မဲခေါင်မြစ်ဝှမ်း ၅ နိုင်ငံ သံဃာတော်များအပါး ၄၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ တာချီလိတ်-မယ်ဆိုင်တံတားတွင် ကျင်းပပြုလုပ်

0

မဲခေါင်မြစ်ဝှမ်း ၅ နိုင်ငံမှ ဆရာတော်သံဃာတော် အပါး ၄၀၀ ကျော်အား ဆွမ်းဆန်စိမ်းလှူပွဲကို ထိုင်းနယ်စပ် တာချီလိတ် – မယ်ဆိုင်ချစ်ကြည်ရေးတံတားတွင်ကျင်းပရာ ၂ နိုင်ငံ ဒေသခံလူထု အများအပြား တက်ရောက် ခဲ့ကြောင်းသိရသည်။

Photo SHAN- တာချီလိတ်-မယ်ဆိုင်တံတားတွင်ကျင်းပသော မဲခေါင်မြစ်ဝှမ်း သံဃာတော်အပါး ၄၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ

အောက်တိုဘာလ ၁၆ ရက်မနက်ပိုင်း မနက် ၆ နာရီကတည်းက တာချီလိတ်-မယ်ဆိုင်တံတား ပေါ် ကား အသွားအလာများခွင့်မပြုတော့ဘဲ ၂ နိုင်ငံဒေသခံများဆွမ်းလောင်းလှူရန် ၀င်ရောက်နေရာယူထားကြောင်း တာချီလိတ်ဒေသခံ စိုင်းမိန်း ကပြောသည်။

Photo SHAN- တာချီလိတ်-မယ်ဆိုင်တံတားတွင်ကျင်းပသော မဲခေါင်မြစ်ဝှမ်း သံဃာတော်အပါး ၄၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ

“သျှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နဲ့ စည်ပင်သာယာရေးဝန်ကြီး စိုင်းစွမ်ဆိုင်းတို့လည်း တက် ရောက်ကြတယ်။”- ဟု စိုင်းမိန်းကပြောသည်။

Photo SHAN- တာချီလိတ်-မယ်ဆိုင်တံတားတွင်ကျင်းပသော မဲခေါင်မြစ်ဝှမ်း သံဃာတော်အပါး ၄၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ

သံဃာတော်များသည် ထိုင်းနိုင်ငံမယ်ဆိုင်မှ လမ်းလျှောက်ကြွချီဆွမ်းခံလာကြမည်ဖြစ်ပြီး တံတားကိုဖြတ်ကာ တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် ခရီးစဉ်ပြီးဆုံးမည်ဖြစ်ကြောင်း ၊ရှမ်းရိုးမကွင်းတွင်ပင် အလှူရှင်များအား တရားဟော ဆုပေးမည်ဖြစ်ကြောင်းသိရသည်။

Photo SHAN- တာချီလိတ်-မယ်ဆိုင်တံတားတွင်ကျင်းပသော မဲခေါင်မြစ်ဝှမ်း သံဃာတော်အပါး ၄၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ

ယခုကဲ့သို့သော ဆွမ်းဆန်စိမ်းလောင်းလှူပွဲသည် တာချီလိတ်ဘက်ခြမ်းအထိ ၀င်ရောက်ဆွမ်းခံသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ယခင်နှစ်များသည်ထိုင်းနိုင်ငံမယ်ဆိုင်ဘက်ခြမ်းတွင်သာ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။


ဆွမ်းခံကြွမည့် ၆ နိုင်ငံသံဃာတော်များမှာ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့်တရုတ်နိုင်ငံများမှ သံဃာတော်များဖြစ်ကြောင်းသိရသည်။

Photo SHAN- တာချီလိတ်-မယ်ဆိုင်တံတားတွင်ကျင်းပသော မဲခေါင်မြစ်ဝှမ်း သံဃာတော်အပါး ၄၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ

ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အထိမ်းအမှတ် နိုင်ငံကျော် အဆိုတော်များမှလည်း တေးသီချင်းများ လာရောက်ဖျော်ဖြေကြကြောင်းသိရသည်။

Photo SHAN- တာချီလိတ်-မယ်ဆိုင်တံတားတွင်ကျင်းပသော မဲခေါင်မြစ်ဝှမ်း သံဃာတော်အပါး ၄၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ

Leave a Comments

SHARE