Wednesday, January 28, 2026

တာကော်တံတားဖြတ်သန်းခ ကောက်ခံမှု ပြုလုပ်ပါက အရေးယူမည်

သျှမ်းပြည် တောင်ပိုင်းနှင့် အရှေ့ပိုင်း ကို ဆက်သွယ်သည့် သံလွင်မြစ်ကူး (တာကော်)တံတားပေါ်တွင် ဖြတ်သန်းသွားလာသည့် ယာဉ်များ အားငွေကြေး ကောက်ခံမှု ပြုလုပ်ပါက အရေးယူသွားမည် ဟု သျှမ်းပြည်နယ် လုံခြုံရေး နှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး က ပြောဆိုလိုက်သည်။

Photo Google Map/သံလွင်မြစ်ကူး (တာကော်)တံတား အား Google Map မှတွေ့ရစဉ်

အဆိုပါ ဖေဖော်ဝါရီ ၁၃ရက်နေ့ တွင် ကလောမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက် က လွှတ်တော်တွင် “ တာကော်တံတားပေါ်တွင် ဖြတ်သန်းသွားလာသော ယာဉ်များကို မည်သည့်ဌာန မှ ငွေကြေး ကောက်ခံနေပြီး မည်သည့် အတွက် ကောက်ခံ နေပါသလဲ။ အဆိုပါ ကောက်ခံမှု များကို ပြည်နယ် အစိုးရ မှ တရားဝင် ခွင့်ပြုထားခြင်း ရှိ၊မရှိ၊ ငွေကြေးကောက်ခံနေပါက ပြည်နယ်အစိုးရမှ အခွန်မည်မျှရရှိသလဲ၊ အချိန် အကန့်အသတ်ဖြင့် သွားလာခွင့်ပြုနေ ခြင်းမှာ အဘယ်ကြောင့်နည်း” ဆိုသည် မေးခွန်းကို မေးမြန်းသည်။

သျှမ်းပြည်နယ် တောင်ပိုင်း နှင့် အရှေ့ပိုင်း ကို ဆက်သွယ်ထားသည့် သံလွင်မြစ်ကူး တံတား(တာကော်) တံတားပေါ်တွင် ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် များအား တပ်ဖွဲ့၊ ဌာန ဆိုင်ရာများ မှ ငွေကြေးကောက်ခံမှု မပြုလုပ်စေရန် အထူးဂရုပြု ကြပ်မတ်သွားရန် ဌာနဆိုင်ရာတာဝန်ရှိသူများအား ညွန်ကြားထားပြီး ဖြစ်ကြောင်းနှင့် ငွေကြေး ကောက်ခံ မှု များပြုလုပ် ပါက ဥပဒေ စည်းမျဉ်း စည်းကမ်း များနှင့်အညီ အပြစ်ပေးအရေးယူဆောင်ရွက်သွားမည် ဟု သျှမ်းပြည်နယ် လုံခြံုရေး နှင့် နယ်စပ် ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး လှဦး က သျှမ်းပြည်နယ် လွှတ်တော် အစည်းအဝေး တွင် ယမန်နေ့ က ပြန်လည် ဖြေကြားခဲ့သည်။

တာကော်တံတားပေါ်တွင် ပူးပေါင်းစစ်ဆေးရေးဂိတ် ဖွင့်လှစ်ထားပြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စ်စဘက်ရေးရာလုံခြံုရေး တပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ သစ်တော ဦးစီးဌာန၊ မူးယစ်ရဲတပ်ဖွဲ့နှင့် လူကုန်ကူးမှု တပ်ဖွဲ့များ တာဝန်ထမ်းဆောင်နေကြကြောင်းသိရသည်။

အဆိုပါ တံတားသည် ယခင်တွင် လေလံစနစ်ဖြင့် တံတားအသုံးပြုခ ကောက်ခံခွင့်ပြုထားပြီး၊ အစိုးရသစ်တွင် ပွင့်လင်းမြင်သာစွာ ဖြေလျော့ သည့် အစီအစဉ် အရ ဆောက်လုပ်ရေး ဝန်ကြီး ဌာန မှ ၂၀၁၆ ခုနစ်မတ် (၃၁) ရက်မှ စတင်ကာ တံတားအသုံးပြု ခ အခမဲ့ ဖြတ်သန်းသွားလာခွင့်ပြုထားသည်။

“ တာကော်တံတား က တနေ့ကို ကားအစီးရေ ၁၀၀၀ လောက်ရှိတယ်။ ဒီနေရာ ကတံတားဖြတ်သန်းခရော၊ နောက် ဌာနဆိုင်ရာတွေကို ရော ပေးရတယ်။ သူတို့စိတ်ကြည်ရင် ဘာမှ မဖြစ်ဘူး။ စိတ်မကြည်ရင် ကားသမားတွေ ဒုက္ခရောက်တယ်” ဟု ကျိုင်းတုံ တောင်ကြီး ကားသမား ဦးစိုင်းလေး က ပြောသည်။

တာကော်တံတားသည် သျှမ်းပြည်တောင်ပိုင်းကွန်ဟိန်းမြို့ ကာလိမြို့နယ်ခွဲအတွင်း တည်ရှိပြီး သံလွင်မြစ်အား ဖြတ်သန်းသည့် တံတားတစင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းဖုန်းဆရာတော်မွေးနေ့မင်္ဂလာပွဲတော်ကို  သွားရောက် ဖူးမျှော်ကြမည့် ပြည်သူအချို့  သံလွင်မြစ်ကူး (တာကော်)တံတား ဖြတ်ခွင့်မရ

0
မိုင်းဖုန်းဆရာတော်၏ မွေးနေ့မင်္ဂလာပွဲတော်သို့ သွားရောက် ဖူးမျှော် ပူဇော်ကြမည့် ပြည်သူအချို့  သံလွင်မြစ်ကူး (တာကော်)တံတားရှိ စစ်ကောင်စီဂိတ်တွင် ဖြတ်သန်းခွင့်မရကြကြောင်း သတင်းရရှိသည်။ သျှမ်းပြည် တာချီလိတ်မြို့နယ်တွင် မိုင်းဖုန်းဆရာတော် အရှင်ဉာဏသံဝရ၏ ဝိဇာတပူဇာ မွေးနေ့ မင်္ဂလာပွဲ တော်ကို ဇန်နဝါရီလ ၁ရက်မှ ၅ ရက်နေ့အထိ ကျင့်ပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် ကျင်းပပြုလုပ်မည့် မိုင်းဖုန်းဆရာတော်၏ မွေးနေ့မင်္ဂလာ ပွဲတော်သို့ သွားရောက်  ဖူးမျှော် ပူဇော်ကြမည့် ပြည်သူအချို့သည် သံလွင်မြစ်ကူး (တာကော်)တံတားရှိ စစ်ကောင်စီဂိတ်တွင် ဖြတ်သန်းသွားလာခွင့်မရကြကြောင်း အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ သျှမ်းမြောက် က အချို့လူမျိုးကို ပေးမဖြတ်တာပေါ့။တိုက်ပွဲဖြစ်ပွားတဲ့ နယ်မြေကနေလာရင် သူတို့က စစ်ရေးဆေးဂိတ်မှာပေးမဖြတ်ဘူး။ မှတ်ပုံတင်ကြည့်ပြီးတော့ လူမျိုးကို စစ်ဆေးတာ။ သိန္နီကနေလာတဲ့ လူတွေအချို့ကလည်း မဖြတ်ရဘူး ပြန်လှည့်ရတာရှိတယ်။”ဟု အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ ယမန့်နေ့ တွင် တာကော်တံတားရှိ စစ်ဆေးရေးဂိတ်၌ ကား ၆စီး ပြန်လှည့်ရကြောင်း၊ များသောအားဖြင့် ထိုပြန်လှည့်ခံရသည့် ကားသည် တအာင်း (ပလောင်)လူမျိုးများ၏ ကားများဖြစ်ကြောင်း လည်း အသက် ၃၅နှစ်အရွယ်ရှိ အမျိုးသားက ပြောပြသည်။  “လူမျိုးတွေကြည့်ပြီးတော့ စစ်တာထင်တာ။မနေ့ကတော့ ကားတွေ ၆ စီးလောက် ပြန်လှည့် ပြန်ကြရတာ။တာအင်း ပလောင်လူမျိုးတွေက ပွဲသွားရင်သူတို့က သူတို့ဝတ်စုံ ဝတ်ပြီးတော့ သွားကြတာလေ။ တချို့ကျတော့လည်း ကျိုင်းတုံထဲမှာ ထောင်ခံစာ တစ်ဆင့်ယူရသေးတယ်လို့ပြောတယ်။”ဟု အသက် ၃၅ နှစ်ဝန်းကျင် အမျိုးသားတစ်ဦးက ဆိုသည်။ သံလွင်မြစ်ကူး တာကော်တံတားပေါ်တွင် စစ်ကောင်စီတပ်က ပူးပေါင်းစစ်ဆေးရေးဂိတ် ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ သစ်တော ဦးစီးဌာန၊ မူးယစ်ရဲတပ်ဖွဲ့နှင့် လူကုန်ကူးမှုတပ်ဖွဲ့များ တာဝန်ထမ်းဆောင်နေကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင်လည်း တာချီလိတ်မြို့နယ်တွင် ကျင်းပမည့် မိုင်းဖုန်းဆရာတော် အရှင်ဉာဏသံဝရ၏ ဝိဇာတပူဇာ မွေးနေ့မင်္ဂလာပွဲတော်ကို လာရောက်ဖူးမျှော် ပူဇော်ကြမည့် ဒကာ၊ ဒကာမ မိဘပြည်သူများ ထောက်ခံစာ ယူလာကြရန်သတိပေးထားပြီး၊ စစ်ဆေးရေးဂိတ်ရှိ သက်ဆိုင်ရာ တာဝန်ရှိသူများကို ခွင့်ပြုပေးရန် ပန်ကြားထားကြောင်း သျှမ်းပြည်အရှေ့ပိုင်း သံဃာ့နာယက ဥက္ကဋ္ဌ အရှင်ဉာဏသီရိမှ မိန့်ကြားသည်။ ယခုနှစ် ၂၀၂၅ လာမည့် ဇန်နဝါရီလ ၅ ရက်တွင် ကျရောက်မည့် မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ ၏ သက်တော် (၆၁) နှစ်မြောက် ဝိဇာတပူဇာ မွေးနေ့ပွဲကို တာချီလိတ်မြို့နယ် မိုင်းဖုန်းကျောင်းတိုက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သံလွင်မြစ်ကူး (တာကော်)တံတားရှိ စစ်ကောင်စီဂိတ် စစ်ဆေးမှုတင်းကြပ်

0
သျှမ်းပြည်တောင်ပိုင်းနှင့် အရှေ့ပိုင်းကို ဆက်သွယ်ထားသည့် သံလွင်မြစ်ကူး (တာကော်)တံတားပေါ်ရှိ စစ်ကောင်စီဂိတ်တွင် စစ်ဆေးမှု တင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ တောင်ကြီး-ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သံလွင်မြစ်ကူး တာကော်တံတား စစ်ကောင်စီဂိတ်တွင် ပြီးခဲ့သည့် ဇူလိုင်လ မှ စတင်၍ သျှမ်းပြည် မြောက်ပိုင်း စစ်ဘေးရှောင်များ၏ နိုင်ငံသားမှတ်ပုံတင်ကတ်နှင့် လူမျိုးကို အဓိက ထား၍...

ကလောမြို့နယ်အတွင်း ဆရာမ ကန်တော့ရန် ဟုဆိုပြီး ငွေကြေးကောက်ခံနေ

0
သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ရွာတော်ကျေးရွာထဲတွင် ကျောင်းအုပ်ကြီးက ဆရာကန်တော့ရန် ဟုဆိုသည့် ခေါင်းစဥ်ဖြင့် ကျောင်းသား/သူများထံ ငွေကြေးတောင်းခံနေကြောင်း သတင်းရရှိသည်။ အဆိုပါ အောက်တိုဘာလတွင် ပြုလုပ်မည့် အာစရိယ ပူဇော်ပွဲအတွက် ကျောင်းသား/သူများကို တစ်ဦးလျှင် ငွေ (၂,၀၀၀) ကျပ် တောင်းနေကြောင်း သိရသည်။ “ဆရာမကြီးက အာစရိယ ပူဇော်ကြေးဆိုပြီးတော့...

တာလေ – ကျိုင်းလပ် လမ်းပေါ် စစ်ကောင်စီ နှင့် ပြည်သူ့စစ်တို့ ပိုက်ဆံကောက်

0
သျှမ်းပြည်အရှေ့ပိုင်း တာလေ-ကျိုင်းလပ်မြို့ လမ်းတစ်ကြောတွင် စစ်ကောင်စီ နှင့် ၎င်းတို့လက်အောက်ခံ ပြည်သူ့စစ်တို့ ပူးပေါင်းပြီး ကုန်တင်ကားများကို ပိုက်ဆံ အဆမတန် ကောက်ယူနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ထိုလမ်းတစ်ကြောတွင် စစ်ကောင်စီက အာဏာသိမ်းယူပြီးနောက်ပိုင်း စစ်ကောင်စီ နှင့် နားယောင်းပြည်သူ့စစ်တို့ ပူးပေါင်ပြီး ဂိတ်များကို တိုးချဲ့ဖွင့်ကာ ကုန်တင်ကားများ၊ ဒေသခံပြည်သူများထံ ပိုက်ဆံပိုကောက်ယူနေလျက်ရှိကြောင်း...

သျှမ်းပြည် လေဆိပ်များတွင် ခရီးသွားများအပေါ် အခကြေးငွေ ပိုကောက်ခံနေ

0
  သျှမ်းပြည်နယ် အတွင်းရှိ ပြည်တွင်းလေဆိပ် များတွင် ခရီးသွားပြည်သူများထံမှ အခကြေးငွေ ကောက်ခံမှုများရှိနေကြောင်း ခရီးသွားဧည့်သည်များကပြောသည်။ သျှမ်းပြည်နယ် နယ်စပ် ဒေသ ဖြစ်သည့် တာချီလိတ် နှင့် လားရှိုး လေဆိပ်သို့ လိုက်ပါသည့် ခရီးသည် များကို လေဆိပ်တွင် အလုပ်လုပ်နေသည့် (ပြင်ပအလုပ်သမား)များက အခကြေးငွေ အပို ကောက်ခံနေကြကြောင်း...