့မသိဘူး” ဟု ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်သည့် အမျိုးသားတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်သူများသည် စီးပွားရေး ရှာစားရန် ခက်ခဲလာသဖြင့် အိမ်နီးချင်းဖြစ်သည့် ထိုင်းနယ်စပ်ဘက်ကို နေ့စဥ်နှင့်အမျှ ခိုးဝင်လာကြသည်။

“ထိုင်းဘက်ကို နေ့တိုင်း ရွှေ့ပြောင်းအလုပ်သမားတွေဝင်လာတယ်။ ဒီနှစ်ထဲမှ ဝင်လာတဲ့ရွှေ့ပြောင်းအလုပ်သမားက နည်းတာမဟုတ်ဘူး။ အဲ့ဒါကြောင့်လည်း စာအုပ်က ကုန်သွားတာလားမသိဘူး” ဟု ၎င်းက ထပ်လောင်းပြောသည်။

ထိုင်းနိုင်ငံသို့ ခိုးဝင်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို နယ်စပ် လုံခြုံရေးအရ ထိုင်းအာဏာပိုင်မှ ဖမ်းဆီးချုပ်နှောင်နေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

မြန်မာတဝှမ်း ရေဘေးသင့်ကြုံတွေ့ချိန် စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၄ ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေချိန် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယမန်နေ့ (သြဂုတ် ၁၂)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ မဘိမ်းမြို့နယ်တွင် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်၍ တရုတ်နိုင်ငံဘက်ရှိ ရွှေလီမြစ်အထက်ပိုင်းမှ ဆည်ရေများ လွှတ်ချမှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရွှေလီမြစ်နှင့် နမ့်ပေါ်ချောင်းရေများ မြင့်တက်လာကာ ကျေးရွာအချို့နှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေကြောင်း သိရသည်။ ထိုသို့ ရေဘေးကြုံနေရချိန်တွင် ဇူလိုင်လ ၂၈ ရက် မှ ဩဂုတ်လ ၈ ရက်အထိ စစ်ကောင်စီတပ်က မဘိမ်းမြို့နယ်အတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရေဘေးကြုံနေရသည့်အချိန်တွင် အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည့်အပြင် လူသားမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တစ်ဖက်က ပြည်သူတွေ ရေဘေးသင့်နေချိန် အချင်းချင်းကူညီရမယ့်အချိန်မှာ အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာက လူ့အခွင့်အရေးကို ချိုးဖောက်သလို တော်တော်ကို လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့တာပါ။ခုထိလည်း စစ်ရေးအခြေနေတွေက တင်းမာနေပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ (ဇူလိုင်လ ၂၈ ရက်) မနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် မဘိမ်းမြို့ ရပ်ကွက် (၂) နှင့် (၃) ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာအရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့သည်။ (ဇူလိုင်လ ၃၀ ရက်)တွင် မဘိမ်းမြို့နယ် ဘဟဲကျေးရွာနှင့် ရပ်ကွက် (၃) ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး ဒဏ်ရာရရှိပြီးနေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့အပြင် (ဩဂုတ်လ ၃ ရက်) ည ၁၁ နာရီခန့်တွင် မဘိမ်းမြို့ ရပ်ကွက် (၂) ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီးနေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။ (ဩဂုတ်လ ၆ ရက်) ည ၁၁ နာရီခန့်တွင်လည်း မဘိမ်းမြို့ ရပ်ကွက် (၃) ရှိ မဘိမ်းဆေးရုံကြီးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံ ၃ လုံး ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားသည်။ လက်ရှိတွင် မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုဆက်လက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက် မှ စတင်ပြီး မိုးမိတ်မြို့အနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီးဩဂုတ်လ ၁၂ ရက်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဟန်ပြ မြစ်ရေထိန်းသိမ်းမှုအောက်က အဆိပ်သင့် နယ်စပ်ဖြတ်ကျော်မြစ်ရေ

0
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ခမ်းနားထည်ဝါလှသော Queen Sirikit National Convention Center အတွင်း၌ အာဏာသိမ်းသမ္မတနှင့် ထိုင်းအစိုးရ တာဝန်ရှိသူများသည် ပြုံးရယ်လျက် လက်မှတ်ရေးထိုးနေကြသည်။ နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရေး၊ အလုပ်သမားရေးရာနှင့် နယ်စပ်ဖြတ်ကျော် မြစ်ရေညစ်ညမ်းမှု ထိန်းသိမ်းရေး အပါအဝင် သဘောတူညီချက် (၄) ခုကို နှစ်ဉီးသား...