Wednesday, January 28, 2026

 နမ့်လန်မြို့အဝင်အထွက်ဆိုင်းဘုတ်ဖွင့်လှစ်

၇၂ နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့ မြို့အဝင်အထွက် ဆိုင်းဘုတ်အား ဖွင့်လှစ်ခြင်းအခမ်းအနားပြု လုပ်ခဲ့ကြောင်းသိရသည်။

Photo Credit to Kham Seng / မြို့အဝင်ဆိုင်းဘုတ်ဖွင့်လှစ်ပွဲ

အဆိုပါဖွင့်ပွဲသို့ ဆိုင်းဘုတ်အားတာဝန်ယူဆောက်လုပ်ပေးသည့် ကုမ္မဏီ၊ မြို့နယ်စည်ပင်သာယာ ဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးပြည့်ဖြိုးဟိန်း၊ မြို့နယ်အုပ်ချုပ်ရေးဌာန၊ မြို့မိမြို့ဖများ ဒေသခံများနှင့် သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့၊ သံဃာတော်များ တက်ရောက်ခဲ့ကြသည်။

ဆိုင်းဘုတ်ထောင်ရေးတွင်ပါဝင်ဦးဆောင်ခဲ့သူ စိုင်းဆာမ်လျန်းက – “ကျနော်တို့လုပ်ထားတဲ့ ဆိုင်းဘုတ်ကတော့တခြားမြို့ကဆိုင်းဘုတ်နဲ့မတူတာတချက်ရှိတယ်။ နမ့်လန် မြို့နာမည်ကိုစာလုံးအကြီးကြီးနဲ့ရေးထားတယ်။ ကျန်တာဘာမှမရေးဘူး။ ဥပမာ ကြိုဆိုပါ၏ ။ နှုတ်ခွန်းဆက်ပါ၏ တို့ဘာတို့ထည့်မရေးဘူး။ ရှုပ်ယှက်ခတ်ကုန်မှာစိုးလို့လေ ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

ဆိုင်းဘုတ်အား ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့ကစတင်တည်ဆောက်ခဲ့သည်။  ဆိုင်းဘုတ်ပုံစံ ၊ စာလုံးအပြင်အဆင်တို့အား အုပ်ချုပ်ရေးပိုင်းနှင့် ရပ်မိရပ်ဖများက ဆွေးနွေးသဘောတူပြီး သျှမ်းပြည်အလှ ကုမ္မဏီက ၄ လအကြာအချိန်ယူတည်ဆောက်ခဲ့ သည်။

နမ့်လန်မြို့အဝင်အထွက် ဆိုင်းဘုတ်သည် သျှမ်းစာ ၊မြန်မာစာ  နှင့်အင်္ဂလိပ်စာတို့ဖြင့်ရေးသားထားပါသည်။ ဆိုင်းဘုတ် အကျယ်က ပေ ၂၀ ပတ်လည်ရှိပြီး  အုဋ်ခုံမှာ  အလျား ၁၅ ပေ အနံ ၉ ပေရှိကြောင်း၊  ဆိုင်းဘုတ်ပြား  ၁၃ ပေကျယ်ကြောင်း၊ အမြင့်  ၁၀ ပေရှိပြီး ဆိုင်းဘုတ်အထူမှာ   ၂ ပေ ရှိကြောင်းသိရပါသည်။

မြို့အဝင် အထွက်  ဆိုင်းဘုတ် ၂ နေရာလုံးကို တရက်တည်းတပြိုင်တည်းပြုလုပ်ခဲ့ပြီး စုစုပေါင်းငွေကျပ်သိန်း ၁၀၀ ခန့် ကုန်ကျခဲ့ကြောင်းလည်းသိရပါသည်။       ( Source : Naw Seng Jai )

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်လန်မြို့သို့ စစ်မီးကူးလာမည်ကို ဒေသခံများ စိုးရိမ်၊ ကြိုတင်တိမ်းရှောင်နေကြ

0
သျှမ်းပြည် သီ‌ပေါမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး နမ့်လန်မြို့ဘက်သို့ စစ်မီးကူးလာမည်ကို ဒေသခံများ စိုးရိမ်သဖြင့် ကြိုတင် တိမ်းရှောင်နေကြကြောင်း သတင်းရရှိသည်။ ဇူလိုင်လ ၂၈ ရက် မှစတင်ပြီး နမ့်လန်မြို့ နှင့် သီပေါမြို့ကြား နောင်ကော်ကျေးရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-(၁၄၇) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA...

တအာင်းစာပါ ရွာအဝင်ဆိုင်းဘုတ် ၃ ခုကို စစ်ကောင်စီက ထပ်မံ ဖျက်ဆီး

0
သျှမ်းပြည် လားရှိုးခရိုင်၊ လားရှိုးမြို့နယ် အတွင်းရှိ ဒေသခံများ ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားသည့် တအာင်း စာပါ ရွာအဝင် ဆိုင်းဘုတ် ၃ ခုကို စစ်ကောင်စီတပ်ဖွဲ့က ထပ်မံ ဖျက်ဆီးလိုက်ကြောင်း စုံစမ်းသိရသည်။ ပုံ - ဒေသခံ (ဇွန်လ - ၁၃ ရက်နေ့တွင် စစ်ကောင်စီ...

ဒေသခံ ကိုယ်ထူကိုယ်ထ လုပ်ထားသည့် တအာင်းစာပါ ဆိုင်းဘုတ်များ စစ်ကောင်စီက ဖျက်ဆီး

0
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ဒေသခံများမှ ကိုယ်ထူကိုယ်ထ လုပ်ထားသည့် တအာင်းစာပါ ရွာဆိုင်းဘုတ်များ၊ ရွာလမ်းညွှန်ဆိုင်းဘုတ်များကို စစ်ကောင်စီက စစ်အင်အားဖြင့် လာရောက်ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၉ ရက်တွင် လားရှိုးမြို့နယ်ရှိ နောင်ယွမ်းကျေးရွာ ၊ ကောင်းခါးကျေးရွာ ၊ တောင့်တလောင် ကျေးရွာ နှင့် ဟိုပိတ်ကျေးရွာအုပ်စုရှိ...

နမ့်လန်မြို့ သစ်ကိုင်းပိ အမျိုးသားတစ်ဦး သေဆုံး အမျိုးသမီး ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့ တပေါင်းပွဲခင်းကျင်းပမည့် နေရာတွင် ယမန်နေ့(မတ် ၂၀)ရက် ညသန်းခေါင်၌ သစ်ကိုင်းကျိုးကျပြီး ပွဲခင်းတွင်အိပ်စောင့်သည့် အမျိုးသားတစ်ဦး ကိုင်းပိသေဆုံးကာ အမျိုးသမီး ၂ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းသိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (မတ် ၂၀)ရက် ညသန်းခေါင် ၁၂ ဝန်းကျင် နမ့်လန်...

ပြောင်းဖူးစက်ရုံသုံး ကျောက်မီးသွေးမှ အနံ့အသက်ဆိုးထွက်

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့ရှိ ပြောင်းဖူးစက်ရုံများတွင် အသုံးပြုသည့် ကျောက်မီးသွေးအနံ့ဆိုး ထွက်နေသည့်ဟု စုံစမ်းသိရှိရသည်။ နမ့်လန်မြို့ ကောင်းလန်းရပ်ကွက်ရှိ ပြောင်းဖူးလှော်စက် စက်ရုံတွင် ပြောင်းဖူးအခြောက်လှော်ရာ အသုံးပြုသည့် ကျောက်မီးသွေးများမှ အနံ့ဆိုး ထွက်ပေါ်သည့်အတွက် ဒေသခံများ အခက်ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။ “ကျောက်မီးသွေးတင်တဲ့ တွဲကားကြီးတွေ လာလာပို့တာတော့ တွေ့ရတယ်။ တွင်းနား ရောက်နေသလို...