Wednesday, January 28, 2026

တရုတ်ပြည်ဝင်ရန်အတွက် တိုကင်နံပတ်ပေးသည့် နေရောပြောင်းရွှေ့

မြန်မာ – တရုတ်နယ်စပ် သျှမ်းပြည် မူဆယ်မြို့ရှိ (မူဆယ် – နမ့်ခမ်း ကုန်သည်ကြီးများအသင်းရုံး) သို့ တရုတ်ပြည်ဝင်ရန်အတွက် တိုကင်နံပတ်ပေးသည့် နေရာ ပြောင်းရွှေ့ထားကြောင်း စုံစမ်းသိရှိရသည်။

.

အဆိုပါ တိုကင်ပေးသည့်နေရာကို ယမန်နေ့ (စက်တင်ဘာ ၁၆) ရက် နံနက်ပိုင်းမှ စတင်ပြီး လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) မှ မူဆယ်- နမ့်ခမ်း ကုန်သည်ကြီးများ အသင်းရုံးသို့ ပြောင်းရွှေ့လိုက်ကြောင်း မူဆယ်ဒေသခံများက ပြောသည်။

Photo – Credit ( တိုကင်နံပတ်ရယူရန် လာရောက်စောင့်ဆိုင်းသူများ)

“အရင်က တိုကင်နံပတ် ပေးတာ မန်ဝိန်းတံခါး မှာပေးတယ်။ ခုက မူဆယ် – နမ့်ခမ်း ကုန်သည်ကြီးများအသင်းရုံးမှာ ပြောင်းလာတယ်။ သူတို့ အဲ့ဒီကို ပြောင်းရွှေ့လာတော့ တိုကင်သွားယူတဲ့ သူတွေ ၃ ထောင်လောက်မနည်း တန်းစီစောင့်နေတာ တွေ့ရတယ်။ လွယ်တိန်ခမ်း ကနေ တိုကင်နံပတ်ပေးတဲ့ နေရာထိ ကားတွေလည်း ကြပ်နေတာပဲ” ဟု မူဆယ်ဒေသခံ လူငယ်အမျိုးသားတစ်ဦး ကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ (၁၃) ရက်မှ စတင်ပြီး လူဝင်မှု ကြီးကြပ်ရေးဌာန (လဝက) မှ တိုကင်နံပတ်ပေးရန်အတွက် မန်ဝိန်းတံခါးတွင်နေရာ စီစဥ်ထားသော်လည်း လာရောက် တန်းစီသူများပြားသည့်အတွက် ယခု နေရာသို့ ပြောင်းရွှေ့လာရခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

“အရင်က သူတို့ တိုကင်နံပတ် ပေးတဲ့ မန်ဝိန်းတံခါးမှာက နေရာ ကျဥ်းပြီး လူတွေများတဲ့အတွက် သူတို့ ဒီ ကုန်သည်ကြီးများ အသင်းမှာ ပြောင်းရွှေ့လာတယ်လို့ ကျနော်တို့တော့ ထင်တယ်” ဟု မူဆယ်ဒေသခံ လူငယ်အမျိုးသား တစ်ဦးကပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက တရုတ်ပြည်ဝင်ရန်အတွက် နှစ်နိုင်ငံ ဝင်ထွက်ခွင့် တစ်ခါသုံးကတ် TBP ကို မူဆယ်မြို့ရှိ နန်းတော်ဂိတ် နှင့် ဆင်ဖြူဂိတ်တွင် ပြုလုပ်သူ များပြားလာသည့်အတွက် တစ်ရက်လျှင် တိုကင်နံပတ် ၂၀၀ အထိသာ ပြုလုပ်ပေးတော့ကြောင်း သိရသည်။

ကိုဗစ် – ၁၉ ရောဂါဖြစ်ပွားမှုကြောင့် ပိတ်ထားသည့် တရုတ်နယ်စပ်ဂိတ်များကို ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်မှစတင်ပြီး ပြန်လည်ဖွင့်လှစ်ခဲ့ရာ တစ်ခါသုံးကတ် TBP သွားရောက်လုပ်ကိုင်သူများ နေ့စဉ်နီးပါး စည်ကားနေလျက်ရှိသည်။

ထိုသို့ သွားရောက်လုပ်ကိုင်သူများသည် တရုတ်ပြည်အတွင်း သွားရောက်လုပ်ကိုင်သူများ ဖြစ်ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...