Wednesday, January 28, 2026

ရေအမှန်တကယ်လိုအပ်နေသည့် လဲချားမြို့ရှိကျေးလက်ဒေသများတွင် ရေမရရှိသေး

သျှမ်းပြည်တောင်ပိုင်းလဲချားမြို့နယ်အတွင်း နမ့်တောင်းရေသွယ်တန်းပေးဝေမှုအတွက် သျှမ်းပြည်နယ်အစိုးရလုပ်ဆောင် နေသော်လည်း ရေအမှန်တကယ်လိုအပ်နေသော ကျေးလက်များနှင့် တောင်ကုန်းပေါ်ရှိ ဒေသခံများ မှာယနေ့တိုင်ရေအခက်အခဲ ရှိနေသေးသည်ဟုသိရသည်။

Photo by SHAN- လဲချားမြို့အား အထက်မြင်ကွင်းမှ မြင်တွေ့ရပုံ

လက်ရှိတွင် လဲချားမြို့တွင်းသို့ နမ့်တောင်းချောင်းရေ သွယ်တန်းပေးဝေရေးအတွက် အစိုးရလုပ်ဆောင်နေသည့် ကိစ္စနှင့်ပတ်သက်ပြီး လဲချားမြို့နယ် ပြည်နယ်လွှတ်တော်ကိုုယ်စားလှယ် စိုင်းကျော်ဇေယျက ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ကကျင်းပသော လွှတ်တော် အစည်းအဝေးတွင် မေးမြန်းရာ သျှမ်းပြည်နယ်အစိုးရ စည်ပင်သာယာရေးဝန်ကြီး စိုင်းစွံဆိုင်းက ရေသန် ့စင်မှု အားထပ်မံစစ်ဆေးဦးမည်ဟုပြောဆိုဖြေကြားခဲ့သည်။

လဲချားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းကျော်ဇေယျ

“ရေတကယ်လိုအပ်တဲ့နေရာတွေမှာ ရေပိုက်သွယ်တန်းမှုက မရောက်ဘူး။ ရေပေါများတဲ့မြို့တွင်းရပ်ကွက်တွေမှာ သွယ်တန်းထားပေးတယ်။ ဒီစီမံကိန်းလုပ်ဖို့ ဒေသတွင်း လွှတ်တော်ကိုယ်စားလှယ်တွေနဲ့လည်း မတိုင်ပင်ဘူး။ အချိန် ၆ နှစ်ကြာပြီ။ တကယ်တမ်းပြောရရင် လဲချားမြို့ထဲမှာ ရပ်ကွက် ၃ ခုဘဲရှိတယ် ရေအခက်အခဲရှိတာ။ ဒီရပ်ကွက်တွေကို အရင်ဆုံးရေပေးဝေစေချင်တယ်။”  – လဲချားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းကျော်ဇေယျ က သျှမ်းသံတော်ဆင့်အားပြောသည်။

အမှန်တကယ်ရေအခက်အခဲရှိနေသော ရွာများမှာ ကုန်းပေါ်ရှိနေအိမ်များ၊ ရပ်ကွက်၄ ၊ နောင်တောင်းရွာ တို့ရှိဒေသခံလူတို့များဖြစ်ကြောင်းသိရသည်။

နမ့်တောင်းချောင်းမှရေကို လဲချားမြို့သို့ ၂၀၁၂ ခုနှစ်ကတည်းက သျှမ်းပြည်နယ်အစိုးရက သွယ်တန်း ပေးခဲ့သည်။ ငွေကျပ်သိန်းပေါင်း ၆,၀၀၀ ကျော် သုံးစွဲခဲ့ပြီး ၆ နှစ်ကျော်ကြာ ရေပိုက်သွယ်တန်းသော်လည်း လုပ်ငန်းမပြီးပြတ်သေးကြောင်း စီမံကိန်း အမြန်ဆုံးပြီးမြောက်ဖို့ သျှမ်းပြည်နယ်အစိုုးရက သိန်း ၄၀၀ ထပ်မံ ချပေးမည်ဖြစ်ကြောင်းဖြေကြားသည်ဟု သိရသည်။

“နောက်တခုက ရေပိုက်သွယ်တုုန်းက လမ်းတွေပျက်စီးသွားတာ အစိုးရအနေနဲ့ လဲချားလူထုကို ဘယ်လိုလုပ်ပေးမလဲ။ ဒါတွေကိုမေးပါတယ်။ နမ့်တောင်းချောင်းရေကို သောက်သုံးရေအဖြစ်လုပ်မယ်။ နမ့်တောင်းချောင်းဖျားမှာ တောင်ယာခြံတွေ လုပ်တယ်။ တောင်ယာခြံလုပ်တာ ပေါင်းသတ်ဆေးပိုးသတ်ဆေးအများကြီး သုံးကြတယ်။ ဒါတွေဟာ နမ့်တောင်းချောင်း ထဲ စီးဝင်လာနိုင်တယ်။ ဒါကြောင့် နမ့်တောင်းချောင်းဟာ သောက်သုံးနိုင်ရဲ့လားလို့မေးတယ်။ အဲတာ ၀န်ကြီးကနေ နမ့်တောင်း ချောင်းရေ သောက်သုံးဖို့ သင့်/မသင့်ကို နောက်ထပ်စမ်းသပ်စစ်ဆေးမယ်လိုဖြေကြားသွားပါတယ်”- ဟု စိုင်းကျော်ဇေယျ က ပြောသည်။

လဲချားမြို့တွင် လူဦးရေ ၆ သောင်းကျော်ရှိပြီး သောက်ရေသုံးရေအတွက် ရေတွင်းနှင့်အဝီစိတွင်းတူးဖော်ကာ အသုံးပြုကြသည်။ စိုက်ပျိုးရေးအတွက် နောင်ခမ်းကန်မှရေကိုလည်းကောင်း နမ့်တိန်းချောင်းမှရေကို လည်းကောင်းအသုံးပြုကြသည်။

မြို့တွင်းရပ်ကွက် အိမ်တိုင်းက သူ့ဟာနဲ့သူရေတွေက လုံလောက်နေတော့ အသုံးမလိုဘူးလေ။ အခုလုပ်ပေးတဲ့ဟာက မီတာပါတပ်ထားမယ်သုံးသလောက်လည်းပေးရမယ်ဆိုတော့ ဘယ်သူမှ မသုံးဘူး။ ရေလုံးဝမထွက်တဲ့ ရွာတွေကိုသွားပေးရမှာ။ အဲ့ဘက်ကိုမရောက်ဘူး။ လူမြင်သာတဲ့နေရာဘဲလုပ်ထားတာကိုး -ဟုလည်း လဲချားဒေသခံ တဦးကပြောသည်။

သျှမ်းပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီလ ၈ ရက်၊ ၁၁ ရက်၊ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ကျင်းပခဲ့ပါသည်။ နမ့်တောင်းချောင်းသည်လဲချားမြို့အနောက်ဘက်မှပတ်စီးဆင်းကာ လဲချားမြို့ အရှေ့တောင်ဘက်ရှိ နမ့်တိန်းချောင်းအတွင်းသို့စီးဝင်ကြောင်းသိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လဲချားမြို့နယ် စစ်ကောင်စီ ညမထွက်ရအမိန့်ထုတ်၊ ဒေသခံများ သွားလာရေး အခက်အခဲဖြစ်

0
သျှမ်းပြည် လဲချားမြို့နယ် စစ်ကောင်စီမှ ညမထွက်ရ အမိန့်ထုတ်ပြန်ပြီး စစ်ဆေးရေးဂိတ်များတွင် ည (၆) နာရီနောက်ပိုင်း ဖြတ်သန်းသွားလာခွင့်ကို တားမြစ်ကန့်သတ်လိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၉ ရက်) ညနေပိုင်းတွင် လဲချားမြို့ရှိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များမှ မြို့ပေါ် ရပ်ကွက်များတွင် ည (၆) နာရီမှ...

နွားစာ မြက်သွားရိတ်သည့် မိုင်းနောင်ဒေသခံ (၃)ဦး မိုင်းနင်းမိပြီး တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာပြင်းထန်

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့အနီး ဝမ်စိမ်းကျေးရွာတွင် နွားစာအတွက် ထော်လာဂျီဖြင့် မြက်သွားရိတ်သည့် အရပ်သား (၃) ဦး မိုင်းနင်းမိရာ တစ်ဦး ပွဲချင်းပြီး သေဆုံးပြီး၊ နှစ်ဦးဒဏ်ရာ ပြင်းထန်ကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၂၁) ရက် နံနက် (၇) နာရီကျော်တွင် ကျေးသီးမြို့နယ် မိုင်းနောင်မြို့အနီး...

တရုတ် လူမျိုး ကျားဖြန့်သမားများ လဲချားမြို့နယ်အတွင်း ရောက်ရှိနေ

0
သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်း တရုတ်လူမျိုး ကျားဖြန့်လုပ်ကိုင်သူများ များစွာ ရောက်ရှိနေကြကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းမှ စတင်ကာ အွန်လိုင်းမှ တစ်ဆင့် ငွေကြေးလိမ်လည်မှု လုပ်ငန်း လုပ်ကိုင်ကြသည့် တရုတ်လူမျိုး ကျားဖြန့်သမားများသည် လဲချားမြို့အတွင်းသို့ စုစုပေါင်း ၅၀၀ ထက်မနည်း ရောက်ရှိလာကြောင်း အသက်...

စစ်ရေး ငြိမ်သက်သော်လည်း လဲချားမြို့နယ်အတွင်း ည ၆ နာရီ အပြင်မထွက်ရအမိန့် မရုတ်သိမ်းသေး

0
သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်း စစ်ကောင်စီ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား စစ်ရေးငြိမ်သက်နေသော်လည်း နှစ်ဘက် ထုတ်ပြန်ထားသည့် အမိန့်များ ပြန်လည်ရုပ်သိမ်းပေးခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ . ပြီးခဲ့သည့် သြဂုတ်လ ၆ ရက် နံနက်ပိုင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ် နှင့် SSPP/SSA...

လဲချားမြို့နယ်အတွင်း နွား ၂ ကောင် မြေမြှုပ်မိုင်းနင်းမိ

0
သျှမ်းပြည် လဲချားမြို့နယ်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် စစ်ကောင်စီတို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် နွား ၂ ကောင် မြေမြှုပ်မိုင်းနင်းမိကြောင်း စုံစမ်းသိရသည်။ . ပြီးခဲ့သည့် သြဂုတ် (၂၁) ရက်နေ့က လဲချားမြို့နယ် ဝမ်ပန်းကျေးရွာအုပ်စု ဝမ်ပန်းရွာမှာ နွားပေါက်စ ၂ ကောင် မြေမြှုပ်မိုင်းနင်းမိပြီး...