Tuesday, January 27, 2026

အိမ်ရှင်မရဲ့ မေတ္တာကိုခံယူချင်တဲ့ စစ်ကောင်စီ

နေရောင်အပူရှိန် ကို အံတုပြီး ကလေးရော ၊ လူကြီးတွေပါ လက်ထဲမှာ ဗူးကိုယ်စီကိုင်ဆောင်ထားကာ အပြေးအလွှား အလုအယက် တန်းစီစောင့်ဆိုင်းနေကြပါတယ်။ အဲ့ဒီလူတွေဟာ စားအုန်းဆီ တစ်ပိဿ ရဖို့အတွက် တန်းစီ စောင့်နေကြသူတွေပါ။

.

အဲ့သူတွေဟာ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မစျေးထဲက ဆီရောင်းချနေတဲ့ ဆီဆိုင်တစ်ဆိုင်က စားအုန်းဆီ ကို တစ်ပိဿ မြန်မာကျပ်ငွေ ၅၀၀၀ ကျပ် နဲ့ ရောင်းချနေတယ်ဆိုတဲ့ သတင်းကြောင့် အလုအယက် လာရောက်ဝယ်ယူနေခြင်းဖြစ်ပါတယ်။

Photo – Nay Myo ( လားရှိုး မြို့မစျေးတွင် ဆီဝယ်ရန် တန်းစီစောင့်ဆိုင်းနေတဲ့ပုံ)

“ကျမတို့ မနက် ၇ နာရီကတည်းက ရောက်လာတာပါ။ ကျမ ရောက်လာတဲ့အချိန်မှာ လူတော်တော်များများက တန်းစီနေပြီ။ အပြင်မှာက တစ်ပိဿကို ကျပ်တစ်သောင်းကျော် ရှိတယ်။ ဒီလိုကာလမှာတော့ စျေးသက်သာတာကိုပဲ ရွေးရမှာ” လို့ လားရှိုးမြို့မစျေးထဲ ဆီတစ်ပိဿ ရဖို့အတွက် တန်းစီစောင့်ဆိုင်းနေတဲ့ အသက် ၄၀ ကျော် အမျိုးသမီး တစ်ဦးက ပြောပါတယ်။

စားအုန်းဆီ တစ်ပိဿ ရရှိဖို့အတွက် စောင့်ဆိုင်းနေသူမှာ ရာချီရှိပြီး၊ တချို့ကလည်း အလှည့်ကျော်တာရှိသလို တချို့ကလည်း တစ်မိသားစုထဲ ၂ ယောက်၊ ၃ ယောက် လာရောက် တန်းစီကြတာတွေလည်းရှိကြောင်း သူမ က ပြောပြပါတယ်။

“မိသားစုလိုက်လာပြီး တန်းစီတာရှိတယ်။ ကလေးတွေကစ လာပြီး တန်းစီယူကြတယ်။ မသိရင် အလကားပေးနေသလိုပဲ” လို့ အသက် ၄၀ အရွယ် အမျိုးသမီးက ဆိုပြန်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝှမ်းမှာ အဆမတန်မြင့်တက်လာတဲ့ ကုန်စျေးနှုန်းတွေနဲ့ စားအုန်းဆီစျေးနှုန်းကို စစ်ကောင်စီက ထိန်းချုပ်ရန် အတွက် ကုန်စျေးနှုန်း တည်ငြိမ်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။ အဲ့ကော်မတီရဲ့ ပထမအကြိမ် အစည်းအဝေး အပြီးမှာ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင် အသင်း (UMFCCI) မှ ဆန် နဲ့ ဆီစျေးနှုန်း ကို သတ်မှတ်စျေးနဲ့ ရောင်းချရန် ထုတ်ပြန်ခဲ့ပါတယ်။

Photo – Nay Myo ( ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ထုတ်ပြန်ချက်)

စစ်ကောင်စီ က အခု စက်တင်ဘာ ၁၀ ရက်ကနေ စပြီး စက်တင်ဘာ ၁၅ ရက်အထိ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်အသင်းတွေကို ဖိအားပေးကာ စားသုံးဆီကို စျေးလျော့ရောင်းချပေးဖို့ ညွှန်ကြားခဲ့ပါတယ်။

စစ်ကောင်စီက စားသုံးဆီ စျေးကွက်ကို ဝင်ရောက် ထိန်းချုပ်လိုက်တဲ့ သြဂုတ်လကုန်ပိုင်း မှ စပြီး ယခု စက်တင်ဘာလအထိ ရည်ညွှန်းစျေးကို တစ်ပိဿ ကျပ် ၄၄၀၀ ကျပ်နဲ့ စျေးသတ်မှတ်ခဲ့ပါတယ်။ ဒါ့အပြင် အဆင့်ဆင့် လက်လွှဲရောင်းချပါက အမြတ်ငွေ တစ်ဆယ်ရာခိုင်နှုန်း ထက် ပိုမယူဖို့လည်း သတ်မှတ်ထားခဲ့ပါသေးတယ်။

မြန်မာနိုင်ငံဟာ ခေတ်အဆက်ဆက်က “ဆီအိုကြီး” လို့ သတ်မှတ်ခဲ့ပြီး ဟင်းတိုင်းကို ဆီအနှစ်ပြည့်နေအောင်ချက်ပြုတ် ခဲ့ရာမှ အခုစစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စားသုံးဆီ စျေးနှုန်း အဆမတန် မြှင့်တက်မှုကြောင့် ဆီတောင် မစားနိုင်တော့တဲ့ အဆင့်ပါပဲ။

“ဆီစျေးတွေက ခေါင်ခိုက်နေတာပဲ။ ကျမဆိုရင် ရေလုံပြုတ်ပဲ စားရတော့မယ့်အဆင့်၊ အခုလို လျော့စျေးနဲ့ရောင်းတော့ ရသလောက်တော့ ဝယ်သိမ်းထားရမယ်” လို့ စားသုံးဆီ သွားရောက်တန်းစီခဲ့တဲ့ အမျိုးသမီးက ပြောပါတယ်။

ဒါ့အပြင် ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်အသင်းမှ စျေးလျော့ရောင်းချမယ့် စားသုံးဆီဟာ အကန့်အသတ်နဲ့သာ ရောင်းချနေပါတယ်။

“လာတန်းစီတိုင်း အားလုံးနီးပါး ဆီတစ်ယောက် တစ်ပိဿရတာတော့ မဟုတ်ဘူး။ သူတို့က အကန့်အသတ်နဲ့ ရောင်းချနေတာ။ တချို့ဆိုရင် မရသွားတာရှိတယ်” လို့ အသက် ၄၀ အရွယ်ရှိ အမျိုးသမီးက သူကြုံတွေ့ခဲ့တာကို ပြောပြပါတယ်။

Photo – Nay Myo ( ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ထုတ်ပြန်ချက်)

အလားတူ သြဂုတ်လဆန်းပိုင်းတုန်းကလည်း သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် အောင်ပန်းမြို့မှာ စားအုန်းဆီ တစ်ပိဿ ကျပ် ၄၁၀၀ ကျပ်နဲ့ ရောင်းချခဲ့ပြီး တိုးမပေါက်အောင် တန်းစီစောင့်ဆိုင်းဝယ်ယူခဲ့ကြောင်း အောင်ပန်းမြို့ ဒေသခံ အိမ်ရှင်မများက ပြောပါတယ်။

“ဆီကတော့ စျေးပေါလို့ ဆိုပြီး လူတွေ တိုးနေတာပဲ။ ဘာဆီလည်းတော့ မသိဘူး။ အပြင်စျေးနဲ့ အရမ်းကွာတယ်။ ဆီသန့်၊ မသန့်တော့ ကျမလည်း မသိဘူး” လို့ အောင်ပန်းမြို့ အိမ်ရှင်မ တစ်ဦးက ပြောပါတယ်။

အရင်တွင် တစ်ဦးလျှင် ၂ ပိဿ ရောင်းချပေးခဲ့ရာမှ လက်ရှိမှာ တစ်ဦးလျှင် တစ်ပိဿသာ ရောင်းချနေကြောင်း၊ စားသုံးဆီ လာရောင်းချပေးတဲ့ကားမှာလည်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့် လုပ်ငန်းရှင်များအသင်းလို့ ဗွီနိုင်း ကပ်ထားကြောင်း အောင်ပန်းမြို့ အိမ်ရှင်မ က ပြောပြပါတယ်။

လက်ရှိ စျေးထဲတွင်ရောင်းချနေတဲ့ စားသုံးဆီများဟာ ကျန်းမာရေးနဲ့ ညီညွတ်မှု ရှိ၊မရှိ မသိကြောင်း၊ လာရောက် တန်းစီဝယ်ယူသူ အများစုဟာ အခြေခံလူတန်းစားများဖြစ်ကြောင်းလည်း လားရှိုးမြို့ခံ စိုင်းဖ က ဆိုပြန်ပါတယ်။

Photo – Nay Myo ( လားရှိုး မြို့မစျေးတွင် ဆီဝယ်ရန် တန်းစီစောင့်ဆိုင်းနေတဲ့ပုံ)

“ ကျနော်တို့ အိမ်ကတော့ သွားတန်းမစီဘူး။ သွားတန်းစီယူတဲ့ သူအများစုက အခြေခံ လူတန်းစားများတယ်။ ရောင်းနေတဲ့ဆီက ဘာဆီတွေမှန်း မသိဘူး” လို့ စိုင်းဖ က ထပ်လောင်းပြောပါတယ်။

လက်ရှိ စစ်ကောင်စီ မှ စားသုံးဆီ ဝင်ရောက်ထိန်းချုပ်နေတာဟာ အခြေခံလူတန်းစားတွေရဲ့ အားပေးထောက်ခံမှုကို လိုလားခြင်း၊ ပြည်သူတွေကို စစ်ကောင်စီ လက်ခံလာအောင် ပြုလုပ်နေခြင်းသာ ဖြစ်ကြောင်းလည်း သျှမ်းမြောက် လားရှိုး ပြည်သူတွေက ထောက်ပြပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေး ထိုးကျလာခြင်း၊ ကုန်စျေးနှုန်း မြှင့်တက်လာခြင်းဟာ အဓိက တရားခံက စစ်ကောင်စီသာ ဖြစ်ကြောင်း၊ စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲကြောင့် အခုလိုမြန်မာပြည်ကြီး ကမောက်ကမ ဖြစ်လာရကြောင်း လားရှိုးမြို့ အိမ်ရှင်မ တစ်ဦးက ဆိုပြန်ပါတယ်။

“ ကုန်စျေးနှုန်းမြင့်တက်တာကလည်း စစ်အာဏာသိမ်းတာလေ၊ အခုမှ ပြည်သူမေတ္တာခံယူချင်လို့ ဆီကို စျေးလျော့ရောင်း နေတာ၊ ပြည်သူကို တကယ်ချစ်ရင် စစ်တပ်က အာဏာသိမ်းတာ မလုပ်သင့်ဘူး” လို့ သူမက ဖြည့်စွက်ပြောပါတယ်။

Photo – Nay Myo ( လားရှိုး မြို့မစျေးတွင် ဆီဝယ်ရန် တန်းစီစောင့်ဆိုင်းနေတဲ့ပုံ)

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံ ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကာလ အခြေအနေကို ပြန်ရောက်ရှိသွားကြောင်း၊ စက်သုံးဆီကို တန်းစီဝယ်ရသလို အခုလည်း စားသုံးဆီကို တခါပြန် တန်းစီဝယ်စားနေရတဲ့အထိရှိလာတဲ့အတွက် အိမ်ရှင်မတွေက အဖက်ဖက်က စိုးရိမ်ပူပန်မှုတွေနဲ့ နေထိုင်နေရပါတယ်။

မြန်မာနိုင်ငံဟာ ပြည်ပနိုင်ငံအသီးသီးရဲ့ တင်သွင်းနေတဲ့ သွင်းကုန်ကိုသာ အဓိက အားထားနေရတဲ့ အခြေအနေကြောင့် မြန်မာကျပ်ငွေ စျေးကျဆင်းပြီး နိုင်ငံခြားငွေ မြှင့်တက်လာပါက ကုန်စျေးနှုန်းလည်း တရိပ်ရိပ်မြှင့်တက်လာမှာဖြစ်ပါတယ်။

ဒါကြောင့် အိမ်ရှင်မတွေဟာ မီးဖိုချောင်သုံးပစ္စည်းတွေကို စျေးသက်သာတာကို သွားရောက်ဝယ်ယူ စုဆောင်းတာ ပြုလုပ်လာရပါတယ်။

“ကျမ ပြောချင်တာတော့ စစ်ကောင်စီ ဘယ်လောက်ပဲ ဆီစျေးလျော့ရောင်းနေပါစေ အာဏာရှင်က အာဏာရှင်ပါပဲ။ ပြည်သူတွေကို တကယ်ချစ်ရင် အာဏာလွှဲပါ။ နိုင်ငံတည်ငြိမ်ဖို့က စစ်တပ်အာဏာလွှဲဖို့ပါပဲ” လို့ လားရှိုးအိမ်ရှင်မ က ထောက်ပြ ပြောဆိုလိုက်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...