တောင်ကြီးတွင် ကိုရင်နှစ်ပါး ရေချိုးဆင်းရင်း ရေနစ်သေဆုံး

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရတနာသီရိရပ်ကွက်ရှိ ဝင်္ကပါရေထွက်တွင် ကိုရင်နှစ်ပါး ရေချိုးဆင်းရာမှ ရေနစ်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဇွန်လ ၈ ရက်) ညနေ ၅ နာရီတွင် တောင်ကြီးမြို့ ရတနာသီရိရပ်ကွက်ရှိ ဝင်္ကပါရေထွက်၌ အသက် ၁၀နှစ်အရွယ်ရှိ ကိုရင် (၅)ပါး ရေချိုးဆင်းရာ ကိုရင်နှစ်ပါး ရေနစ်သေဆုံးသွားကြောင်း တောင်ကြီးမြို့ခံတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ကိုရင် (၅) ပါးက ရေဆင်းချိုးကြတာ၊ ရေနစ်လာတော့ ကိုရင်(၄)ပါးက ကုန်းပေါ် တက်လာတာ။ အဲ့တာ တစ်ပါးက ရေနစ်ကျန်ခဲ့လို့ နောက်တစ်ပါးက ဆင်းကယ်ရင်း (၂) ပါးလုံး ရေနစ်သွားတယ်။ ရှာရင်း မနက်(၃)နာရီမှာတော့ ရေနစ်ပြီးသေတဲ့ အလောင်းကို ပြန်တွေ့လိုက်တယ်။ အဲ့တာနဲ့ စဝ်စံထွန်းဆေးရုံကို ပို့လိုက်တယ်” ဟု ဖြစ်စဉ်သိရှိသူ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ရေနစ်သေဆုံးသွားသည့် ကိုရင်နှစ်ပါးသည် ပင်လောင်းနှင့် ဆီဆိုင်မြို့နယ်ဘက်မှ လာပြီး တောင်ကြီးမြို့ ချမ်းမြသာစည်ရပ်ကွက် ဓမ္မဝိဟာရကျောင်းတွင် သင်္ကန်းဝတ်ရင်း စာသင်နေသူဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ထို့ကြောင့် ယခုကဲ့သို့ မိုးကြီးချိန်တွင် ချောင်းထဲ၌ ကလေးများကို ရေဆင်းမကူးစေချင်ကြောင်းနှင့် ယခင်ကလည်း ဝင်္ကပါရေထွက်တွင် ယခုကဲ့သို့ ရေနစ်သူ ရှိခဲ့ဖူးကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“ခုက မိုးရာသီလည်း ရောက်ပြီ၊ တောင်ကျရေက အချိန်မရွေး ဆင်းလာနိုင်တယ်။ ဒါကြောင့် ချောင်းထဲကို ကလေးတွေကို ရေချိုး မဆင်းစေချင်ဘူး။ အရင်က ဒီဝင်္ကပါရေထွက်မှာ ရေနစ်ပြီး သေဆုံးခဲ့ဖူးတယ်၊ ခုလည်း ထပ်ဖြစ်ပြန်ပြီ။ မိဘတွေအနေနဲ့ ကလေးတွေကို ဂရုစိုက်စေချင်တယ်” ဟု အဆိုပါ မြို့ခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မေလ(၂၅)ရက်နေ့တွင်လည်း ရွှေညောင်မြို့သို့ ကျောက်မဲဘက်မှ စစ်ရှောင်လာသူ အသက်(၉)နှစ်အရွယ် မိန်းကလေးတစ်ဦးလည်း တံတားဖြူရွာအနီး ဝါးတံတားဖြတ်ကူးစဉ် ခြေချော်ကျ၍ ရေစီးထဲ မျောပါသွားခဲ့ပြီး အလောင်းကိုသာ ပြန်လည်တွေ့ရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...