လောက်ကိုင် ကားဂိတ်များ ကားခ ပိုကောက်ပါက အရေးယူခြင်း ခံရမည်ဟု ညွှန်ကြားစာထွက်

သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ မြို့နယ်ယာဥ်လိုင်းပေါင်းစုံ ကြီးကြပ်ရေး ကော်မတီမှ ကားခ ယာဥ်နှုန်း ထားများကို သတ်မှတ်နှုန်းထားဖြင့် ပိုကောက်ပါက အရေးယူခြင်း ခံရမည်ဟု ထုတ်ပြန်လာသည်။

လောက်ကိုင် ကားကြီးကွင်း

ယမန်နေ့ (ဒီဇင်ဘာ ၇) ရက်စွဲဖြင့် လောက်ကိုင်မြို့နယ် ယာဥ်လိုင်းပေါင်းစုံ ကြီးကြပ်ရေး ကော်မတီက ခရီးသည် တစ်ဦးအတွက် ကားခများကို သတ်မှတ်နှုန်းထားအတိုင်း ကောက်ခံရန် နှင့် လိုက်နာမှု မရှိပါက အရေးယူခြင်း ခံရမည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းကဲ့သို့ ထုတ်ပြန်လာခြင်းနှင့် ပတ်သက်ပြီး လောက်ကိုင်မြို့ထဲအထိ တိုက်ပွဲဖြစ်မည့် သတင်းထွက်လာပြီး နောက် မြို့ထဲမှ ထွက်လိုသည့် ပြည်သူများ များပြားပြီး ကားများငှားမလောက် နှင့် ဈေးနှုန်းလည်း တက်လာကြောင်း လောက်ကိုင်မြို့နေ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကားခတွေ တက်လာတဲ့ သတင်းက အရမ်းပေါက်တော့ သက်ဆိုင်ရာကနေ ဂိတ်တွေကို တရားစွဲမယ်လို့ ထုတ်ပြန် ချက် ထွက်လာတယ်၊ ဒါကြောင့် တချို့ဂိတ်တွေက ပုံမှန်စျေးအတိုင်းပဲ ကားလက်မှတ်တွေ ပြန်ရောင်းနေပါပြီ၊ ခရီးသည်တွေကတော့ စျေးပိုပေးပြီး ပြန်ကြတာလို့ သိရတယ်” ဟု လောက်ကိုင်မြို့ခံ အမျိုးသားက ပြောသည်။

လောက်ကိုင် ကားခဈေးနှုန်းများသည် ဒီဇင်ဘာလ ၆ ရက်နေ့တွင် မူရင်းဈေး ၆ သောင်းကျပ်မှ တစ်သိန်း နှစ်သောင်းကျပ်အထိ မြင့်တက်လာကြောင်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ နှင့် ၂၉ နှစ်ရက်တာအတွင်း ချင်းရွှေဟော်ဒေသ နမ့်ဖာတောင်ဒေသတွင် စစ်ကောင်စီ နှင့် ကိုးကန့်တပ်မတော် (MNDAA) တို့သည် လောက်ကိုင်မြို့ထဲ အထိ တိုက်ပွဲဖြစ်လာမည့် သတင်းကြောင့် လောက်ကိုင်ရောက် အလုပ်သမား အများစုက စိုးရိမ်ကြောက်လန့်ပြီး ဇာတိနေရပ်ပြန်ကြရန် ကားအလုအယက် ငှားရမ်းရာမှ ကားဈေးနှုန်းတက်လာခြင်း ဖြစ်သည်။

“သတင်းက ကောလဟလလား ဘာလားဆိုတာတွေကို မစစ်ကြတော့ပဲနဲ့ ပြည်သူတွေက တိုက်ပွဲဆိုတာနဲ့ ကြောက်ပြီး နေရပ်ကို ပြန်ချင်ကြတာ၊ အဲ့ဒါကြောင့် ကားဈေးနှုန်းတွေက တက်ပြီး ငှားမရလောက်အောင် ဖြစ်တာ၊ သက်ဆိုင်ရာတွေကတော့ ဒီအခြေအနေကို ထိန်းဖို့ ကြိုးစားနေတယ်” ဟု လောက်ကိုင်မြို့မှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ အလုပ်သမားများ စိုးရိမ်ကြောက်လန့်ပြီး နေရပ်ပြန်ကြခြင်းနှင့် ပတ်သက်ပြီး မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့က တိုက်ပွဲသတင်းသည် ကောလဟလသာ ဖြစ်ကြောင်း မယုံကြည်ကြရန် ထုတ်ပြန် ပြောဆိုထားသည်။

လောက်ကိုင်မြို့နယ်ထဲတွင် လောင်းကစားဝိုင်း အများအပြားရှိပြီး ရွှေ့ပြောင်းအလုပ်သမားများက လောင်းကစားဝိုင်းများ နှင့် အွန်လိုင်းဂိမ်း၊ ဘာသာပြန် အလုပ်အကိုင်များ သွားရောက် လုပ်ကိုင်ကြသည့် နေရာဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...