Thursday, January 29, 2026

CATEGORY

အထွေထွေ

မူဆယ် – ကွတ်ခိုင် ရှောင်လမ်းတွင် လက်နက်ကိုင်အဖွဲ့မှ ငွေကြေးကောက်ခံနေဟုဆို

သျှမ်းပြည်နယ် မြောက်ပိုင်း ပြည်ထောင်စု ကားလမ်းပေါ်တွင် တိုက်ပွဲများ ဆက်လက်ရှိနေသဖြင့် နမ့်အွမ်- တီးမ လမ်းအား ကားသမားများ အသုံးပြုနေရာ လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့မှ ကားများအား ငွေကြေးကောက်ခံနေကြောင်း သိရသည်။ ကားများသည် မူဆယ်မှ ပြည်ထောင်စုလမ်းအတိုင်းမသွားဘဲ နမ့်ဖတ်ကာတွင်ဖြစ်ပွါးနေသော တိုက်ပွဲများအား ရှောင်ကွင်းရန် မူဆယ်မှထွက်သည်နှင့် နမ့်အွမ်-တီးမ- တာမိုးညဲ-ကွတ်ခိုင် သို့...

တိုက်ပွဲကြောင့်အရပ်သားများ သေဆုံးမှု သျှမ်း/မြောက် လူသားစာနာမှုအဖွဲ့ ရှုပ်ချ

သျှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်ပွါးနေသော တိုက်ပွဲနှင့်ပတ်သက်ပြီး ဒေသခံလူထု ထိခိုက်ဒဏ်ရာရ သေကြေ ပျက်စီးဆုံးရှုံးမှု အပေါ် ရှုပ်ချကြောင်း သျှမ်းပြည်နယ်မြောက်ပိုင်း လူသားချင်းစာနာ ထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ က ထုတ်ပြန်ကြေငြာလိုက်သည်။ သြဂုတ်လ ၁၉ ရက်နေ့က ကျရောက်သော ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှု အထိမ်းအမှတ်နေ့တွင် သျှမ်းပြည်နယ်မြောက်ပိုင်း လူသားချင်းစာနာထောက်ထားမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ Humanitarian Strategic Team...

မိုင်းခွဲဖျက်ဆီးခံရသော ဂုတ်တွင်းတံတားအား ပြန်လည်မွမ်းမံဆောက်လုပ်ပြီးစီး

သျှမ်းပြည်မြောက်ပိုင်းနှင့်မန္တလေးတိုင်းနယ်စပ် နောင်ချိုမြို့နယ် ဂုတ်တွင်းတံတားအား ဘေလီတံတားအဖြစ်ပြန်လည် ဆောက်လုပ်ပြီးစီးပြီးဖြစ်သဖြင့် ယနေ့ ကားများပြန်လည်ဖြတ်သန်းခွင့် ပေးနေကြောင်းသိရသည်။ သြဂုတ်လ ၂၀ ရက် နေ့လည်ပိုင်းက ကားငယ်များ ပြန်လည်ဖြတ်သန်းနိုင်ပြီဖြစ်ပြီး တံတားခံနိုင်ဝန် ၃၆ တန်အထိ ကား များဖြတ်သန်းခွင့်ပေးကြည့်မည်ဖြစ်ကြောင်း သျှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်က သျှမ်းသံတော်ဆင့်အားပြောသည်။ “ဂုတ်တွင်းတံတား မိုင်းခွဲခံရပြီးနောက် ၀န်ကြီးချုပ်ကိုယ်တိုင်သွားကြည့်ရှုစစ်ဆေးပြီးတော့ အမြန်ဆုံး...

မူဆယ်မြေပြို အိမ် ၁၀ လုံးကျော် ပျက်စီး လူသူသေကြေထိခိုက်မှုမရှိ

သျှမ်းပြည်နယ် မြောက်ပိုင်း တရုတ်နယ်စပ် မူဆယ်မြို့တွင် ယခုရက်ပိုင်း မိုးများ ဆက်တိုက် ရွာသွန်းမှုကြောင့် ခရစ်ယာန်ရပ်ကွက်နှင့် ကောင်းနောင်ရပ်ကွက် နေအိမ် ၁၀ လုံးကျော်တွင် မြေပြိုမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ သည်။ ယခုရက်ပိုင်း မိုးဆက်တိုက်ရွာသွန်းမှု ကြောင့် တောင်စောင်းတွင် နေထိုင်သည့် ခရစ်ယာန်ရပ်ကွက်နေအိမ် ၁၃လုံး နှင့်...

သျှမ်းအရှေ့တွင် ၀က်သေဆုံးမှုများပြား ဒေသခံများ စိုးရိမ်

သျှမ်းပြည်နယ် အရှေ့ပိုင်း အတွင်း မွေးမြူရေး ဝက်အများအပြား သေဆုံးမှုကြောင်း ဒေသခံများ စိုရိမ်နေကြောင်း သိရသည်။ သျှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ် နှင့် မိုင်းဖြတ်မြို့နယ် အတွင်း ဇူလိုင်လ နှင့် သြဂုတ် လအတွင်း အိမ်မွေးဝက် ၁၀၀၀ နီးပါး သေဆုံးခဲ့ပြီဖြစ်ကြောင်းသြဂုတ်လ ၅...

မိုင်းတုံမြို့က အထင်ကရ ညောင်ပင်ကြီးပြိုလဲ

သျှမ်းတော်လှန်ရေးသီချင်း အဆိုတော် စိုင်းမူး၏ မိုင်းတုံမြို့အကြောင်း ရေးဖွဲ့သီဆိုရာတွင် ထည့်သွင်းရေးသားထားသော   သျှမ်းလူထု အသိုင်းအဝိုင်းကြားနာမည်ကြီးခဲ့သည့် ညောင်ဆာမ်ခါ ညောင်ပင်ကြီး ယနေ့ နံနက်ပိုင်းတွင် ပြိုလဲသွားသည်ဟုသိရသည်။ ယခုတပတ်အတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မိုင်းတုံမြို့ ကျောင်းခမ်းကျောင်းတိုက် ဝန်းအတွင်းရှိ မိုင့်ညောင်ဆမ်ခါ အမည်ရ ညောင်ခြေထောက် ၃ ခုဖြင့်ရပ်ထားသည့် ညောင်ပင်ကြီး ယနေ့...

မိုးနဲမြို့နယ် အတွင်း ဓာတု ပိုးသတ်ဆေးကြောင့် တောင်သူများအန္တရာယ် စိုးရိမ်နေရ

သျှမ်းပြည်နယ် တောင်ပိုင်း မိုးနဲမြို့နယ် အတွင်း ရှိ တောင်သူများကျယ်ပြန့်စွာအသုံးပြုနေသော ပိုးသတ်ဆေးများ မှရမည့် ဆိုးကျိုး နှင့် အန္တရယ်များကို အထူးစိုးရိမ်နေကြောင်း မိုးနဲမြို့နယ်ပြည်နယ်လွှတ်တော်အမတ်ထံမှရသည်ဟု သတင်းရရှိသည်။ အိမ်နီးချင်း တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် ပိုးသတ်ဆေးကို တောင်သူလယ်သမားများ သုံံးစွဲရာတွင် မသိနားမလည်မှု ဖြစ်ကာ သေဆုံးခြင်း၊ ကိုယ်တခြမ်းသေဆုံးခြင်း၊...

ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများ နေရပ်ပြန်စရာမလိုဘဲ အလုပ်သမားကဒ် သက်တမ်း ၂ နှစ် ဆက်တိုးပေးမည်

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ နေရပ်ပြန်စရာမလိုဘဲ အလုပ်သမားကဒ် သက်တမ်း ၂ နှစ်တိုး ပေးမည် ဟု ထိုင်းအလုပ်သမား ဝန်ကြီး ဌာန က ကြေညာလိုက်သည်။ ဇူလိုင် ၈ ရက်နေ့က ထိုင်းအစိုးရက ထိုသို့ထပ်မံကြေငြာလိုက်ခြင်းဖြစ်ပါသည်။ ယခင်က နှစ်နိုင်ငံ သဘာတူညီချက် MOU ဖြင့်သာ အလုပ်ခွင့်ပြုမည် ဟု...

မြန်မာတဝှမ်းလုံး H1N1 ရောဂါ ကြောင့် သေဆုံးသူ ၂၉ ဦးထိ ရှိ

မြန်မာနိုင်ငံ တဝှမ်းလုံး H1N1 ရာသီ တုပ်ကွေး ကြောင့် သေဆုံးသူ ၂၉ ဦး ရှိလာနေကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။ ဇူလိုင် ၁ ရက် မှ ဇူလိုင် ရ ရက် အထိ မြန်မာတနိုင်ငံလုံးအတိုင်းအတာ ရာသီတုပ်ကွေး...

တရုတ်ဘက်ခြမ်းတွင် အလုပ်လုပ်သည့် မြန်မာလုပ်သား ၇ ဦး မှိုဆိပ်သင့် တဦးသေဆုံး

မြန်မာ တရုတ်နယ်စပ် ယူနန်ပြည်နယ် လုံချွမ်တွင် မြန်မာ အလုပ်သမား (၇) ဦး မှိုအဆိပ်သင့် ကာ တဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် လုံချွမ်မြို့ တွင် ခြံအလုပ်လုပ်သည့် မြန်မာ အလုပ်သမား (၇) ဦး သည် ၄င်းတို့အလုပ်လုပ်သည့်ခြံဝင်းအတွင်း ထွက်သည့် အမည်မသိ...

Latest news