သျှမ်းပြည်အရှေ့ပိုင်းဒေသခံများအား ဒေါ်အောင်ဆန်းစုကြည်ကွင်းဆင်း တွေ့ဆုံ

နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့ ဖေဖော်ဝါရီ ၅ ရက်တွင် သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်နှင့် မိုင်းယောင်း ကို ရောက်ရှိကာ ဒေသခံများနှင့်တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

Photo Credit to Myanmar State Counsellor Office/ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့ ဖေဖော်ဝါရီ ၅ ရက်တွင် သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်နှင့် မိုင်းယောင်း ကို ရောက်ရှိကာ ဒေသခံများနှင့်တွေ့ဆုံ

အဆိုပါ လူထု တွေ့ဆုံပွဲတွင် ဒေသခံများက အခက်အခဲ လိုအပ်ချက်များကို တင်ပြကြပြီး၊ တိုက်ရိုက် တိုင်ကြားစာ များကိုလည်း ဒေါ်အောင်ဆန်းစုကြည် အားပေးအပ်ခဲ့ကြောင်း သိရသည်။

တာချီလိတ် မြို့ လူထုတွေ့ဆုံပွဲကို အောင်မြတ်ခန်းမတွင် ပြုလုပ်ခဲ့ပြီး၊ ပြည်သူလူထုများက အဓိက အနေဖြင့် တာချီလိတ်ပြည်သူ့ဆေးရုံတွင် လက်ထောက်ဆရာဝန်များ ခန့်ထားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ မြေယာ ကိစ္စ နှင့် လူငယ်ရေးရာ ကိစ္စ များကို တင်ပြခဲ့ကြောင်း အဆိုပါ လူထု တွေ့ဆုံပွဲသို့ တက်ရောက်သည့် အမျိုးသား တဦး ကပြောသည်။

“လမ်းပန်းဆက်သွယ်ရေး က အစိုးရရဲ့ တာဝန်ဆိုတာ မှန်ပါတယ်။ နိုင်ငံတော် ကို အုပ်ချုပ်နေတဲ့ အစိုးရ က လမ်းပန်းဆက်သွယ်ရေး ကို တတ်နိုင်သမျှ လုပ်ပေးရမယ်။ ဒါပေမယ့် ပြည်သူပြည်သားတွေက ပါဝင်ရမယ်။ ကိုယ်အတွက် ဆောက်ထားတဲ့လမ်း မပျက်စီးရေးကို ကိုယ်ကလည်း စည်းကမ်းနဲ့ ထိမ်းသိမ်းရမယ်” ဟု နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ယနေ့ တာချီလိတ် လူထုတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

Photo Credit to Myanmar State Counsellor Office/ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့ ဖေဖော်ဝါရီ ၅ ရက်တွင် သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်နှင့် မိုင်းယောင်း ကို ရောက်ရှိကာ ဒေသခံများနှင့်တွေ့ဆုံ

ဆက်လက်ပြီး တာချီလိတ် မိုင်းဆက်လမ်းကို ရာသီမရွေး သွားလာနိုင်သည့်လမ်းဖြစ်ဖို့အတွက် ပထမ ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၁၈ ၊ ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း မိုးရွာသီတွင်သွားလာရန် ခက်ခဲသည့် နေရာများနှင့် အတက်အဆင်း မတ်စောက်သည့်နေရာများကို ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၂၀၁၉ ၂၀၂၀ ခုနစ်တွင်လည်း ရန်ပုံငွေ ပေါ်မူတည်ပြီး ဆောင်ရွက်သွားမည်ဟု အဆိုပါ လူထုတွေ့ဆုံပွဲတွင် ပြောကြား ခဲ့သည်။

“ ကတ္တရာလမ်း ဖြစ်ဖို့ ချက်ချင်း အမြန်ကြီး မလုပ်ပေးနိုင်ပါဘူး။ အဆိုးဆုံးနေရာ တွေကို စပြီး ပြင်ပေးပါမယ် ။ မိုးရာသီမှာခက်ခက်ခဲခဲ မဖြစ်အောင်လို့စပြီး ပြင်ပေးပါမယ်။ နောက်နှစ် ဘတ်ဂျက်ပိုရရင်ပိုပြင်ပေးပါမယ်။ အဲ့အတိုင်းပဲ အစိုးရ လုပ်သွားမယ်လို့ ကျမ ယုံကြည်ပါတယ်” ဒေါ်အောင်ဆန်းစုကြည် က ထပ်လောင်း ပြောကြားသည်။

သျှမ်းပြည်နယ် အတွင်းရှိ ပြည်သူလူထုများကို အစိုးရ လုပ်ဆောင်ချက်ကို ပြည်သူအားသိစေလိုပြီး ၊ ပြည်သူ့ လူ့ထု များ၏ မျှော်လင့်ချက် ၊စိုးရိမ်မှုကို သိရှိလိုပြီး၊ ပြည်သူ့အသံ နားထောင်ချင်သဖြင့် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည် သည် သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်၊ မိုင်းယောင်းအပြင် ကျိုင်းတုံ၊ မိုင်းဆတ် မြို့ သို့လည်း ဆက်လက်သွားရောက်မည်ဟု သိရသည်။

ဖေဖော်ဝါရီ ရ ရက်နေ့ သျှမ်း အမျိုးသားနေ့ တွင် သျှမ်းပြည် တောင်ကြီးမြို့တွင် လူထုတွေ့ဆုံပွဲ ထပ်မံပြုလုပ်ကာ မိန့်ခွန်းပြောကြားမည် ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ဘေးကင်းနေကြောင်း သက်သေပြရန် အာဆီယံလွှတ်တော်အမတ်များ တောင်းဆို

0
ဖိလစ်ပိုင်နိုင်ငံတွင် အစည်းအဝေး တက်ရောက်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ရောက်နေချိန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင် ဘေးကင်းနေကြောင်း သက်သေပြရန် စစ်အစိုးရအား ဖိအားပေးရေး အာဆီယံပါလီမန်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR)က အာဆီယံခေါင်းဆောင်များကို စာပေးပို့ တိုက်တွန်းလိုက်သည်။ ယမန်နေ့ (ဇူလိုင်လ ၁၀ ရက်) ရက်စွဲဖြင့် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတနှင့်...

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပြုရန် ထိုင်းတောင်းဆို၊ မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကူညီရန် ကမ်းလှမ်း

0
ထိန်းသိမ်းခံထားရသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေကို အာဆီယံအထူးသံတမန် လူကိုယ်တိုင်သွားရောက်စစ်ဆေးရန် တောင်းဆိုလိုက်ပြီး၊ မြန်မာ့ပဋိပက္ခကို ဖြေရှင်းရန် ဖြစ်လာနိုင်ခြေရှိသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပရန်နှင့် ကူညီဆောင်ရွက်ရန် ကမ်းလှမ်းလိုက်သည်။ အဆိုပါ ကမ်းလှမ်းချက်သည် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် နှင့် အာဆီယံအထူးသံတမန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ...

ဗိုလ်ချုပ်မွေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်ဆိုတဲ့သတင်းမှား

0
စစ်ကောင်စီက ဒီကနေ့ဖေဖော်ဝါရီ၊ ၁၃ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မွေးနေ့ကို ဂုဏ်ပြုတာကြောင့်ရယ်၊ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းတဲ့အခါ အထောက်အပံ့ဖြစ်စေဖို့အတွက်ရော၊ တနိုင်ငံလုံးလက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းနိုင်ဖို့ပါရည်ရွယ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ကျခံရန်ကျန်ရှိတဲ့ ပြစ်ဒဏ်အားလုံးကနေ လွှတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်ဆိုတဲ့သတင်းတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေပါတယ်။ အဲ့ဒီပျံ့နှံ့လာတဲ့သတင်းကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့နဲ့ Shan News Fact...

ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ရှိစေရန် စစ်ကောင်စီ ရည်ရွယ်ဖန်တီးနေဟု NLD ထုတ်ပြန်

0
ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ရှိစေရန် စစ်ကောင်စီက ရည်ရွယ်ဖန်တီးနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ) က ယနေ့ (စက်တင်ဘာ ၁၄) ရက် ရက်စွဲဖြင့် ထုတ်ပြန်ပြောဆိုလိုက်သည်။ . ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဥပဒေမဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခြင်းသည် ၎င်းတို့ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ကြားခံ တစ်ဦးအဖြစ် ပြန်ပေးဆွဲထားသလို လျှို့ဝှက်ထားသော...

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ကို အမှုအချို့ လွတ်ငြိမ်းချမ်းသာခွင့်ပြု

0
စစ်ကောင်စီ မှ ယနေ့ ( သြဂုတ် ၁) ရက် ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့မှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင် ဒေါ်အောင်ဆန်းစုကြည် တို့ကို အမှု အချို့ လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ကြောင်း စစ်ကောင်စီ လက်အောက်ခံ သတင်း နှင့် ပြန်ကြားရေးက ထုတ်ပြန်သည်။ . ၂၀၂၁...