တရုတ်ပြည်ဝင်ရန်အတွက် တိုကင်နံပတ်ပေးသည့် နေရောပြောင်းရွှေ့

မြန်မာ – တရုတ်နယ်စပ် သျှမ်းပြည် မူဆယ်မြို့ရှိ (မူဆယ် – နမ့်ခမ်း ကုန်သည်ကြီးများအသင်းရုံး) သို့ တရုတ်ပြည်ဝင်ရန်အတွက် တိုကင်နံပတ်ပေးသည့် နေရာ ပြောင်းရွှေ့ထားကြောင်း စုံစမ်းသိရှိရသည်။

.

အဆိုပါ တိုကင်ပေးသည့်နေရာကို ယမန်နေ့ (စက်တင်ဘာ ၁၆) ရက် နံနက်ပိုင်းမှ စတင်ပြီး လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) မှ မူဆယ်- နမ့်ခမ်း ကုန်သည်ကြီးများ အသင်းရုံးသို့ ပြောင်းရွှေ့လိုက်ကြောင်း မူဆယ်ဒေသခံများက ပြောသည်။

Photo – Credit ( တိုကင်နံပတ်ရယူရန် လာရောက်စောင့်ဆိုင်းသူများ)

“အရင်က တိုကင်နံပတ် ပေးတာ မန်ဝိန်းတံခါး မှာပေးတယ်။ ခုက မူဆယ် – နမ့်ခမ်း ကုန်သည်ကြီးများအသင်းရုံးမှာ ပြောင်းလာတယ်။ သူတို့ အဲ့ဒီကို ပြောင်းရွှေ့လာတော့ တိုကင်သွားယူတဲ့ သူတွေ ၃ ထောင်လောက်မနည်း တန်းစီစောင့်နေတာ တွေ့ရတယ်။ လွယ်တိန်ခမ်း ကနေ တိုကင်နံပတ်ပေးတဲ့ နေရာထိ ကားတွေလည်း ကြပ်နေတာပဲ” ဟု မူဆယ်ဒေသခံ လူငယ်အမျိုးသားတစ်ဦး ကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ (၁၃) ရက်မှ စတင်ပြီး လူဝင်မှု ကြီးကြပ်ရေးဌာန (လဝက) မှ တိုကင်နံပတ်ပေးရန်အတွက် မန်ဝိန်းတံခါးတွင်နေရာ စီစဥ်ထားသော်လည်း လာရောက် တန်းစီသူများပြားသည့်အတွက် ယခု နေရာသို့ ပြောင်းရွှေ့လာရခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

“အရင်က သူတို့ တိုကင်နံပတ် ပေးတဲ့ မန်ဝိန်းတံခါးမှာက နေရာ ကျဥ်းပြီး လူတွေများတဲ့အတွက် သူတို့ ဒီ ကုန်သည်ကြီးများ အသင်းမှာ ပြောင်းရွှေ့လာတယ်လို့ ကျနော်တို့တော့ ထင်တယ်” ဟု မူဆယ်ဒေသခံ လူငယ်အမျိုးသား တစ်ဦးကပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက တရုတ်ပြည်ဝင်ရန်အတွက် နှစ်နိုင်ငံ ဝင်ထွက်ခွင့် တစ်ခါသုံးကတ် TBP ကို မူဆယ်မြို့ရှိ နန်းတော်ဂိတ် နှင့် ဆင်ဖြူဂိတ်တွင် ပြုလုပ်သူ များပြားလာသည့်အတွက် တစ်ရက်လျှင် တိုကင်နံပတ် ၂၀၀ အထိသာ ပြုလုပ်ပေးတော့ကြောင်း သိရသည်။

ကိုဗစ် – ၁၉ ရောဂါဖြစ်ပွားမှုကြောင့် ပိတ်ထားသည့် တရုတ်နယ်စပ်ဂိတ်များကို ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်မှစတင်ပြီး ပြန်လည်ဖွင့်လှစ်ခဲ့ရာ တစ်ခါသုံးကတ် TBP သွားရောက်လုပ်ကိုင်သူများ နေ့စဉ်နီးပါး စည်ကားနေလျက်ရှိသည်။

ထိုသို့ သွားရောက်လုပ်ကိုင်သူများသည် တရုတ်ပြည်အတွင်း သွားရောက်လုပ်ကိုင်သူများ ဖြစ်ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...