မိုင်းလားတပ်ဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်း UWSA ခေါင်းဆောင်နှင့်တွေ့ဆုံ

အထူးဒေသ ၄ မိုင်းလားခေါင်းဆောင်နှင့်အဖွဲ့သည် နှစ်သစ်ကူးမေးမြန်းရေး ချစ်ကြည်ရင်းနှီးမှုခရီးစဉ်အဖြစ် ၀ တပ်ဖွဲ့ခေါင်းဆောင်အား ပန်ဆန်းဌာနချုပ် သို့သွားရောက်တွေ့ဆုံခဲ့ကြောင်းသိရသည်။

Photo credit to Mongla News

ဇန်နဝါရီလ ၁၅ နှင့် ၁၆ ရက်နေ့က ဥက္ကဌကြီး ဦးစိုင်းလင်း ဦးဆောင်သည့် အထူးဒေသ ၄ ကိုယ်စားလှယ်အဖွဲ့သည် UWSA ခေါင်းဆောင် ဒု- ဥက္ကဌ ဦးရှောက်မင်လျန်ဦးဆောင်သောအဖွဲ့အား ပန်ခမ်းမြို့ရှိ ပန်လုံဟိုတယ် တွင်သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“၀ တပ်ဖွဲ့အကြီးအကဲတွေနဲ့အဖွဲ့ဝင်တွေအားလုံးကို နှစ်သစ်နှုတ်ခွန်းဆက်တာပါ။ ၂၀၁၉ ခုနှစ်ဟာ ကျနော်တို့ မဟာမိတ်အဖြစ်ရပ်တည်လာတာ နှစ်ပေါင်း ၃၀ ရှိပြီဖြစ်တဲ့အညီ အထိမ်းအမှတ်အခမ်းအနား ကျင်းပမှာဖြစ် တာကြောင့် ပြင်ဆင်နေကြတဲ့အပေါ် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ အခမ်းအနားကို အောင်မြင်ကောင်းမွန်စွာ ကျင်းပနိုင်ပါစေကြောင်း ဥက္ကဌကြီး ဦးစိုင်းလင်းက ဆုတောင်းပါတယ်။ မိုင်းလားနဲ့ ၀ တို့ဟာ နေဒဏ်မိုးဒဏ် အန္တရာယ်အသွယ်သွယ်ကို အတူတကွကျော်လွှားပြီး မဟာမိတ်တပ်ဖွဲ့ အဖြစ်ရပ်တည်လာခဲ့တာ နှစ်ပေါင်း ၅၀ ရှိတော့မှာဖြစ်ပါတယ်။ ၀ နဲ့ မိုင်းလားတို့အတူတကွ ဆက်လက်ပြီးလက်တွဲခိုင်မြဲသွားကြမယ်- လို့ ဥက္ကဌကြီးက ပြောဆိုသွားပါတယ် ” – ဟု မိုင်းလားတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

Photo credit to Mongla News

အထူးဒေသ ၄ မိုင်းလားဘက်မှ ဥက္ကဌကြီး ဦးစိုင်းလင်းခေါင်းဆောင်သည့် အဖွဲ့တွင် ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဒု ဥက္ကဌ ဦးဆန်းပေ၊ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်၊ အမြဲတမ်းကော်မတီ စိုင်းအိုက်ရှဲန်လား၊ စိုင်းခမ်းမောင် ၊ စစ်ဦးစီးမှူး ဦးလီအားချိုင်၊အတွင်းရေးမှူးအဖွဲ့ အတွင်းရေးမှူး စိုင်းမောက် တို့ပါ၀င်ပါသည်။

အထူးဒေသ ၂ ပန်ဆန်းတွင်မူ ဥက္ကဌကြီး ပေါက်ယူချမ်း ဦးဆောင်သော ဒုဥက္ကဌ ဦးရှောက်မင်လျန်၊ ဒု- ဥက္ကဌ ပြင်ပဆက်ဆံရေးဌာနမှူး ဦးကျောက်ကော်အန်း၊ ဒုအတွင်းရေးမှူး ဦးပေါက်ယိုယီးနှင့် အဖွဲ့က ကြိုဆိုကာလက်ခံ တွေ့ဆုံခဲ့ကြကြောင်း သိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ်ဒေသ ခရစ်ယာန်ဝတ်ပြုကျောင်းများ ပိတ်ထားခိုင်း၊ အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှုရှိနေဟုဆို

0
သျှမ်းပြည် 'ဝ'တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ ပိတ်သိမ်းခံရပြီး အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှု ရှိနေကြောင်း စုံစမ်းသိရသည်။ လတ်တလောတွင် နာမည်ကြီးနေသည့် ခရစ်ယာန်ဘာသာရေးအမည်ခံ "ယေရှုတရုတ်မ”ဆိုသည့် ဂိုဏ်းအဖွဲ့ကြောင့် 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA ထိန်းချုပ်ဒေသ ပန်ဆန်း၊ မိုင်းပေါက်၊ နားဝီးနှင့် ၁၇၁ တောင်ပိုင်းစစ်ဒေသ...

စစ်အစိုးရ ရက်(၁၀၀) စီမံချက်အလွန် ‘ဝ’တပ်ဖွဲ့ UWSA နေပြည်တော်ခရီးစဉ် ထွက်ပေါ်

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...

မြန်မာ-ထိုင်းနယ်စပ်ရှိ အဖြိုက်နက်သိုက်များ တရုတ်နှင့် ရုရှား အပြိုင်လုနေ

0
မြန်မာ-ထိုင်းနယ်စပ်အနီး မိုင်းတုံမြို့နယ်ရှိ လွယ်ချီလိတ်တောင်တန်းတွင် တရုတ်နှင့် ရုရှားနိုင်ငံတို့မှ ကုမ္ပဏီများက အဖြိုက်နက်သတ္တုသိုက်များကို အပြိုင်အဆိုင် တူးဖော်ရန် ကြိုးပမ်းနေကြကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်သည်။ လွယ်ချီလိတ်တောင်၏ တောင်ဘက်ခြမ်းတွင် တရုတ်ကုမ္ပဏီတစ်ခုသည် 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ပူးပေါင်းကာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှစ၍...