Wednesday, January 28, 2026

မိုးနဲမြို့ သက်တမ်း ၂၀၀ ကျော်ရှိ သမိုင်းဝင်စေတီတော်ရေရှည် တည်တံ့ ရေး ဒေသခံရွာသားများစုပေါင်းကာခြုံနွယ်ပိတ်ပေါင်းများအားရှင်းလင်း

မိုးနဲမြို့ရှိ ရှေးဟောင်းစေတီတော်ရေရှည် တည်တံ့ ရေးအတွက် စုပေါင်းဝိုင်းဝန်းထိန်းသိမ်းရန် မိုးနဲဒေသခံလူထုစုပေါင်းပြီး ဘုရားစေတီအား ပိတ်ဖုံးနေသော ခြုံနွယ်ပေါင်းပင်များအား ရှင်းလင်းခဲ့ကြကြောင်းသိရသည်။

Photo by Sai Mg Gyi/မိုးနဲမြို့ခံများ သက်တမ်း ၂၀၀ ကျော်ရှိသောစေတီတော်အား ခြုံနွယ်ပိတ်ပေါင်းများရှင်းလင်းနေစဉ်

မိုးနဲမြို့ကျောင်းထိုင်ဆရာတော်သံဃာတော်များ၏ ထောက်ပံ့ကူညီမှု၊ မိုးနဲမြို့နယ် သျှမ်းစာပေနှင့်ယဉ်ကျေးမှုနာယက စိုင်းထွန်းအေး၊ (ယခင်) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းမောင်ကြီးတို့မှ ဦးစီးဦးဆောင်မှုဖြင့် ဒေသခံရွာသား ၂၀၀ ခန့်က ဇန်နဝါရီလ ၁၃ ရက်နေ့က သမိုင်းဝင် ဗိုလ်မှူးမင်းသားမောင်စံစေတီပုရဝုဏ်မှ ခြုံနွယ်ပိတ်ပေါင်းများရှင်းလင်းခဲ့ကြကြောင်းသိရသည်။

Photo by Sai Mg Gyi/မိုးနဲမြို့ခံများ သက်တမ်း ၂၀၀ ကျော်ရှိသောစေတီတော်အား ခြုံနွယ်ပိတ်ပေါင်းများရှင်းလင်း

ဗိုလ်မှူးမင်းသားမောင်စံစေတီ ခြုံနွယ်ရှင်းလင်းမှုတွင် ဦးဆောင်သည့် စိုင်းမောင်ကြီးက – မိုးနဲမြို့ ဆင်တောင်ဘုရား အတက်လမ်းညာဖက်က ရှေးဟောင်းသိမ်ပုထိုး နဲ့ ဗိုလ်မှူးမင်းသားမောင်စံလှူဒါန်းထားတဲ့စေတီပုရဝုဏ်ကို ရွာသားတွေ စုပေါင်းပြီး ကာယကုသိုလ်ပြုလုပ်ခဲ့ကြပါတယ်။ ၀မ့်လွယ်လင်းနဲ့ ၀မ့်နမ့်မော်လေ ရွာ ၂ ရွာ ကရွာသား ၁၅၀ ကျော်နဲ့ တခြားရွာရယ် ကျနော်တို့ရယ်စုစုပေါင်း ၂၀၀ လောက်ရှိပါမယ်။ ဗိုလ်မှူးမောင်စံဘုရားနဲ့အနီးဝိုက်မှာရှိတဲ့ သိမ် ကြီးတွေမှာပိတ်နေတဲ့ ခြုံတွေ ပေါင်းတွေကိုရှင်းကြတာလေ။ သစ်ငုတ်ကြီးတွေ ကိုတော့ စက်ယန္တရားတွေနဲ့ရှင်းထုတ်ရပါလိမ့်မယ်။ – ဟုစိုင်းမောင်ကြီးကပြောသည်။

မိုးနဲမြို့တွင် သမိုင်းဝင် ရှေးဟောင်းစေတီပုထိုးပေါင်းများစွာရှိသဖြင့် သျှမ်းပြည်ပုဂံဟုလည်းတင်စားခေါ်ဝေါ်ခဲ့ကြသည်။

ထိုအတွက် ကမ္ဘာလှည့်ခရီးသွားများလှည့်လည်သုတေသနပြုသည့်နေရာအဖြစ်သတ်မှတ်ပေးရန်အတွင် လွှတ်တော်ကိုယ်စားလှယ်များက ကြိုးစားတောင်းဆိုနေကြသည်။

မိုးနဲမြို့ရှိ မြန်မာတပ်ရုံးကို အုပ်ချုပ်ရန် ဗိုလ်မှူးမောင်စံခေါ် ဘုရင်၏ ဆွေတော်မျိုးတော် မင်းသားကြီး နေပြည်တော်မှ မိုးနဲသို့အရောက် ၁၇၉၄ တွင် စေတီတဆူတည်ဆောက်လှူဒါန်းခဲ့ကြောင်းသိရသည်။ ယင်းစေတီကိုမင်းသားဘုရားဟုခေါ်တွင်ရာ ယနေ့တိုင် ဆင်တောင်ဘုန်းတော်ကြီးအရှေ့မြောက်ဘက်သုသာန်အသွားလမ်းအရှေ့ဘက်ကပ်လျက် တည်ရှိနေသည်ဟု ၄င်းနှင့်ပတ်သက်ပြီ မိုးနဲဘုရာသမိုင်းတွင်ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးနဲမြို့ရောက် နမ့်လန်စစ်ဘေးရှောင် ကျောင်းသား ၄၀၀ ကျော် စာမေးပွဲဖြေဆိုပြီး နေရပ်ပြန်

0
သျှမ်းပြည် မိုးနဲမြို့နယ်သို့ ရောက်ရှိနေသည့် နမ့်လန်စစ်ဘေးရှောင် ကျောင်းသားကျောင်းသူ ၄၀၀ ကျော်သည် စာမေးပွဲ ဖြေဆိုပြီးနောက် နေရပ်ပြန်မည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ယမန်နှစ် ၂၀၂၄ ဒီဇင်ဘာ လဆန်းပိုင်းက သီပေါမြို့နယ် နမ့်လန်မြို့အနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲပြင်းထန်ခဲ့ရာ လုံခြုံရေးစိုးရိမ်မှုကြောင့် မိဘများမှ ကျောင်းနေအရွယ်...

မိုးနဲမြို့နယ်အတွင်း သင်္ကြန်အကြောင်းပြချက်ဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး ပိုက်ဆံကောက်

0
သျှမ်းပြည် မိုးနဲမြို့နယ်အတွင်း သင်္ကြန်အကြောင်းပြချက်ဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပိုက်ဆံလိုက်လံ ကောက်ယူနေကြောင်း သတင်းရရှိသည်။ လက်ရှိ သင်္ကြန်ကာလအတွင်း စစ်ကောင်စီ လက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူးက မိုးနဲမြို့ လွိုင်မြေရပ်ကွက်ထဲတွင် လုပ်ငန်းရှင်များထံ ပိုက်ဆံ ကောက်ယူနေကြောင်း သိရသည်။ “ လုပ်ငန်းရှင်တွေကောက်တာ။ လုပ်ငန်းကြီးရင်တော့ ၁ သိန်းလောက်ထိ...

မိုးနဲမြို့ ရှေးဟောင်းအမွေအနှစ် စေတီ ပြန်လည်ပြုပြင်ဖို့အတွက် စေတနာရှင်များကို ဖိတ်ခေါ်နေ

0
သျှမ်းပြည် လင်းခေးခရိုင် မိုးနဲမြို့ရှိ ရှေးဟောင်းအမွေအနှစ် စေတီပြန်လည်ပြုပြင် မွမ်းမံရန် အကူအညီများ လိုအပ်နေသည့်အတွက် စေတနာရှင်များကို ဖိတ်ခေါ်နေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလမှ စတင်ကာ ရှေးဟောင်းယဥ်ကျေးမှု အမွေအနှစ်များကို မြတ်နိုးသည့် ဒေသခံ များ စုပေါင်းကာ မိုးနဲမြို့ရှိ ဆင်တောင်မှ ဆင်ဖြူစေတီ ရှေးဟောင်းစေတီ ပြန်လည်ပြုပြင်မွမ်းမံရေး...

မိုးနဲ ရေထွက်ဦးကို မြေဖို့ လယ်ဧက ၃၀၀ အခက်ခဲကြုံ

0
သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် ကတ်နောက်ကျေးရွာရှိ ရေထွက်ဦးကို လင်းခေးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) အတွင်းရေးမှူး ဦးမောင်စိုးက လာရောက်မြေဖို့သည့်အတွက်ကြောင့် လယ်သမားများ ရေအလုံလောက်ရရှိဖို့အတွက် ခက်ခဲမှုရှိနေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်တွင် ဦးမောင်စိုးသည် ခြံစိုက်ပျိုးရန်အတွက်ဟုဆိုကာ ထိုရေထွက်ဦးနေရာကို မြေလာဖို့လိုက်ပြီး လယ်ဧက ၃၀၀...

မိုးနဲမြို့ လောင်းကစားဝိုင်းကြောင့် လူငယ်များ ခိုက်ရန်ဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် ကင်တုံကျေးရွာတွင် လူငယ်များ လောင်းကစားသွားရောက်ကစားရာမှတဆင့် အချင်းချင်း ရန်ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ မိုးနဲမြို့နယ် ကင်တုံကျေးရွာထဲတွင် အောက်တိုဘာ ၁၁ ရက်မှ စပြီး လောင်းကစားဝိုင်းဖွင့်လှစ်ခဲ့ပြီး လူငယ်များ သွားရောက်ကစားရာမှ တဆင့် အောက်တိုဘာ ၁၂ ရက်တွင် လူငယ်အချင်းချင်း ရိုက်နှက်ရန်ဖြစ်မှု ဖြစ်ပွားခဲ့ကြောင်း...