Tuesday, January 27, 2026

မိုင်းလားတပ်ဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်း UWSA ခေါင်းဆောင်နှင့်တွေ့ဆုံ

အထူးဒေသ ၄ မိုင်းလားခေါင်းဆောင်နှင့်အဖွဲ့သည် နှစ်သစ်ကူးမေးမြန်းရေး ချစ်ကြည်ရင်းနှီးမှုခရီးစဉ်အဖြစ် ၀ တပ်ဖွဲ့ခေါင်းဆောင်အား ပန်ဆန်းဌာနချုပ် သို့သွားရောက်တွေ့ဆုံခဲ့ကြောင်းသိရသည်။

Photo credit to Mongla News

ဇန်နဝါရီလ ၁၅ နှင့် ၁၆ ရက်နေ့က ဥက္ကဌကြီး ဦးစိုင်းလင်း ဦးဆောင်သည့် အထူးဒေသ ၄ ကိုယ်စားလှယ်အဖွဲ့သည် UWSA ခေါင်းဆောင် ဒု- ဥက္ကဌ ဦးရှောက်မင်လျန်ဦးဆောင်သောအဖွဲ့အား ပန်ခမ်းမြို့ရှိ ပန်လုံဟိုတယ် တွင်သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“၀ တပ်ဖွဲ့အကြီးအကဲတွေနဲ့အဖွဲ့ဝင်တွေအားလုံးကို နှစ်သစ်နှုတ်ခွန်းဆက်တာပါ။ ၂၀၁၉ ခုနှစ်ဟာ ကျနော်တို့ မဟာမိတ်အဖြစ်ရပ်တည်လာတာ နှစ်ပေါင်း ၃၀ ရှိပြီဖြစ်တဲ့အညီ အထိမ်းအမှတ်အခမ်းအနား ကျင်းပမှာဖြစ် တာကြောင့် ပြင်ဆင်နေကြတဲ့အပေါ် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ အခမ်းအနားကို အောင်မြင်ကောင်းမွန်စွာ ကျင်းပနိုင်ပါစေကြောင်း ဥက္ကဌကြီး ဦးစိုင်းလင်းက ဆုတောင်းပါတယ်။ မိုင်းလားနဲ့ ၀ တို့ဟာ နေဒဏ်မိုးဒဏ် အန္တရာယ်အသွယ်သွယ်ကို အတူတကွကျော်လွှားပြီး မဟာမိတ်တပ်ဖွဲ့ အဖြစ်ရပ်တည်လာခဲ့တာ နှစ်ပေါင်း ၅၀ ရှိတော့မှာဖြစ်ပါတယ်။ ၀ နဲ့ မိုင်းလားတို့အတူတကွ ဆက်လက်ပြီးလက်တွဲခိုင်မြဲသွားကြမယ်- လို့ ဥက္ကဌကြီးက ပြောဆိုသွားပါတယ် ” – ဟု မိုင်းလားတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

Photo credit to Mongla News

အထူးဒေသ ၄ မိုင်းလားဘက်မှ ဥက္ကဌကြီး ဦးစိုင်းလင်းခေါင်းဆောင်သည့် အဖွဲ့တွင် ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဒု ဥက္ကဌ ဦးဆန်းပေ၊ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်၊ အမြဲတမ်းကော်မတီ စိုင်းအိုက်ရှဲန်လား၊ စိုင်းခမ်းမောင် ၊ စစ်ဦးစီးမှူး ဦးလီအားချိုင်၊အတွင်းရေးမှူးအဖွဲ့ အတွင်းရေးမှူး စိုင်းမောက် တို့ပါ၀င်ပါသည်။

အထူးဒေသ ၂ ပန်ဆန်းတွင်မူ ဥက္ကဌကြီး ပေါက်ယူချမ်း ဦးဆောင်သော ဒုဥက္ကဌ ဦးရှောက်မင်လျန်၊ ဒု- ဥက္ကဌ ပြင်ပဆက်ဆံရေးဌာနမှူး ဦးကျောက်ကော်အန်း၊ ဒုအတွင်းရေးမှူး ဦးပေါက်ယိုယီးနှင့် အဖွဲ့က ကြိုဆိုကာလက်ခံ တွေ့ဆုံခဲ့ကြကြောင်း သိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...

ဟိုပန် UWSA မှ လောင်းကစားအကြွေးကြောင့် လူသတ်မှုကျူးလွန်သူတစ်ဦးကို သေဒဏ်ချ

0
သျှမ်းပြည် ဟိုပန်မြို့နယ်ရှိ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) တရားစီရင်ရေး ကော်မတီမှ လောင်းကစားအကြွေးကြောင့် လူသတ်မှုကျူးလွန်ခဲ့သူ အမျိုးသားတစ်ဦးကို သေဒဏ် ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၇ ရက်) နံနက်ပိုင်းတွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် တရားစီရင်ရေး အခမ်းအနားဟု ခေါင်းစဉ်တပ်ပြီး လောင်းကစားအကြွေးကြောင့်...
MongLa_ShanNewYear_NDAA_SSPP_1

မိုင်းလားမြို့တွင် သျှမ်းနှစ်သစ်ကူးပွဲ အကြီးအကျယ်ကျင်းပ၊ SSPP ကိုယ်စားလှယ်များတက်ရောက်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့တွင် NDAA တပ်ဖွဲ့မှ ဦးဆောင်၍ သျှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပလျက်ရှိပြီး SSPP ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

UWSA နှင့် NDAA ကြား တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများ ဆွေးနွေး

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့သို့ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA လက်အောက်ရှိ တရားစီရင်ရေးကော်မတီ ကိုယ်စားလှယ်အဖွဲ့ သွားရောက်ပြီး တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများ ဆွေးနွေးခဲ့ကြကြောင်း သတင်းသိရသည်။ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့ NDAA ၏ ဖိတ်ကြားချက်အရ UWSA လက်အောက်ခံ တရားစီရင်ရေးကော်မတီသည် NDAA လက်အောက်ခံ အထူးဒေသ(၄) ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာ...

မက်မန်းမြို့ကို ‘ဝ’ဒေသ ရုံးစိုက်ရာမြို့အဖြစ် စစ်ကော်မရှင် ပြောင်းလဲသတ်မှတ်

0
သျှမ်းပြည် မက်မန်းမြို့နယ်ကို ‘ဝ’ဒေသ ရုံးစိုက်ရာမြို့အဖြစ် စစ်ကော်မရှင်က ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သတင်းသိရသည်။ အောက်တိုဘာလ (၃၁) ရက်တွင် ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် သျှမ်းပြည်အတွင်း ‘ဝ’ဒေသအတွက် ရုံးစိုက်ရာမြို့အဖြစ် မက်မန်းမြို့ကို ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ယာယီသမ္မတ တာဝန်ယူထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ...