CATEGORY
အထွေထွေ
- Cartoon
- Covid-19
- FACTCHECK
- Investigative
- Online TV
- Women and Gender
- ကျန်းမာရေး
- ငြိမ်းချမ်းရေး
- စစ်ရေး
- စီးပွားရေး
- ဆောင်းပါး
- နိုင်ငံရေး
- ပညာရေး
- ပေးစာ
- ဖျော်ဖြေရေး
- မှုခင်း
- မူးယစ်ဆေးဝါး
- မေး/ဖြေကဏ္ဍ
- ယဉ်ကျေးမှု
- ရွှေ့ပြောင်းအလုပ်သမား
- လူမှုရေး
- လူ့အခွင့်အရေး
- သတင်း
- သတင်းဆောင်းပါး
- သဘာဝပတ်ဝန်းကျင်း
- သဘာဝအရင်းအမြစ်
- သျှမ်းပြည်နယ်အစိုးရ
- အမြင်သဘောထား
- အယ်ဒီတာအာဘော်
- အာဘော်
နမ္မတူမြစ်အတွင်း ၃ လကြာပျောက်ဆုံးနေသော ကိုးရီးယားသူအား ဒုတိယအကြိမ် ရေငုပ်ရှာဖွေ
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ္မတူမြစ်အတွင်း ရေနှင့်မျောပါသော ကိုးရီးယားနိုင်ငံသူ၏ အလောင်း အား ၄င်း၏မိသားစုဝင်များတောင်းဆိုချက်အရ သီပေါမြို့ရှိနိုင်ငံရေးပါတီနှင့် ရေငုပ်ကျွမ်းကျင်ဒေသခံများ လူမှု ကူညီရေးအသင်းအဖွဲ့များက ထပ်မံရှာဖွေမှုပြုနေကြကြောင်းသိရသည်။ ပြီးခဲ့သည့်နှစ် နို၀င်ဘာလ က နမ္မတူမြစ်အတွင်း ရေနှင့်မျောပါသွားသည့် ကိုးရီးယားနိုင်ငံသူ Ms. Young Hee Heo ၏အလောင်းအား ဇန်နဝါရီလ...
ပစ်ခတ်မှုရပ်ပေးရေး သီပေါမြို့ခံ ၃၀၀၀ ကျော် လက်မှတ်ရေးထိုးကာ သျှမ်းတပ်ဖွဲ့ခေါင်းဆောင်များထံပေးပို့
ယမန်နှစ်ကတည်းက စစ်ဘေးရှောင်နေခဲ့ရသော သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကျေးလက်ဒေသခံလူထုမှာ နေရပ်ပြန်ကာ အေးချမ်းစွာနေထိုင် လုပ်ကိုင်စားသောက်နိုင်ရေးအတွက် တပ် ၂ ဖက်မှခေါင်းဆောင်များအမြန်ဆုံးတွေ့ဆုံကာအပစ်ရပ်ပေးရန် စာရေးလက်မှတ်ရေးထိုးကာ ပေးပို့ခဲ့ကြောင်းသိရသည်။ သီပေါမြို့နယ် ဆီထောက်အုပ်စုမှ ဒေသခံ ၃၀၅၄ ဦးမှာ ဇန်နဝါရီလ ၂၂ ရက်နေ့က လက်မှတ်ရေးထိုးကာ ကျားခေါင်းပါတီလွှတ်တော်ကိုယ်စားလှယ်ထံ ပေးပို့လိုက်ခြင်းဖြစ်သည်။ “သီပေါမြို့နယ် ကျားခေါင်းပါတီရုံးကိုပေးပို့ထားပါတယ်။ ...
သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် နောင်ဟီးအုပ်စု နောင်ကန်ရွာရှိ နန်းယေ့ဆိုင်ကော်ကန်တွင် မိုင်းဖုန်းဆရာတော်မိန့်တော်မူသည့် ဆုတောင်းပြည့်စေတီတော် တည်ဆောက်ရေးအတွက် မိုင်းပန်လူထုမှ အုတ်၊ သဲများသယ်ယူပို့ဆောင်ခြင်းဖြင့် ကာယကုသိုလ်ယူ နေကြကြောင်းသိရသည်။ ဇန်နဝါရီလ ၂၀ ရက်နေ့မှစတင်ကာ မိုင်းပန်ဒေသခံလူထုစုပေါင်းအင်အားဖြင့် စေတီတော်တည်ဆောက်ရေးအတွက် အုတ်၊သဲ၊ကျောက်များ ကာယကုသိုလ်ပြု သယ်နေကြခြင်းဖြစ်သည်။ “သျှမ်းနှစ်သစ်ကူးနေ့က မိုင်းဖုန်းဆရာတော် ခူးဝါးဝန်းစုမ့် နောင်နန်းယေ့ဆိုင်ကော် ရေကန်ကိုကြွပြီး...
မိုင်းလားတပ်ဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်း UWSA ခေါင်းဆောင်နှင့်တွေ့ဆုံ
အထူးဒေသ ၄ မိုင်းလားခေါင်းဆောင်နှင့်အဖွဲ့သည် နှစ်သစ်ကူးမေးမြန်းရေး ချစ်ကြည်ရင်းနှီးမှုခရီးစဉ်အဖြစ် ၀ တပ်ဖွဲ့ခေါင်းဆောင်အား ပန်ဆန်းဌာနချုပ် သို့သွားရောက်တွေ့ဆုံခဲ့ကြောင်းသိရသည်။ ဇန်နဝါရီလ ၁၅ နှင့် ၁၆ ရက်နေ့က ဥက္ကဌကြီး ဦးစိုင်းလင်း ဦးဆောင်သည့် အထူးဒေသ ၄ ကိုယ်စားလှယ်အဖွဲ့သည် UWSA ခေါင်းဆောင် ဒု- ဥက္ကဌ ဦးရှောက်မင်လျန်ဦးဆောင်သောအဖွဲ့အား...
စစ်ဘေးရှောင်နေစဉ်ရွာသားတဦး မတော်တဆထိခိုက်မှုကြောင့် သေဆုံး
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း တိုက်ပွဲကြောင့် စစ်ဘေးရှောင်သည့်ဒေသခံတဦး မတော်တဆထိခိုက်မှုဖြစ်ပွါးကာ သေဆုံးခဲ့မှုဖြစ်ပွါးခဲ့သည်။ ဇန်နဝါရီလ ၁၄ ရက်ညပိုင်းက သီပေါမြို့နယ်ခိုင်းဟျိုးရွာအနီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ခိုင်းဟျိုးရွာသားများ ဘုန်းကြီးကျောင်းသို့ ခိုလှုံရန်နေအိမ်မှထွက်ပြေးကြရာ ဒေသခံရွာသား တဦး မောင်းနှင်လာသော ဆိုင်ကယ်တစီး သစ်ပင်နှင့်တိုက်မိကာ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ နားမခေါ်ဘုန်းကြီးကျောင်းရောက် ခိုင်းဟျိုးရွာသားတဦးက - “ည ၈ နာရီအချိန်...
မြေလွှတ်မြေရိုင်းနှင့်ပတ်သက်ပြီး SNLD လွှတ်တော်ကိုယ်စားလှယ်များ လူထုနှင့်တွေ့ဆုံဆွေးနွေးဖလှယ်
ဗဟိုရုံးချုပ်မှအကြံပေးလမ်းညွှန်မှုဖြင့် ကျားခေါင်းပါတီ SNLD လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ် တိုင်းမှ ပါတီအလုပ်အမှုဆောင်များက မိမိဒေသအတွင်း ဒေသခံလူထုနှင့်တွေ့ဆုံကာ မြေလွှတ်၊မြေလပ်နှင့် မြေရိုင်းများနှင့်ပတ်သက်သည်များ ဆွေးနွေးရှင်းလင်းဖလှယ်မှုပြုခဲ့ကြကြောင်းသိရသည်။ လားရှိုးမြို့နယ် SNLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းက - "တကယ်လို့ မြေလွှတ် မြေရိုင်းတွေကို တရားဝင် လျှောက်လွှာတင် တောင်းမယ်ဆိုရင်လူထုအနေနဲ့ ဘာအခွင့်အရေးတွေရမလဲ။ တကယ်လို့...
မန္တလေးတိုင်း တိုင်းရင်းသားရေးရာဝန်ကြီးအား ပြန်လည်စီစစ်ပေးရန် SNLD တောင်းဆို
မန္တလေးတိုင်း တိုင်းရင်းသားရေးရာဝန်ကြီးအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ပြန်လည်စီစစ်ပေးပါရန် SNLD ပါတီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တိုက်တွန်းတောင်းဆိုလိုက်သည်။ မန္တလေးတိုင်း တိုင်းရင်းသားရေးရာဝန်ကြီး အတွက်ပါ၀င်ယှဉ်ပြိုင်သည့် ကျားခေါင်းပါတီက နန်းထွေးမှုံက - “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံကိုကျမတို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က စာတင်တယ်။ မန္တလေးတိုင်း သျှမ်းတိုင်းရင်းသားရေးရာဝန်ကြီးရွေးကောက်ပွဲတုန်းက သျှမ်းမဟုတ်တာတွေလာပြီး မဲပေးတာ တွေရှိတယ်။...
မိုးနဲမြို့ရှိ ရှေးဟောင်းစေတီတော်ရေရှည် တည်တံ့ ရေးအတွက် စုပေါင်းဝိုင်းဝန်းထိန်းသိမ်းရန် မိုးနဲဒေသခံလူထုစုပေါင်းပြီး ဘုရားစေတီအား ပိတ်ဖုံးနေသော ခြုံနွယ်ပေါင်းပင်များအား ရှင်းလင်းခဲ့ကြကြောင်းသိရသည်။ မိုးနဲမြို့ကျောင်းထိုင်ဆရာတော်သံဃာတော်များ၏ ထောက်ပံ့ကူညီမှု၊ မိုးနဲမြို့နယ် သျှမ်းစာပေနှင့်ယဉ်ကျေးမှုနာယက စိုင်းထွန်းအေး၊ (ယခင်) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းမောင်ကြီးတို့မှ ဦးစီးဦးဆောင်မှုဖြင့် ဒေသခံရွာသား ၂၀၀ ခန့်က ဇန်နဝါရီလ ၁၃ ရက်နေ့က...
တရားမဝင်အလုပ်သမားများအားထိုင်းအစိုးရတင်းကျပ်စစ်ဆေးသွားမည်ဟုဆို
ထိုင်းနိုင်ငံအစိုးရအနေဖြင့် ၂၀၁၈ ခုနှစ်အတွင်း တရားဥပဒေနှင့်မကိုက်ညီသော ရွှေ့ပြောင်းအလုပ်သမား ၄၀၀၀ ကျော်ကို စစ်ဆေးဖမ်းဆီးရမိကြောင်း ကြေငြာလိုက်ပြီး စာရွက်စာတမ်း မပြည့်စုံသော အလုပ်သမားများအား ငှားရမ်းသည့်အလုပ်ရှင်များအား ဆက်လက်စစ်ဆေးဖမ်းဆီး သွားမည်ဖြစ် ကြောင်း ကြေငြာလိုက်သည်။ ၂၀၁၈ ဂျူလိုင်လ ၁ ရက်နေ့မှ ၂၀၁၉ ဇန်နဝါရီလ ၂ ရက်နေ့အထိ...
မန္တလေး-မူစယ်ရထားလမ်းဖောက်လုပ်ရေး တရုတ်ကုမ္မဏီမြေနေရာ စတင်ကွင်းဆင်းမှတ်တမ်းကောက်
မန္တလေး-မူစယ် မီးရထားလမ်းဖောက်လုပ်ရေးအတွက် တရုတ်နိုင်ငံ China Railway Eryuan Engineering Group Co.,Ltd) မှ သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့တွင်အစည်းအဝေးကျင်းပကာ မြေနေရာနှင့် မြေဆီမြေသားများကိုကွင်းဆင်းစစ်ဆေး မှုပြုနေကြောင်းသိရသည်။ ကုမ္မဏီအနေဖြင့် ဇန်နဝါရီလ ၅ ရက်နေ့က မူစယ်မြို့တွင် အစိုးရတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး မြေသားများ ကွင်းဆင်းမှတ်တမ်းရယူမှုအဖွဲ့သည် ဇန်နဝါရီလ ၆...






