Wednesday, January 28, 2026

နမ္မတူမြစ်အတွင်း ၃ လကြာပျောက်ဆုံးနေသော ကိုးရီးယားသူအား ဒုတိယအကြိမ် ရေငုပ်ရှာဖွေ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ္မတူမြစ်အတွင်း ရေနှင့်မျောပါသော ကိုးရီးယားနိုင်ငံသူ၏ အလောင်း အား ၄င်း၏မိသားစုဝင်များတောင်းဆိုချက်အရ သီပေါမြို့ရှိနိုင်ငံရေးပါတီနှင့် ရေငုပ်ကျွမ်းကျင်ဒေသခံများ လူမှု ကူညီရေးအသင်းအဖွဲ့များက ထပ်မံရှာဖွေမှုပြုနေကြကြောင်းသိရသည်။

Photo by Sipaw Youth/ ၃ လ ကြာရေနစ်သေဆုံးခဲ့သော ကိုးရီးယားသူ၏အလောင်းအား ကူညီရေးအဖွဲ့များက ဒုတိယအကြိမ်ရေငုပ်ရှာဖွေ

ပြီးခဲ့သည့်နှစ် နို၀င်ဘာလ က နမ္မတူမြစ်အတွင်း ရေနှင့်မျောပါသွားသည့် ကိုးရီးယားနိုင်ငံသူ Ms. Young Hee Heo ၏အလောင်းအား ဇန်နဝါရီလ ၂၇ ရက်နေ့မနက်ပိုင်းက သီပေါမြို့နယ် ရေငုပ်ကျွမ်းကျင်သည့်ဒေသခံများ နှင့်ကျားခေါင်းပါတီမှ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံအထက်ပိုင်းမှ လူမှုကူညီရေးအသင်းများက ပူးပေါင်း ရှာဖွေ မှုပြုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“Ms. Young Hee Heo ရဲ့ မိသားစုဝင်တွေက အကူအညီတောင်းလာလို့ ကျနော်တို့ ထပ်ရှာရတာဖြစ်တယ်။ ဒုတိယအကြိမ်ရှာဖွေခြင်းပါ။ ကိုးရီးယားသူ ရေကျခဲ့တဲ့နေရာကို ကျနော်တို့ ဆင်းငုပ်ရှာကြည့်ပါတယ်။ မွန်းတည့်ချိန်ကနေ ညနေ ၄ နာရီခွဲအထိ ဆင်းရှာပါတယ်။ ” – ဟု သီပေါဒေသခံ ရှာဖွေရေးအဖွဲ့က တာဝန် ရှိသူတဦးကသျှမ်းသံတော်ဆင့်အားပြောသည်။

ကိုးရီးယားသူရေနစ်ပြီးနောက်ပိုင်း လဝက်ခန့်ကြာသည်အထိ ကူညီကယ်ဆယ်ရေးအဖွဲ့က ရှာဖွေခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။

အသက် ၄၀ နှစ်ရှိ ကိုးရီးယားသူ Ms. Young Hee Heo သည်သီပေါမြို့သို့ အလည်အပတ်ရောက်ရှိစဉ် အသင်းအဖွဲ့နှင့်အတူ ၂၀၁၈ နို၀င်ဘာလ ၂၃ ရက်နေ့က နမ္မတူမြစ်အတွင်းရေဆင်းကစားရာမှ ရေနှင့်အတူ မျောပါသေဆုံးခဲ့သည်ဟု သိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးတွင် ကိုရင်နှစ်ပါး ရေချိုးဆင်းရင်း ရေနစ်သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရတနာသီရိရပ်ကွက်ရှိ ဝင်္ကပါရေထွက်တွင် ကိုရင်နှစ်ပါး ရေချိုးဆင်းရာမှ ရေနစ်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (ဇွန်လ ၈ ရက်) ညနေ ၅ နာရီတွင် တောင်ကြီးမြို့ ရတနာသီရိရပ်ကွက်ရှိ ဝင်္ကပါရေထွက်၌ အသက် ၁၀နှစ်အရွယ်ရှိ ကိုရင် (၅)ပါး ရေချိုးဆင်းရာ ကိုရင်နှစ်ပါး...

မူဆယ်မြို့ရောက် ကိုးရီးယားရာဇဝတ်ပြေးလင်မယားအား နယ်စပ်အာဏာပိုင်များဖမ်းဆီး

0
ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းတရားမဝင် ရောက်ရှိလာသည့် ကိုးရီးယားနိုင်ငံသားလင်မယားနှစ်ဉီးအား အာဏာပိုင်များမှ မူဆယ်မြို့ ဟော်တယ်တခု အတွင်း ဝင်ရောက်စစ်ဆေး ဖမ်းဆီးလိုက်ကြောင်းကြားသိရသည်။ ၂၀၂၁ ခု ဇန္နဝါရီလ ၆ ရက် ည ၈ နာရီအချိန် တွင်ဖမ်းဆီးရမိသည့် ကိုးရီးယား အမျိုးသား Mr. Jo Hyung-Ju နှင့်...

နမ္မတူမြစ်ပေါ်တွင် တည်ဆောက်ထားသည့် ရေကာတာ ရပ်တန့်ပေးရန် ဒေါ်အောင်ဆန်းစုကြည်ထံစာပို့

0
သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြစ်ပေါ် တည်ဆောက်နေသည့် အထက်ရဲရွာ ရေကာတာစီမံကိန်း ရပ်တန်ပေးရန် ဒေသခံပြည်သူများက နိင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အိတ်ဖွင့်စာကို ယနေ့ (အောက်တိုဘာ ၂၇) ရက်စွဲဖြင့် ပေးပို့လိုက်ကြောင်း သိရသည်။ နမ္မတူမြစ်ပေါ်ရှိ အထက်ရဲရွာ ရေကာတာ စီမံကိန်း နှင့် သီပေါ (နမ္မတူ)...

နမ္မတူမြစ်ပေါ်တွင် ရေကာတာတည်ဆောက်ခြင်းဘေးမှ ကင်းဝေးစေရန်တာလုံ ဒေသခံ ရ၀၀ ကျော် အလှူပြုဆုတောင်း

0
သျှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် နမ္မတူမြစ်ပေါ် ရေကာတာတည်ဆောက်ခြင်းမပြုစေရေး၊ နမ္မတူမြစ်ဖျက် ဆီးမခံရရေးအတွက်ရည်ရွယ်ကာ သီပေါမြို့နယ် ဒေသခံ ရ၀၀ ကျော်က ရပ်ရွာဇာတာဆက် (ကံထပ်ကံမြှင့်) ခြင်း အလှူပြုဆုတောင်းပွဲ တရပ်ပြုလုပ်ခဲ့ကြောင်း သျှမ်းပြည်နယ် မြစ်ချောင်းများ ကွန်ရက် ထုတ်ပြန်ချက် အရ သိရသည်။ ဆုတောင်းပွဲကို သြဂုတ်လ ၂၁...

ကိုးရီးယားသူအလောင်းအားတွေ့ရှိပါက ဆုငွေ ဒေါ်လာ ၅ ထောင်ချီးမြှင့်မည်ဟုဆွေမျိုးများကြေငြာ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် နမ္မတူမြစ်အတွင်း မျောပါပျောက်ဆုံးနေသော ကမ္ဘာလှည့်ခရီးသွား ကိုးရီးယားသူအလောင်းအားတွေ့ရှိပါက ဆုငွေ ဒေါ်လာ ၅ ထောင်ချီးမြှင့်မည်ဟု သူမ ၏ ဆွေမျိုးများက ကြေငြာထားကြောင်းသိရသည်။ အသက် ၄၅ နှစ်အရွယ်ခန့်ရှိ Miss Houng Young Heo အမည်ရ ကိုးရီးယားသူတဦးသည် နို၀င်ဘာလ ၂၃...