ဆီဆိုင်မြို့နယ် ဆန်ရောင်းဝယ်သူများကို မူလဆန်ပေါက်ဈေးထက် လျော့ပြီးရောင်းရမည်ဟု စစ်ကောင်စီ ဖိအားပေး

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်ရှိ ဆန်ရောင်းဝယ်ရေး လုပ်ကိုင်သူများ မူလဆန်ပေါက်ဈေးထက် လျော့ပြီးရောင်းရမည်ဟု စစ်ကောင်စီက ဖိအားပေးနေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် သြဂုတ်လ နောက်ဆုံးပတ်မှစပြီး ဆီဆိုင်မြို့နယ်အတွင်း ဆန်ရောင်းဝယ်ရေး ပွဲစားများနှင့် ဆန်စက်ပိုင်ရှင်များကို အစည်းအဝေးခေါ်ယူပြီး ဆန်ဈေးနှုန်း တည်ငြိမ်နိုင်ရေးအတွက် မူလပေါက်ဈေးရှိ ဆန်ဈေးနှုန်းကိုထပ်လျော့ပြီး ရောင်းချပေးရမည်ဖြစ်ကြောင်း ညွှန်ကြားခဲ့သည်။

Photo – Credit ( စပါးခင်း)

ဉပမာအားဖြင့် ဆန် တစ်ပြည်ကို ကျပ်ငွေ ၃,၅၀၀ ကျော် ရှိပါက စစ်ကောင်စီမှ သတ်မှတ်ထားသည့် ဆန်ဈေးနှုန်းအတိုင်း တစ်ပြည်လျှင် ကျပ်ငွေ ၂,၅၀၀ အောက် ဈေးနှုန်းလျော့ပြီး ရောင်းချရမည်ဖြစ်ကြောင်း ပုံးအင်းဆန်စက်ပိုင်ရှင် တစ်ဦးက ပြောသည်။

“ ဆန်ဈေးနှုန်း တည်ငြိမ်နိုင်ဖို့အတွက် မြို့နယ်ဆန်စက်အသင်း ဉက္ကဌကနေ ဦးဆောင်ပြီး ဆန်တွေကို ပေါက်ဈေး ထပ်လျော့ပြီး ရောင်းချပေးမယ်လို့ ပြောတယ်။ တခြားကုန်ပစ္စည်းတွေ မလျော့ဘဲ ဆန်ဈေးတစ်မျိုးကို လျော့လို့တော့ အဆင်မပြေပါဘူး “ ဟု ၎င်း ဆန်စက်ပိုင်ရှင် က ပြောသည်။

လက်ရှိ ကုန်ဈေးနှုန်း အစစအရာရာ အဆမတန်မြှင့်တက်နေသည့် ကာလအတွင်း စစ်ကောင်စီသည် ဆန်ဈေးနှုန်း ထိန်းချုပ်နိုင်ဖို့ ကြိုးစားရာ ဆန်ရောင်းဝယ်သူများအပေါ် ဖိအားပေးလာခြင်းဖြစ်ကြောင်း၊ ထိုသို့ မလိုက်နာပါက ရဲတပ်ဖွဲ့များကို အာဏာပေးပြီး ဆန်စက်များကို နိုင်ငံတော် အာဏာပိုင်အဖြစ် သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ခဲ့သည်။

အလားတူ ဆီဆိုင်မြို့နယ်အတွင်း ဆန်စက်ပိုင်ရှင်များအား ရန်ပုံငွေအတွက်ဆိုပြီး ဆန်စက်တစ်ရုံကို ကျပ်ငွေ ၃ သောင်းပေးဖို့အတွက် ညွှန်ကြားခဲ့သေးသည်။

ပုံးအင်းဒေသ ဆန်၊ စပါး ရောင်းဝယ်လုပ်ကိုင်သူ အမျိုးသားတစ်ဦးက “ ဆန်က အရင်နှစ်တွေထက်ဈေးတက် လာတယ်လို့ ပြောချင်တာပေါ့။ ဒါပေမယ့် ငွေတန်ဖိုးနဲ့ ပြန်တွက်ရင် ဆန်ဈေးက မတက်ဘူး။ ကျနော်တို့ တောင်သူတွေလည်း လယ်လုပ်ဖို့ စရိတ်အများကြီး ကုန်ကျသေးတယ်။ ဈေးရလာတော့မှ ဈေးနှုန်းတက်တယ်လို့ ပြောလို့မရဘူးလေ “ ဟု ၎င်းက ဆိုပြန်သည်။

ထို့ပြင် ဆန်စပါးများကို နယ်ကျော်သယ်ယူရောင်းချမည်ဆိုပါက စစ်ကောင်စီ၏ ဌာနဆိုင်ရာများထံ သတင်းပေးပို့ရမည်ဖြစ်ပြီး၊ ဌာနဆိုင်ရာ၏ ခွင့်ပြုချက် ပါမှသာလျှင် နယ်ကျော်ရောင်းချခွင့်ရှိသည်ဟုလည်း ဆန်ရောင်းဝယ်ရေးလုပ်နေသည့် တောင်ကြီးမြို့မှ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ဆန်က ပြည်တွင်းစားဖို့တောင်မှ နယ်ကျော်သယ်ခွင့်မပြုဘူး။ ပြည်နယ်လက်မှတ်ပါမှ သယ်လို့ရမယ်တဲ့။ အခု ကျနော်တို့ သာမာန်ပြည်သူတွေ သယ်ခွင့်မရဘူး။ သက်ဆိုင်ရာ လူကြီးတွေရဲ့ ဆက်စပ်သူတွေပဲ လုပ်စားနေကြတာ။” ဟု တောင်ကြီး ဆန်ကုန်သည် စိုင်းစိုင်း (အမည်လွှဲ) က ပြောသည်။

နယ်ကျော်ဆန်စပါး သယ်ယူမည်ဆိုပါက သက်ဆိုင်ရာ၏ လက်မှတ်ပါ စာရွက်ရှိမှသာလျှင် သယ်ဆောင်နိုင်ကြောင်း၊ ထိုမှမဟုတ်ပါက ဆန်စပါးများကို သိမ်းဆည်းနိုင်ကြောင်းလည်း စိုင်းစိုင်း (အမည်လွှဲ) က ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် စစ်ရေးပဋိပက္ခများနှင့် နိုင်ငံရေး အခြေအနေမတည်ငြိမ်သည့်အပြင် ကုန်စျေးနှုန်းများလည်း တရိပ်ရိပ်မြှင့်တက်လာမှုကြောင့် ယခင်လယ်ယာလုပ်ကိုင်သည့် ဒေသအတွင်း လယ်ယာ မလုပ်နိုင်တော့ရာမှ ဆန်၊ စပါး အထွက်နှုန်း လျော့နည်းပြီး၊ သျှမ်းပြည်လယ်ယာ စိုက်ပျိုးရေး လုပ်ဆောင်သူများသည် တိုင်းတပါးကို ထွက်ခွာပြီး အလုပ်လုပ်ကိုင်နေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...