Monday, January 26, 2026

ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါသည့် တပ်မတော်ရဟတ်ယာဉ် အရေးပေါ် ဆင်းသက်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည် စီးနင်းလိုက်ပါသည့် တပ်မတော် ရဟတ်ယာဉ် ဟိုက်ဒရောလစ်ဆီ ယိုစိမ့်မှုကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရသည်ဟုသိရသည်။

Photo Credit to Myanmar State Counsellor Office/ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့ ဖေဖော်ဝါရီ ၅ ရက်တွင် သျှမ်းပြည် အရှေ့ပိုင်း ရောက်ရှိ

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၆ ရက် ယနေ့ မွန်းလွဲပိုင်း ၂ နာရီ ခန့် တွင် သျှမ်းပြည် မိုင်းတုံမြို့မှ မိုင်းဆတ်မြို့သို့ ရဟတ်ယာဉ် ထွက်ခွာလာစဉ် ၃ မိနစ်အကြာတွင် ဟိုက်ဒရောလစ်ဆီယိုစိမ့်မှုကြောင့် အရေးပေါ် ပြန်လည်ဆင်းသက်ခဲ့ရကြောင်း လုံခြုံရေး တာဝန်ယူသည့် မိုင်းတုံ ဒေသခံ အမျိုးသားတဦးကပြောသည်။

“ ရဟတ်ယာဉ် အပေါ်တက်ပြီး ပြန်ဆင်းလာတော့ အစက ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကြောင့်လား ဆိုပြီး စိတ်ပူနေတာ။ နောက် ဟိုက်ဒရောလစ်ဆီ ယိုစိမ့်လို့ဆိုပြီး ဆင်းလာတော့ သိလိုက်ရတယ်။ အရမ်းအမြင့် မပျံသေးလို့ တော်သေးတယ်” ဟု ၎င်း လုံခြံုရေး တာဝန်ယူသည့် သူက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါသည့် တပ်မတော် ရဟတ်ယာဉ် အမှတ် ၁ သည် ဟိုက်ဒရောလစ်ဆီ ယိုစိမ့်မှုကြောင့် ပြန်ဆင်း လာပြီး၊ တပ်မတော်အမှတ် ၂ ရဟတ်ယာဉ်ကို ပြောင်းစီးကာ မိုင်းဆတ်မြို့သို့ ခရီးဆက်ခဲ့သည်။

ယနေ့ ညနေပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် သည် သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့သို့ ခရီးဆက်မည် ဖြစ်ပြီး၊ ဖေဖော်ဝါရီ ရ ရက်နေ့ သျှမ်း အမျိုးသားနေ့တွင် တောင်ကြီးမြို့တွင် လူထုတွေ့ဆုံပွဲပြုလုပ်ပြီး မိန့်ခွန်း ပြောကြားမည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် သံလွင်မြစ်ကူးတို့ဆိပ် တာ့ဆန်းတွင် တံတားအသစ်တစင်းထပ်မံတည်ဆောက်ရန် ဖေဖော်ဝါရီလ ၆ ရက် မနက်ပိုင်းက ပန္နက် ရိုက်ခြင်း အခမ်းအနားပြုလုပ်ခဲ့သည်။ ခရီးစဉ်တွင် သူမ နှင့်အတူ သျှမ်းပြည်နယ်ဝန်ကြီးချုပ်ပါ၀င်သည့် အစိုးရအဖွဲ့ဝင် ၀န်ကြီးတချို့လည်း ပါ၀င်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် ယမန်နေ့က ကျိုင်းတုံမြို့သို့ရောက်ရှိကာ ကျိုင်းတုံ ၊မိုင်းယောင်း၊ တာချီလိတ်ဒေသခံများနှင့် တွေ့ဆုံခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဗိုလ်ချုပ်မွေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်ဆိုတဲ့သတင်းမှား

0
စစ်ကောင်စီက ဒီကနေ့ဖေဖော်ဝါရီ၊ ၁၃ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မွေးနေ့ကို ဂုဏ်ပြုတာကြောင့်ရယ်၊ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းတဲ့အခါ အထောက်အပံ့ဖြစ်စေဖို့အတွက်ရော၊ တနိုင်ငံလုံးလက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းနိုင်ဖို့ပါရည်ရွယ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ကျခံရန်ကျန်ရှိတဲ့ ပြစ်ဒဏ်အားလုံးကနေ လွှတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်ဆိုတဲ့သတင်းတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေပါတယ်။ အဲ့ဒီပျံ့နှံ့လာတဲ့သတင်းကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့နဲ့ Shan News Fact...

ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ရှိစေရန် စစ်ကောင်စီ ရည်ရွယ်ဖန်တီးနေဟု NLD ထုတ်ပြန်

0
ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ရှိစေရန် စစ်ကောင်စီက ရည်ရွယ်ဖန်တီးနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ) က ယနေ့ (စက်တင်ဘာ ၁၄) ရက် ရက်စွဲဖြင့် ထုတ်ပြန်ပြောဆိုလိုက်သည်။ . ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဥပဒေမဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခြင်းသည် ၎င်းတို့ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ကြားခံ တစ်ဦးအဖြစ် ပြန်ပေးဆွဲထားသလို လျှို့ဝှက်ထားသော...

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ကို အမှုအချို့ လွတ်ငြိမ်းချမ်းသာခွင့်ပြု

0
စစ်ကောင်စီ မှ ယနေ့ ( သြဂုတ် ၁) ရက် ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့မှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင် ဒေါ်အောင်ဆန်းစုကြည် တို့ကို အမှု အချို့ လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ကြောင်း စစ်ကောင်စီ လက်အောက်ခံ သတင်း နှင့် ပြန်ကြားရေးက ထုတ်ပြန်သည်။ . ၂၀၂၁...

ကျပ်နှစ်သောင်းတန် ငွေစက္ကူ၊ ဒေါ်အောင်ဆန်းစုကြည် ကတ်နှင့် စစ်အုပ်စု၏ အလှုပ်အခတ်

0
နိဒါန်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့၏ တွေ့ဆုံခြင်း ဆိုင်ရာ တဖက်သက်သတင်းစကားများမှ အစပြုကာ ၂၀၂၃ ခုနှစ် ဇူလိုင်လ၏ နောက်ဆုံးရက်သတ္တပတ် အတွင်း ကျပ်နှစ်သောင်းတန် ငွေစက္ကူများ ထုတ်ဖြန့်မည့်ကိစ္စ၊ တရားမဲ့ ဖမ်းဆီးခံထားရသူ ဒေါ်အောင်ဆန်းစုကြည်အား နေရာပြောင်းရွှေ့မည်ဆိုသည့် သတင်းနှင့် အာဏာသိမ်းစစ်အုပ်စုတွင်း ဆောက်တည်ရာမရ ဖြစ်နေသည့်...

ဒေါ်အောင်ဆန်းစုကြည် နှင့် ထိုင်း နိုင်ငံခြားရေးဝန်ကြီးတို့ တနာရီခွဲဝန်းကျင် တွေ့ဟု စစ်ကောင်စီ ထုတ်ပြန်

0
ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Don Pramudwinai တို့သည် ဇူလိုင် ၉ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် တနာရီခွဲနီးပါး တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ သတင်းပြန်ကြားရေး ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောဆိုလိုက်သည်။ “ထိုင်းနိုင်ငံ ရဲ့ ဒု - ဝန်ကြီးချုပ်...