CATEGORY

အထွေထွေ

မိုင်းရှူးမြို့ တွင် နေအိမ်တလုံးမီးလောင် အသက် ၆ နှစ် ကလေး သေဆုံး၊ တဦးဒဏ်ရာရ

သျှမ်းပြည် မြောက်ပိုင်း မိုင်းရှူးမြို့နယ်အတွင်းနေအိမ်မီးလောင်မှုကြောင့် ကလေးတဦး သေဆုံးကာ တဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၈ ရက်နေ့ ည ၇ နာရီကျော် မိုင်းရှူးမြို့ တောင်ပေါ် (ဝမ်ကန်) ကျေးရွာ တွင် ဖယောင်းတိုင် ထွန်းရာမှ မီး စတင် လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး...

ခေးနင်းကျောင်းထိုင်ဆရာတော် ပစ်သတ်ခံရသည့် ကိစ္စ တအာင်းသံဃာတော်များကန့်ကွက်ရှုံ့ချ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် ခေးနင်းကျောင်းတိုက် ကျောင်းထိုင်ဆရာတော် အား အမည်မသိသေနတ်သမားမှ လုပ်ကြံသတ်ဖြတ်ခဲ့သည့် ကိစ္စ တအာင်း သံဃာတော်များအနေဖြင့် ကန့်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ အောက်တိုဘာလ ၂၁ ရက် မြန်မာနိုင်ငံလုံးဆိုင်ရာ တအာင်းသံဃာတော်များအဖွဲ့ (ဗဟို) က ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။ လားရှိုးမြို့နယ် ခေးနင်းကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပညာဇောတ (ဓမ္မာစရိယ)...

ထိုင်း- မလေးရှားနယ်စပ် တောထဲတွင် မြန်မာနိုင်ငံသား ၁၃ ဦးကို ထိုင်းနယ်စပ်လုံခြုံရေးတပ်မှ ဖမ်းဆီး

ထိုင်း- မလေးရှား နယ်စပ် တောထဲတွင် မလေးရှားသို့ သွားကြမည့် မြန်မာ နိုင်ငံသား ၁၃ ဦး ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိကြောင်း ထိုင်း သတင်းစာများ ရေးသားချက် အရသိရသည်။ မလေးရှားသို့ တရားမဝင် ခိုးဝင်ကြမည့် မြန်မာနိုင်ငံသား ၁၃ ဦးတွင်  အမျိုးသား ၁၀...

နမ္မ မြစ်ပေါ် ရေကာတာတည်ဆောက်မှုအား ဒေသခံများကန့်ကွက်လက်မှတ်ထိုး

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် အတွင်းရှိ နမ္မမြစ်ပေါ် ရေကာတာ တည်ဆောက်မှုအား ဆန့်ကျင်ကန့်ကွက်သူဒေသခံများ၏ လက်မှတ်များအား ကောက်ယူကာ သက်ဆိုင်ရာသို့ပေးပို့သွားမည် ဟု သိရသည်။ သီပေါမြို့နယ် အတွင်းရှိ နမ္မမြစ်ပေါ် ရေကာတာ တည်ဆောက်ရန်ကြိုးစားနေသော Unienergy ကုမ္ပဏီ မှဒေသခံ ပြည်သူအား တွေ့ဆုံရန်ကြိုးစားနေမှုကို ကန့်ကွက်သည့် အနေဖြင့်...

အာဆီယံက အသန့်ရှင်းဆုံးဆုချီးမြှင့်ထားသည့် တောင်ကြီးမြို့ မကြာခဏ ရေကြီးနေ

အာဆီယံက ယခုနှစ်  အသန့်ရှင်းဆုံးဆု ချီးမြှင့်ထားသည့် သျှမ်းပြည်တောင်ပိုင်း မြို့တော် တောင်ကြီးတွင် မကြာခဏ ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ အောက်တိုဘာ ၁၇ ရက် ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကြီးမြို့မ ဈေး၊ Ocean ကုန်တိုက် အတွင်းရေကြီး ရေလျှံဝင်ကာ အထည်ဆိုင်များ၊ ကုန်ပစ္စည်းဆိုင်များ ပျက်စီးဆုံးရှုံးမှုများရှိခဲ့...

မြန်မာရဲ ယောင်ဆောင်ပြီး ခိုးဝင်လာသည့် တရုတ်နိုင်ငံသား ၅ ဦး လောက်ကိုင်မြို့တွင်ဖမ်းဆီးရမိ

သျှမ်းပြည် မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်တွင် မြန်မာရဲ  ယောင်ဆောင်ပြီး ခိုးဝင်လာသည့် တရုတ် နိုင်ငံသား ၅ ဦး ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။   အောက်တိုဘာ ၁၅ ရက် ညနေပိုင်းတွင် လောက်ကိုင်မြို့ ရွှေဆင်နယ်မြေ အတွင်းသို့ အဆိုပါ တရုတ်နိုင်ငံသား ၅...

မဲခေါင်မြစ်ဝှမ်း ၅ နိုင်ငံ သံဃာတော်များအပါး ၄၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ တာချီလိတ်-မယ်ဆိုင်တံတားတွင် ကျင်းပပြုလုပ်

မဲခေါင်မြစ်ဝှမ်း ၅ နိုင်ငံမှ ဆရာတော်သံဃာတော် အပါး ၄၀၀ ကျော်အား ဆွမ်းဆန်စိမ်းလှူပွဲကို ထိုင်းနယ်စပ် တာချီလိတ် - မယ်ဆိုင်ချစ်ကြည်ရေးတံတားတွင်ကျင်းပရာ ၂ နိုင်ငံ ဒေသခံလူထု အများအပြား တက်ရောက် ခဲ့ကြောင်းသိရသည်။ အောက်တိုဘာလ ၁၆ ရက်မနက်ပိုင်း မနက် ၆ နာရီကတည်းက တာချီလိတ်-မယ်ဆိုင်တံတား...

ပန်ဆိုင်း အကောက်ခွန် အိမ်ယာ မီးလောင်

သျှမ်းပြည်နယ် မြောက်ပိုင်း တရုတ် - မြန်မာ နယ်စပ် ပန်ဆိုင်း( ကြူကုတ်) အကောက်ခွန်ရုံး ဝန်ထမ်း အိမ်ယာတွင် မီးလောင်မှု ဖြစ်ပွားကြာင်း သတင်းရရှိသည်။ အောက်တိုဘာလ ၁၄ ရက် ည ၇ နာရီခွဲအချိန်က ပန်ဆိုင်းမြို့ရှိ အကောက်ခွန်ရုံး ဝန်ထမ်း အိမ်ယာ ၆...

သီတင်းကျွတ်လပြည့်နေ့  အဝေရာကွင်းတွင် မီးပုံးပျံ ပြုတ်ကျ ကားမီးလောင်မှု ဖြစ်ပွား

သျှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ တွင် သီတင်းကျွတ်လပြည့်ည အပျော်လွှတ် မီးပုံးပျံတလုံး ပြုတ်ကျရာ ကားတစီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အောက်တိုဘာ ၁၃ ရက်  ည ၁၁ နာရီခွဲ က သီတင်းကျွတ်လပြည့်နေ့  အပျော်လွှတ်သည့် မီးပုံးပျံ လေတိုက်ရာမှ ပြုတ်ကျကာ ကားမီးလောင်မှုဖြစ်ပွားခဲ့သည် ဟု...

ကျိုင်းတုံမြို့နယ် အတွင်း ဗြောက်အိုး ကစားသည့် ကိုယ်ရင် ၂ပါး လက်ချောင်း ပြတ်ရှ

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ကတ်ထိုက် ကျေးရွာ အုပ်စု ဝမ့်နိမ့်ရွာ ဘုန်းကြီးကျောင်းတွင်  ကိုယ်ရင် ၂ပါး ဗြောက်အိုး ဆော့ရာမှ ထိခိုက်ဒဏ်ရာ ရရှိကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၂ ရက်ညပိုင်းက ဝမ့်နိမ့်ရွာ ဘုန်းကြီးကျောင်းတွင် သက်တော် ၁၇ နှစ်၊ ဝါတော်...

Latest news