Tuesday, January 27, 2026

သံဃာတော် မောင်းနှင်လာသည့် ကားတစ်စီး တိမ်းမှောက်

သျှမ်းပြည် တောင်ကြီးခရိုင် ရွာငံမြို့နယ် နမ့်ပန်ရွာရှိ ပြည်ထောင်စု ကားလမ်းမပေါ်တွင် သံဃာတော်တစ်ပါး မောင်းနှင်လာသော ကားတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားကြောင်း စုံစမ်း သိရှိရသည်။

သံဃာတော် ကားတိမ်းမှောက်

ဖြစ်စဉ်မှာ ယနေ့ (မတ်လ ၁၅ ရက်) မနက်ပိုင်း ၉ နာရီအချိန်၌ ရွာငံမြို့ မှ မိုးမိတ်မြို့သို့ သွားရောက် အလှူဒါန်း ပြုလုပ်မည့် ဦးဇင်း (၂) ပါး နှင့် ကိုရင် ၁ ပါးသည် ရွာငံမြို့နယ် နမ့်ပန်ရွာ ပြည်ထောင်စုလမ်းမပေါ်ရှိ ဆိုင်ကယ်တစ်စီးကို ရှောင်တိမ်းရာကနေ တိမ်းမှောက်သွားကြောင်း ဆရာတော် တစ်ပါးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဆိုင်ကယ် တစ်စီးကို ရှောင်ရာကနေ မှောက်သွားတာ။ အရှေ့က ဆိုင်ကယ်တစ်စီး ဖြတ်ကွေ့ သွားလို့ သူ့ကို ရှောင်ရင်း မှောက်သွားတာ။ ဘုန်းဘုန်းကော ကိုရင်ကော ဘာမှမဖြစ်သွားဘူး။ ကားတွေတော့ အကုန်ပျက်သွားတယ်။ ကားထဲမှာ သူတို့ ၃ ပါးပဲရှိတယ် “ ဟု ၎င်းက ပြောသည်။

တိမ်းမှောက်သွားသည့် ကားအမျိုးအစားသည် Toyota Wish (အဖြူရောင်) အမျိုးအစားဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားပြီးနောက် ကျေးရွာအနီးရှိ ရွာသားများ လာရောက် ကူညီပေးခဲ့ပြီး ဦးဇင်း (၂) ပါး နှင့် ကိုရင် ၁ ပါး သည် ထိခိုက်ဒဏ်ရာ အနည်းငယ်ဖြင့် အသက်အန္တရာယ်မှ ဘေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် ထော်လာဂျီ တစ်စီးတိမ်းမှောက် ၁ ဦး သေဆုံး၊ ၃ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် သိန္နီမြို့နယ် ဟိုမိန်းရွာမှ ၂ မိုင်ခန့် ကွာဝေးသော ဟိုမျှင်လမ်းတွင် ထော်လာဂျီတစ်စီး တိမ်းမှောက်ကာ အမျိုးသမီး ၁ ဦး သေဆုံးပြီး လူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂၁) ရက် နံနက်ပိုင်း ၈...

တာချီလိတ်ခရိုင် တစ်ရက်အတွင်း ယာဉ်တိုက်၊ ယာဥ်တိမ်းမှောက်မှု လူ ၃ ဦး သေဆုံး

0
သျှမ်းပြည် တာချီလိတ်ခရိုင်တွင် တစ်ရက်အတွင်း ယာဉ်တိုက်မှု၊ တိမ်းမှောက်မှုကြောင့် အမျိုးသမီးတစ်ဦး အပါအဝင် လူ ၃ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၈) ရက် နံနက်အစောပိုင်း ၃ နာရီတွင် ကျိုင်းတုံ - တောင်ကြီး ကားလမ်းပေါ်ရှိ ကျိုင်းဖောင်းရွာ အနီး၌...

တန့်ယန်း ယာဉ်တိမ်းမှောက် ကလေးအပါအဝင် လူ ၅ ဦး ထိခိုက်ဒဏ်ရာရ၊ အမျိုးသား ၁ ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့အဝင် မုခ်ဦးအကျော်တွင် အိမ်စီးကားတစ်စီး တိမ်းမှောက်ပြီး ကားပေါ်လိုက်ပါသူ ၁၀ နှစ် ကလေးငယ် အပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဒီဇင်ဘာလ ၂၁ ရက် ညနေ ၄ နာရီခွဲအချိန် တန့်ယန်း...

တာချီလိတ် ဝါးရုံတောတွင်း သံဃာတော် ၁ ပါး ရုပ်အလောင်းတွေ့ရှိ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ လွယ်တော်ခမ်း ကျေးရွာအုပ်စု လွယ်တော်ခမ်း သဘာဝ တရားရိပ်သာ ကျောင်းအနီးတွင် သေဆုံးနေသော သံဃာတော် တစ်ပါး၏ ရုပ် အလောင်းကို တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ အောက်တိုဘာ ၆ ရက် နေ့လည် ၁ နာရီ ဝန်းကျင်တွင် သဘာဝ ဝာရားရိပ်သာကျောင်း...

တာချီလိတ် – ကျိုင်းတုံကြား ယာဉ်တစ်စီး တိမ်းမှောက်ပြီး ၄ ဦးသေဆုံး

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် - ကျိုင်းတုံကားလမ်းပေါ်ရှိ တာလေမြို့နယ် နားယောင်းအုပ်စု ပါခမ်းနွဲ့ကျေးရွာတွင် ယာဉ်တစ်စီး တိမ်းမှောက်ပြီး နမ့်လင်းချောင်းထဲသို့ ထိုးကျကာ ကလေးအပါအဝင် ၄ ဦး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ အောက်တိုဘာ ၁ ရက် နံနက် ၆ နာရီတွင် တာချီလိတ်မြို့မှ...