Friday, May 3, 2024

CATEGORY

စီးပွားရေး

မူဆယ်မြို့နယ် လျှပ်စစ်မီး (၆) ရက်ပျက်၊ ပြည်သူများ အလုပ်ရပ်ဆိုင်းထားရမည်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း စက်တင်ဘာ (၈) ရက်နေ့မှ စက်တင်ဘာ (၁၃) ရက်နေ့ထိ လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်သည့်အတွက်ကြောင့် ပြည်သူများတစ်ချို့က အလုပ်ရပ်ဆိုင်းထားရမည် ဖြစ်ကြောင်း စုံးစမ်းသိရှိရသည်။ ရွှေလီ (၁) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ စက်အမှတ် (၆) Main Transformer ကို ပြင်ဆင်မည့်အတွက်ကြောင့် မူဆယ်မြို့နယ်တွင်း လျှပ်စစ်မီး...

သျှမ်းပြည်အတွင်း မြို့နယ်တစ်ချို့မှာ ဆန်ပြတ်လပ်

သျှမ်းပြည်အတွင်း မြို့နယ်တစ်ချို့တွင် ယခုရက်ပိုင်း ဆန်ပြတ်လပ် မှုထိဖြစ်လာကြောင်း စုံစမ်းသိရှိရသည်။ စစ်တပ်က အာဏာသိမ်းလာပြီး တစ်နှစ်ကျော်ကာလအတွင်းတွင် ကုန်ဈေးနှုန်းများ တစ်ရိပ်ရိပ် မြင့်တက်လာပြီး ပြည်သူများက ဆန်ကို ကြိုတင်ဝယ်ယူ စုဆောင်း ကြသဖြင့် ဆန်များပြတ်လပ်သည့်အထိ ဖြစ်လာကြောင်း သိရသည်။ “ဆန်ကလည်း ဈေးတွေ အရမ်းမြင့်တက်လာတယ်။ ဒီကလူတွေက ဆန်စျေးတွေ...

မြန်မာငွေဈေးနှုန်းကျဆင်း ကုန်ဈေးနှုန်းမြင့်တက်လာ ဆိုင်တစ်ချို့ပိတ်သိမ်းရ

လက်ရှိ မြန်မာငွေဈေးနှုန်းအလွန်ကျဆင်းလာသဖြင့် ပြည်တွင်း ကုန်ဈေးနှုန်း မြင့်တက်လာပြီး သျှမ်းပြည်အတွင်းရှိ ဆိုင်တစ်ချို့က ပိတ်သိမ်းလိုက်ရကြောင်း စုံစမ်းသိရှိရသည်။ ယခု ရက်ပိုင်းတွင် ထိုင်းငွေ ၁၂၀၀ ဘတ်ကို မြန်မာငွေ ၁ သိန်းကျပ်ရနေပြီး၊ တရုတ်ငွေ ယွမ် ၁၀၀ ကို မြန်မာငွေ ၄၅,၀၀၀ ထိဈေးပေါက်နေပြီး...

နမ့်ခမ်းမြို့ရှိ စက်သုံးဆီဆိုင်ကြီး (၇) ဆိုင်အနက် (၃) ဆိုင်သာ စျေးနှုန်းပုံမှန်ဖြင့် ရောင်းချ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ စက်သုံးဆီဆိုင် ပန့်ဆိုင် (၇) ဆိုင်ရှိသည့်အနက် (၃) ဆိုင်သာ ဆီစျေးများ ပုံမှန်ရောင်းပေးနေသဖြင့် ပြည်သူများ သွားရောက် တန်းစီ ဝယ်နေကြောင်း စုံစမ်းသိရှိရသည်။ ကျန်ရှိသည့် ပန့်ဆီဆိုင် (၄) ဆိုင်သည် တစ်လီတာလျှင် (၄,၅၀၀) ကျပ် မှ (၅,၀၀၀)...

ပင်းတယမြို့နယ် တောင်သူများကို အတိုး ၅ ရာခိုင်နှုန်းဖြင့် ချေးပေးနေ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်ရှိ တောင်သူလယ်သမားများအတွက် စစ်ကောင်စီ လက်အောက်ခံ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မှ အတိုးငွေ ၅ ရာခိုင်နှုန်းဖြင့် ချေးငွေချပေးနေကြောင်း စုံစမ်းသိရသည်။ ထိုချေးငွေများကို တောင်သူများ လယ်ယာစိုက်ပျိုးချိန်တွင် လာရောက်ချေးပေးခြင်းမရှိဘဲ သီးနှံပေါ်လာချိန်မှ လာရောက်ချေးပေးပြီး အတိုးနှုန်းကိုလည်း ယခင်ကထက်များလာကြောင်း ပင်းတယမှ တောင်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီချေးငွေက...

မူဆယ်မြို့ စက်သုံးဆီ မှောင်ခိုစျေးကွက် ကြီးထွားနေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ရှိ စက်သုံးဆီများ ဝယ်ယူပြီး လမ်းဘေးတွင် မှောင်ခိုဖြင့် ရောင်းချနေကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်း မြန်မာနိုင်ငံတဝှမ်း စက်သုံးဆီ ပြတ်လပ်မှုရှိလာသည့်အပြင် ဆီစျေးနှုန်းတွေကလည်း မြင့်တက်လာသည့် အတွက် မှောင်ခိုစျေးကွက်ကလည်း ကြီးထွားလာကြောင်း သိရသည်။ ထို့ကြောင့် လက်ရှိ မူဆယ်မြို့ပေါ်တွင် စက်သုံးဆီဆိုင်ကြီးများမှ ဗူးဖြင့်ဝယ်ယူသူများကို ကန့်သတ်လိုက်သော်လည်း မှောင်ခိုရောင်းနေသူများသည်...

တရုတ်ယွမ်ငွေ (၁၀၀) မြန်မာကျပ်ငွေ (၄၆,၀၀၀) ကျော်အထိ မြင့်တက်လာ

မြန်မာ - တရုတ် နယ်စပ်ဖြစ်သည့် သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ယနေ့ငွေလဲလှယ် ဈေးနှုန်းသည် တရုတ်ယွမ်ငွေ ၁၀၀ ယွမ်ကို မြန်မာကျပ်ငွေ (၄၆,၉၅၀) ကျပ်အထိ မြင့်တက်နေကြောင်း စုံစမ်းသိရှိရသည်။ ယခုလ သြဂုတ် ၁၄ ရက်တွင် တရုတ်ယွမ်ငွေ (၁၀၀) ယွမ်ကို မြန်မာကျပ်ငွေ...

ဆီဆိုင်မြို့နယ် အတွင်း ပြောင်းအိတ် မကြာခဏ အခိုးခံရ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာအုပ်စုတွင် ယခုရာသီ ပြောင်းထွက်ချိန်မှာ မကြာခဏ ပြောင်းများ ခိုးခံနေရကြောင်း စုံစမ်းသိရှိရသည်။ ဘန်းယဉ်ကျေးရွာအုပ်စု နောင်ခွန်ကျေးရွာတွင် ယခုရက်ပိုင်းအတွင်း ပြောင်းအိတ် (၄)အိတ် ကျပ်ငွေတန်ဖိုး (၇၀,၀၀၀)ကျော် ခိုးခံရပြီး၊ လွန်ခဲ့သည့် လပိုင်းတွင်လည်း ဟိုတင့်ကျေးရွာရှိ ပြောင်းအိတ်များလည်း အခိုးခံရကြောင်း ဘန်းယဉ် ပြောင်း စိုက်ပျိုးသူ...

တာချီလိတ်မြို့ ဓာတ်ဆီသူခိုးရှိလာ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် ယနေ့ (ဩဂုတ် ၂၂) ရက် နံနက် ၃ နာရီခွဲဝန်းကျင်တွင် ကုန်စုံဆိုင်တစ်ခု၌ ဓာတ်ဆီခိုးခံရကြောင်း စုံစမ်းသိရသည်။ “ကျမ တို့ ဝန်းထဲကိုဝင်လာတာ (၅) မိနစ်ပဲကြာတယ်။ တစ်ယောက်ထဲလာတာ။ ခြံဝန်းကိုသော့ခတ်ထားတယ်။ သူခုန်လာပြီးတော့ ဓာတ်ဆီပုံးတစ်ပုံးလာခိုးသွားတာ။ ကျမအသံကြားလို့ ထကြည့်လိုက်တော့...

တောင်ကြီးမြို့ပေါ်ရှိ ကားဂိတ်များ အေးသာယာပြောင်းရွေ့ခိုင်း

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ ကားဂိတ်များကို အေးသာယာမြို့ ကားလေးကွင်းဂိတ်သို့ သြဂုတ် ၂၈ ရက် နောက်ဆုံးထားပြောင်းရွေ့ရမည်ဟု အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် က ညွှန်ကြားလိုက်ကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ပေါ်ရှိ လိုင်းကားများကို အေးသာယာမြို့ ကားလေးကွင်းမှာ လက်ရှိ ဆောက်လုပ်ပြီးသော ဆိုင်ခန်းသစ်သို့ သြဂုတ် ၂၈ ရက်နောက်ဆုံးထား ပြောင်းရွှေ့ရမည်ဟု...

Latest news