မူဆယ်မြို့ရောက် ကိုးရီးယားရာဇဝတ်ပြေးလင်မယားအား နယ်စပ်အာဏာပိုင်များဖမ်းဆီး

ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းတရားမဝင် ရောက်ရှိလာသည့် ကိုးရီးယားနိုင်ငံသားလင်မယားနှစ်ဉီးအား အာဏာပိုင်များမှ မူဆယ်မြို့ ဟော်တယ်တခု အတွင်း ဝင်ရောက်စစ်ဆေး ဖမ်းဆီးလိုက်ကြောင်းကြားသိရသည်။

မူဆယ်မြို့တွင် ဖမ်းဆီးရမိသော ခိုး၀င်ခိုလှုံသူ ကိုးရီးယားလင်မယား

၂၀၂၁ ခု ဇန္နဝါရီလ ၆ ရက် ည ၈ နာရီအချိန် တွင်ဖမ်းဆီးရမိသည့် ကိုးရီးယား အမျိုးသား Mr. Jo Hyung-Ju နှင့် Mrs. Hwang Kung Seon လင်မယား နှစ်ဉီးတို့သည် ကိုးရီးယားနိုင်ငံရာဇဝတ်ပြေးများဖြစ်ကြောင်း၊ ရှာဖွေဖမ်းဆီးပေးရန် ကိုးရီးယားနိုင်ငံမှ မြန်မာနိုင်ငံအား အကူအညီတောင်းခံလာခြင်းဖြစ်ကြောင်း ကြားသိရသည်။

မူဆယ်မြို့ရပ်/ကျေး အုပ်ချုပ်ရေးမှူး တဉီးက – “ကျနော်တို့ မူဆယ်မြို့ကိုးဗစ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး ကော်မတီက ဒေါက်တာ စန္ဒာဝင်းက သူတို့လင်မယားရဲ့ ကိုယ်အပူချိန်က သာမာန်ပဲ၊ နှာစေး၊ ချောင်းဆိုးတာ တွေ မရှိဘူးလို့ပြောတယ်။ သူတို့လင်မယားက တရုတ်နိုင်ငံ ထုံချင်းမြို့ကနေ ရွှေလီမြို့ကိုလာတယ်။ ပြီးတော့ စက်လှေ နဲ့ ပန်ခမ်းဆိပ်ကနေ ခိုးဝင်လာတယ်လို့ ဖမ်းမိတဲ့အချိန်တုန်းက သူတို့လင်မယားက ၀န်ခံတယ်” – ဟုပြောသည်။

အဆိုပါ ဖမ်းမိထားသည့် ကိုးရီးယားလင်မယား ၂ ဉီးအား လိုအပ်သည့်အချက်အလက်များ စစ်ဆေးပြီးပါက ကိုးရီးယားနိုင်ငံသို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်းလည်းကြားသိရသည်။

သီးခြားအတည်ပြုချက်မရသေးသည့်သတင်းအရ အဆိုပါကိုးရီးယားလင်မယားသည် တရုတ်စီးပွားရေး လုပ်ငန်းရှင်များနှင့် အတူ တရုတ်နိုင်ငံမှတဆင့်မြန်မာနိုင်ငံအတွင်းသို့ရောက်ရှိလာကာ ကရင်ပြည်နယ် မြဝတီမြို့ ရွှေကုက္ကိုလ်မြို့သစ်လောင်းကစားရုံတွင် ရောက်ရှိအလုပ်လုပ်ကိုင်ကြောင်း၊ ငွေရေးကြေးရး ပြဿနာကြောင့် မြဝတီမြို့မှ မှော်လမြိုင်၊ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနားတို့ ရောက်ရှိတိမ်းရှောင်ကြောင်း၊ ထိုမှတဆင့် မူဆယ်မြို့သို့ ပြန်လည်ရောက်ရှိလာကာ ဖမ်းဆီးထိန်းသိမ်းခံရခြင်းဖြစ်ကြောင်းကြားသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

မူဆယ်မြို့ ငါးပစ်ဂိမ်းဆိုင်တွင် ပစ်ခတ်မှုဖြစ်၊ အမျိုးသားတဦး သေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဟိုနားနယ်မြေအတွင်းရှိ ငါးပစ်ဂိမ်းဆိုင်တခုတွင်  ယနေ့ (ဇူလိုင် ၃၀)ရက် မနက် ၁၁နာရီဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဖြစ်စဉ်သည် ယနေ့ (ဇူလိုင်လ ၃၀ ရက်) မနက် ၁၁ နာရီဝန်းကျင် မူဆယ်မြို့ ဟိုနားနယ်မြေ ကောင်းမူတုံရပ်ကွက်ရှိ ငါးပစ်ဂိမ်းဆိုင်...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...