တရုတ်သို့ ဝင်မည့်သူများကို မူဆယ်မြို့ရှိ ဂိတ်တွင် တစ်နေ့လျှင် တိုကင်နံပတ် ၂၀၀ ထိသာ ပြုလုပ်ပေးနေ

မြန်မာ – တရုတ်နယ်စပ် မူဆယ်မြို့ရှိ ဂိတ်တွင် တစ်ခါသုံးကတ် ပြုလုပ်သူများအတွက် တစ်ရက်လျှင် တိုကင်နံပတ် ၂၀၀ အထိသာ ပြုလုပ်ပေးနေကြောင်း စုံစမ်းသိရသည်။

.

တရုတ်ပြည်ဝင်ဖို့ နှစ်နိုင်ငံ ဝင်ထွက်ခွင့် တစ်ခါသုံးကတ် TBP ကို မူဆယ်မြို့ရှိ နန်းတော်ဂိတ် နှင့် ဆင်ဖြူဂိတ်တွင် ပြုလုပ်သူ များပြားလာသည့်အတွက် တစ်ရက်လျှင် တိုကင်နံပတ် ၂၀၀ အထိသာ ပြုလုပ်ပေးတော့မည်ဖြစ်ကြောင်း မူဆယ်မြို့ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

“လွန်ခဲ့တဲ့ ၂ ရက်၊ ၃ ရက်လောက်ကစပြီး တိုကင်နံပတ်ပဲ လုပ်ပေးတော့တယ်။ ဂိတ်မှာလုပ်မယ့် လူတွေကအရမ်းများလို့လေ။ တစ်နေ့ကို တိုကင်နံပတ် ၁ ကနေ ၂၀၀ အထိပဲ လက်ခံပြီး လုပ်ပေးတော့တယ် “ ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ တိုကင်နံပတ်ရရန်အတွက် တာဝန်ရှိသူ လ.ဝ.က ထံ ကျပ်ငွေ ၁ သောင်းမှ ၁ သိန်းကျော်အထိ ပေးပြီး နေရာဝယ်ယူရကြောင်း သိရသည်။

“ နံနက် ၂ နာရီကတည်းက ထပြီးတော့ သွားတန်းစီရတာ။ နေ့လယ် ၂ နာရီမှဝင်ရတယ်။ အဲ့ဒါတောင် နေရာကို ကျပ် ၁ သောင်းပေးပြီး ဝယ်ရသေးတယ်။ ရှေ့ကို ရောက်ချင်သလောက် လ.ဝ.က ကိုပိုက်ဆံပေးပြီး ဝယ်ရတာ “ ဟု သွားရောက်တန်းစီခဲ့သည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ကိုဗစ် – ၁၉ ရောဂါဖြစ်ပွားမှုကြောင့် ပိတ်ထားသည့် တရုတ်နယ်စပ်ဂိတ်များကို ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်မှ ၁၂ ရက်အထိ ပြန်လည်ဖွင့်လှစ်ခဲ့ရာ တစ်ခါသုံးကတ် TBP သွားရောက်လုပ်ကိုင်သူများ နေ့စဉ်နီးပါး စည်ကားနေလျက်ရှိသည်။

ထိုသို့ သွားရောက်လုပ်ကိုင်သူများသည် တရုတ်ပြည်အတွင်း သွားရောက်လုပ်ကိုင်သူများ ဖြစ်ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ချင်းရွှေဟော်နယ်စပ်တွင် ဂိတ်သစ် တိုးချဲ့နေ

0
ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားသည့် ချင်းရွှေဟော်မြို့တွင် တရုတ်-မြန်မာ နယ်စပ်ဂိတ်ဟောင်းကို ပြန်လည်ပြုပြင်ချဲ့ထွင်နေပြီး ဂိတ်သစ်တစ်ခုကိုလည်း မကြာမီဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဂိတ်ဟောင်းကို ကုန်တင်ကားကြီးများ အဆင်ပြေစွာ သွားလာနိုင်ရန် ကွင်းပြင်ပုံစံ တိုးချဲ့နေပြီး ခြံစည်းရိုးအသစ်များကိုလည်း ပြန်လည်တည်ဆောက်နေကြောင်း “ဝ”ဒေသတွင်း မီဒီယာတစ်ခုဖြစ်သော Wa News Land...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

“တရုတ်မယားအဖြစ် ရောင်းစားခံရမှုက မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကို ခြိမ်းခြောက်လာနေပြီ”

0
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း လူကုန်ကူးမှုပုံစံသည် နယ်စပ်ဂိတ်များ ပိတ်သွားခြင်းကြောင့် တရားမဝင် ခိုးပေါက်များနှင့် ဆိုရှယ်မီဒီယာမှတစ်ဆင့် လှည့်ဖြားသည့် နည်းလမ်းများ ပြောင်းလဲလာသည်။  အထူးသဖြင့် အသက် ၁၈ နှစ်မှ ၄၀ နှစ်ကြား အမျိုးသမီးများသည် တရုတ်မယားအဖြစ်နှင့် ကလေးမွေးရန် ကုန်စည်သဖွယ် ထပ်ခါတလဲလဲ ရောင်းစားခံနေရသည့်အပြင် ပြည်တွင်းရှိ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...