CATEGORY

အထွေထွေ

သျှမ်းပြည်နယ် အတွင်း ဆုံဆို့နာကူးစက်မှုကြောင့် ကလေးငယ်သေဆုံးမှုများရှိ

သျှမ်းပြည်မြောက်ပိုင်းတွင် လတ်တလော ဆုံဆို့နာရောဂါ ဖြစ်ပွားပြီး ကူးစက်ပျံ့ပွါးမှုရှိခဲ့ရာ အသက် ၁၅ နှစ်အောက်ကလေးများ သေဆုံးမှုများရှိနေသည် ဟု သတင်းရရှိသည်။ ဆုံဆို့နာ ဖြစ်သွားသည့် ဒေသများမှာ သျှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်း အစပ်ဖြစ်သည့် ကျေးရွာများ တွင်နေထိုင်ကြသည့် လူထုများဖြစ်ကြောင်း၊ ဆုံဆို့နာ ကြောင့် ကလေး သေဆုံးမှုများဖြစ်ပွားကြောင်း...

သျှမ်းခေတ်ပေါ်တေးအဆိုတော် စိုင်းဆိုင်ဇွမ်ဖှ၏သားငယ် ပြည်နယ်အဆင့်ကွန်ပြူတာစွမ်းရည်ပြိုင်ပွဲတွင်ဆုရရှိ

ပြည်နယ်အဆင့် ကျောင်းပေါင်းစုံ ကွန်ပျူတာစွမ်းရည်ပြိုင်ပွဲတွင် သျှမ်း ခေတ်ပေါ်တေးသီချင်းအဆိုတော် စိုင်းဆိုင်ဇွမ်ဖှ၏သား ICTC ကျောင်းသား စိုင်းဆိုင်လောဝ်ဖှ အသက် ၁၂ နှစ်သည် အလယ်တန်းအဆင့် ကွန်ပြူတာ ထူးချွန်ဆုတတိယ ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။ ဇန်နဝါရီလ ၃ ရက်နေ့က လားရှိုးမြို့တွင်ကျင်းပသော ဆုချီးမြှင့်ခြင်းအခမ်းအနားတွင်တက်ရောက်ကာ ဆုဆွတ်ခူးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “သူဆုရရှိမယ်လို့ ကျနော်မထင်မိဘူး။ အခုလိုရရှိတဲ့အတွက်လည်း...

ကျင့်ဆန်းကျော့ ဂိတ်ပိတ် သစ်သီးကားများ အခက်ကြုံ

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ တရုတ်နယ်စပ်ဂိတ်ပေါက်ဖြစ်သည့် ကျင့်ဆန်းကျော့ နယ်စပ်ဂိတ် ကို လုံခြံုရေး အရ မြန်မာဘက်မှ ယနေ့ (ဒီဇင်ဘာ ၂၇ ရက်) နေ့မှ စတင်ပိတ်လိုက်သဖြင့် သစ်သီး ကုန်စည်ဒိုင်များ အခက်ကြံုနေကြောင်း သတင်းရရှိသည်။ “ ကျင့်ဆန်းကျော့ နယ်စပ်ဂိတ်ပိတ်လိုက်တော့ အသီးကားတွေ လမ်းပေါ်မှာ...

တရားမျှတမှု အတွက်ဟုဆိုကာ ပအိုဝ်းတိုင်းရင်းသားများ ဆန္ဒထုတ်ဖော်

တောင်ကြီးမြို့ ပေါ်တွင် တရားမျှတမှုအတွက် ပအိုဝ်းတိုင်းရင်းသားများ ထောင်ချီ ဆန္ဒထုတ်ဖော် ခြင်းကို ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပြုလုပ်ခဲ့ ကြောင်းသိရသည် ။ အဆိုပါဆန္ဒပြပွဲကို ဦးဆောင်ကျင်းပသူတစ်ဦးဖြစ်သည့်တိုင်းရင်းသား လူနည်းစု ဒီမိုကရေစီအဖွဲ့ မှ ဒါရိုက်တာ ခွန်ဇော်က- “ ဒီဇင်ဘာ...

၀ တပ်ဖွဲ့ဖျက်ဆီးလိုက်သည့် မိုင်းဖုန်းဆရာတော်ကျောင်းဆောင်အားပြန်ဆောက်ရန်တြိဂံတိုင်းမှူး သွားရောက်စစ်သည့်နောက် ပြန်လည်တည်ဆောက်ပေးမည်ဟု ၀တပ်ဖွဲ့ခေါင်းဆောင်ပြော

မိုင်းတုံမြို့နယ်အတွင်းရှိ မိုင်းဖုန်းဆရာတော် ဦးဉာဏသံဝရ ခူးဝါးဝန်းစုမ့် ၏ တရားဟောကျောင်း ဆောင်အား တောင်ပိုင်း ၀ တပ်ဖွဲ့ UWSA မှ ဖျက်ဆီးလိုက်သည့်နောက်ပိုင်း တြိဂံတိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်မှ သွားရောက်စစ်ဆေးကာ ကျောင်းဆောင်ပြန်လည်တည်ဆောက်ရန် ကျပ် ၅ သိန်း ကမကထ ပြုလှူဒါန်းသည့်နောက် ပြန်လည်တည်ဆောက်မည်ဟု...

မိုင်းတုံမြို့နယ်အတွင်းရှိ မိုင်းဖုန်းဆရာတော် ခူးဝါးဝန်းစုမ့်၏ တရားဟောကျောင်းဆောင်အား လက်နက်ကိုင်တပ်ဖွဲ့မှ ဖျက်ဆီး

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် အတွင်းရှိ မိုင်းဖုန်းဆရာတော် ဦးဉာဏသံဝရ (ခူးဝါးဝန်းစုမ့်) အားလှူဒါန်းထားသော မြေပေါ်တွင်ဆောက်လုပ်ထားသည့် ဆရာတော်၏ တရားဟောကျောင်းဆောင်အား ၀တပ်ဖွဲ့မှ ဖျက်သိမ်းကြောင်းသိရသည်။ ဒီဇင်ဘာလ ၁၁ ရက်နေ့မွန်းလွဲ ၂ နာရီက မိုင်းတုံမြို့နယ် ဟွေ့အော့အခြေစိုက် တောင်ပိုင်း ၀ စစ်ဒေသမှ ၀ တပ်သား အင်အား...

သျှမ်းစာပါတဲ့မြို့အဝင် အထွက်ဆိုင်းဘုတ် ကျိုင်းတုံတွင်စိုက်ထူ

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ ၂၁၁၃ ခု သျှမ်းနှစ်သစ် တရက်နေ့တုန်းက သျှမ်းစာပါတဲ့ ကျိုင်းတုံမြို့အဝင်ဆိုင်းဘုတ်ဖွင့်ပွဲ ပြုလုပ်ခဲ့ပါတယ်။ ကျိုင်းတုံမြို့မှကြိုဆိုပါ၏ ဆိုတဲ့ တိုင်းလုံ စာ ၊ တိုင်းခင် စာတွေနဲ့ရေးသားထားတဲ့ ဆိုင်းဘုတ်ကို တာချီလိတ်ဘက်ကလာတဲ့ ကျိုင်းတုံမြို့အဝင်မှာ စိုက်ထူထားပြီး ဒီဇင်ဘာလ ၈ ရက်နေ့ သျှမ်းသက္ကရာဇ် ၂၁၁၃...

မိုင်းပန်မြို့နယ်အတွင်း ကျေးလက်ရွာ ၃ ရွာအား နေရပ်အဓမ္မပြောင်းရွှေ့ခိုင်းမှုဖြစ်ပွါး

သျှမ်းပြည် တောင်ပိုင်း လင်းခေး ခရိုင် မိုင်းပန်မြို့နယ် နားမွန်ကျေးရွာ အုပ်စု အတွင်းနေထိုင်သည့် ဒေသခံများ အား ဒေသတွင်းလှုပ်ရှားနေသည့် အစိုးရတပ်မတော်နှင့် အပစ်ရပ်ထားသည့်လက်နက်ကိုင်တပ်ဖွဲ့တခုတို့မှ ပူးပေါင်းပြီး နေရပ်ပြောင်းရွှေ့ခိုင်းကြောင်း သတင်းရရှိသည်။ မြန်မာတပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တခုတို့ပူးပေါင်းပြီး ရွာပြောင်းရွှေ့ခိုင်းသည့် ကျေးရွာများမှာ နားမွန်ကျေးရွာအုပ်စု အတွင်းရှိသည့် ပန်မီကျေးရွာ၊ ဝမ်မုတ်...

လားရှိုး တပ်မတော်ထောက်ခံပွဲတွင် ပါ၀င်သူတဦးကျပ် ငါးထောင်အထိ ပါတီကြီးတခုက ပေးသည်ဟုဆို

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် တနင်္ဂနွေနေ့က တပ်မတော်ထောက်ခံပွဲ တရပ်ပြုလုပ်ခဲ့ရာ ပါ၀င်တက်ရောက်လာသူ ၁၀၀၀ ကျော်ရှိကြောင်းသိရသည်။   နို၀င်ဘာလ ၂၅ ရက် မနက်ပိုင်း ၉ နာရီက လားရှိုး၊ မိုင်းရယ်၊ သိန္နီ ၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင် အပြင် မြို့နယ်တော်တော်များများက ဒေသခံ...

တရုတ်နယ်စပ် မူစယ် – မိန့်ဝိန်းဂိတ်တွင်ကုန်ကားကြီးများဆိုးရွားစွာပိတ်ဆို့ ရိုက်နှက်မှုများဖြစ်ပွါး

သျှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် မူစယ်မြို့တွင် ကုန်ကားကြီးများအား တရုတ်အာဏာပိုင်များ တင်းကျပ်စစ်ဆေးနေသဖြင့် မန့်ဝိန်းနယ်စပ်ဂိတ်တွင် ကုန်ကား ကြီးများ ဆိုးရွားစွာ ပိတ်ဆို့မှုများဖြစ်ပွါး နေကြောင်းသိရသည်။ အဆိုပါဂိတ်ပေါက်မှ ကားတန်းများသည် မြို့ပြင်လမ်းတလျှောက် ရှည်လျားစွာ ပိတ်ဆို့နေပြီး ၀င်ထွက်သွားလာနိုင်ခြင်းမရှိသည့်အပြင် မြို့တွင်းကားငယ်များလည်းသွားလာရေးခက်ခဲနေကြောင်း၊ ကားသမားများ ရိုက်နှက်မှုဖြစ်ပွါးသည်အထိရှိနေကြောင်း သိရသည်။ ကားသမားတွေလည်း ကားမောင်းကြမ်းတာရယ် ကားလမ်းပိတ်ဆို့မှုကြောင့် တယောက်နဲ့...

Latest news