Friday, April 26, 2024

သံလွင်တာဆန်းတံတားသစ်ဆောက်ဖို့် ဒေါ်အောင်ဆန်းစုကြည် ပန္နက်ချမည်

Must read

၂၀၁၉ ဖေဖေါ်ဝါရီ ၆ ရက်နေ့တွင် သျှမ်းပြည်တောင်ပိုင်း မိုင်းပန် – သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံ မြို့နှင့် ပေါင်းကူးဆက်သည့် လက်ရှိတာ့ဆန်းတံတားတစင်း အပြင် သံလွင်မြစ်ကူးမည့် နောက်ထပ် တံတားအသစ်တစင်း ထပ်မံဆောက် လုပ်နိုင်ရန် နိုင်ငံတော်အတိုင်အပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် လာရောက်ပန္နက်ချ မည်ဟုသိရ သည်။

Photo by SHAN/ လက်ရှိတာ့ဆန်းတံတား

လက်ရှိအသုံးပြုနေသည့် တာဆန်းတံတား၏ အောက်ဘက် ကပ်လျက်နေရာတွင် ထိုးမည်ဖြစ်ကြောင်း၊ တံတားဟောင်းမှ အလေးချိန် ၁၆ တန်သာခံနိုင်ကြောင်း၊ ထပ်မံတည်ဆောက်မည့် တံတားသစ်က တန်ချိန် ၆၀ အထိ လက်ခံ နိုင်မည်ဖြစ်ကြောင်းသိရသည်။

“တရုတ် – မြန်မာ – ထိုင်း ပေါင်းကာ ဆောက်လုပ်မည့် အာရှလမ်းမကြီး အတွက် ပြင်ဆင်ဖို့ဆိုတော့ ဒီတံတားက နေပြည်တော် ဗဟိုအစိုးရ ဘတ်ဂျတ်နဲ့လုပ်မှာ ၊ နိုင်ငံတော် အတိုင်အပင်ခံ ကိုယ် လာပြီး ပန္နက်ချမယ် ဒီ လာမယ့် ၆ ရက်နေ့ ”- ဟု မိုင်းပန်မြို့နယ် ပြည်နယ်အလွွှတ်တော်အမတ် စိုင်းနောင့် (ကျားဖြူပါတီအမတ်) က ပြောသည်။

လက်ရှိတာ့ဆန်းတံတား

“အရင်ကတာဆန်းရေကာတာနဲ့ တွဲပြီး ကားကူးနိုင်ဖို့ လုပ်မယ်လို့ကြားတယ်။ လူထုက တာ့ဆန်းရေ ကာတာ ကို ကန့်ကွက်တော့ အထက်ဘက် ၁၀ မိုင်ကို မိုင်းတုံရေကာတာ အမည်နဲ့ စီမံကိန်းပြောင်းသွားတာ။ အခု တံတားသစ်ထပ်လုပ်မယ် ။ အာရှလမ်းမ အဖြစ်တိုးချဲ့မယ် – ဆိုတော့ ကျနော်တို့ လူထုအတွက်တော့ တကယ့်မျှော်လင့်ချက်ပါဘဲ ” – ဟု ကုန်ကားမောင်းသူ ဒေသခံ ကားဆရာတဦးက ပြောသည်။

တန်ချိန် ၁၆ တန် လက်ခံနိုင်သည့် တာဆန်းတံတားဟောင်းသည် လက်ရှိ သျှမ်းပြည်တောင်ပိုင်း အရှေ့ပိုင်းကူးသန်းရောင်းဝယ်ရေး အတွက် အဓိကတံတားတစင်းဖြစ်သော်လည်း ၂၀၁၇ ခု အောက်တိုဘာလက သံလွင်အရှေ့ဘက်ခြမ်း ကြိုးတိုင်ကုတ်ထားရာတောင်ကုန်းပြိုကျခဲ့သောကြောင့် တံတားခံနိုင်ရည်ကျဆင်းလာသည်ဟုကြားသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article