စစ်ရေး ငြိမ်သက်သော်လည်း လဲချားမြို့နယ်အတွင်း ည ၆ နာရီ အပြင်မထွက်ရအမိန့် မရုတ်သိမ်းသေး

သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်း စစ်ကောင်စီ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား စစ်ရေးငြိမ်သက်နေသော်လည်း နှစ်ဘက် ထုတ်ပြန်ထားသည့် အမိန့်များ ပြန်လည်ရုပ်သိမ်းပေးခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။

.

ပြီးခဲ့သည့် သြဂုတ်လ ၆ ရက် နံနက်ပိုင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ် နှင့် SSPP/SSA တို့ လဲချားမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် သြဂုတ်လ ၇ ရက်တွင် စစ်ကောင်စီမှ ပြည်သူများ ည ၆ နာရီမှ မနက် ၆ နာရီထိ အပြင်ထွက်သွားလာခြင်း မပြုရန် ထုတ်ပြန်တားမြစ်ခဲ့သည်။

အဆိုပါ ထုတ်ပြန်တားမြစ်ချက်သည် ယနေ့အချိန်အထိ ရုတ်သိမ်းခြင်း မရှိသေးပေ။

Photo – Credit ( ဝါတွင်းကာလ ဝါခေါင်လကွယ်နေ့မှာ လဲချားဒေသခံများ ထင်းရှုးမီးပူဇော်)

“တိုက်ပွဲကတော့ မဖြစ်တော့ဘူး။ ဒါပေမယ့် သူတို့ ၂ ဖွဲ့ ထုတ်ပြန်ထားတဲ့ ည ၆နာရီကနေ မနက် ၆ နာရီအပြင်မထွက်ရ အမိန့်က မရုတ်သိမ်းသေးဘူး” ဟု လဲချားမြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နှစ်ဖက်တပ် စစ်ရေးတင်းမာမှုလျော့ပါက ဒေသခံပြည်သူများ အသက်ရှူချောင်ကြောင်း၊ လယ်ယာကိုလည်း ကောင်းမွန်စွာ သွားနိုင်ပြီး ဝါတွင်းကာလအတွင်းလည်း ဘုန်းကြီးကျောင်းသွား ဥပုသ်စောင့်တည်နိုင်ကြောင်း ၎င်းက ပြောသည်။

“အခုက သေနတ်သံတွေလည်း မကြားရဘူး၊ စစ်ရေး တင်းမာမှုတွေလည်း ဖြေလျော့ကြပြီဆိုတော့ ကျနော်တို့ ဒေသခံတွေ သွားရေးလာရေးလည်း လွယ်ကူတာပေါ့၊ အရင် စစ်ရေးတင်းမာတုန်းကဆို အိမ်ထဲက အိမ်ပြင် မထွက်ရဲကြဘူး” ဟု လဲချားမြို့ ဒေသခံ တစ်ဦးက ထပ်လောင်းပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်တို့သည် ပင်လုံမြို့ဘက်မှ လွိုင်ခန် (လွႆၶၢင်) တွင် တစ်နေရာ၊ မက်လန်းကျေးရွာ အနီးတွင် တစ်နေရာ နှင့် မိုင်းနောင်ဘက်သွားသည့် လမ်းတွင် တစ်နေရာ စစ်ဆေးရေးဂိတ် ထားရှိကြောင်းလည်း သိရသည်။

လက်ရှိ လဲချားမြို့နယ်အတွင်း စစ်ရေး အခြေအနေများ နှင့် ပတ်သက်ပြီး SSPP/SSA ၏ မြေပြင် အရာရှိ တစ်ဉီးက “တိုက်ပွဲဖြစ်ပြီးကတည်းက အချင်းချင်း စစ်ရေးအခြေအနေ စောင့်ကြည့်မှုတော့ ရှိပါတယ် ၊ သူတို့အပိုင်း သူတို့ဘာသာနေ နေရင်တော့ ကောင်းပါတယ်၊ အချင်းချင်း စောင့်ကြည့်နေရတဲ့ အနေအထားပါ” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo – Credit ( ဝါတွင်းကာလ ပြည်သူများ ဘုရားမီးပူဇော်)

လဲချား ဒေသခံပြည်သူများ အနေဖြင့် ဆက်လက်ပြီး ပစ်ခတ်တိုက်ပွဲ မရှိကြစေလိုကြောင်း၊ ပစ်ခတ်သံများလည်းမကြားလိုကြောင်း နှင့် သီတင်းကျွတ်ကာလအထိ လွတ်လွတ်လပ်လပ် သွားလာ လှူဒါန်းနိုင်ကြစေလိုကြောင်း ပြောဆို ထားကြသည်။

“တိုက်ပွဲထပ်ဖြစ်မှာကိုတော့ ကြောက်တာပေ့ါ။ အခုလို အေးချမ်းနေတာပဲ ကောင်းပါတယ်၊ ဝါထွက်ပြီးရင် ယူရမယ့် ကောက်ပဲ သီးနှံတွေ ၊ စပါးတွေ အိမ်ရောက်မှ စိတ်ချမ်းသာရမှာလေ၊ တိုက်ပွဲဖြစ်ရင်တော့ အဲ့တာတွေ မယူရဘူးပေါ့၊ ဒါကြောင့် တိုက်ပွဲကတော့ မဖြစ်စေချင်တော့ဘူး” ဟု လဲချားမြို့ အသက် ၃၅ နှစ်အရွယ် ဒေသခံ အမျိုးသား က ဆိုပြန်သည်။

လဲချားမြို့အတွင်း စစ်ကောင်စီ နှင့် SSPP/SSA တို့ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း လယ်ယာအတွင်း မြေမြှုပ်မိုင်းများ တည်ရှိနေသဖြင့် ပြည်သူများ လယ်ယာသို့ သွားရန် စိုးရိမ်မှုရှိကာ လွန်ခဲ့သည့် သြဂုတ်လ ၂၁ ရက်တွင် နွား ၂ ကောင် မြေမြှုပ်မိုင်းနင်းမိသဖြင့် နွားမွေးမြူသည့် ပြည်သူများလည်း နွားများ မိုင်းနင်းမိမှာကို စိုးရိမ်နေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...