Monday, April 29, 2024

တန့်ယန်း ယာဉ်တိမ်းမှောက် ကလေးအပါအဝင် လူ ၅ ဦး ထိခိုက်ဒဏ်ရာရ၊ အမျိုးသား ၁ ဦးသေဆုံး

Must read

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့အဝင် မုခ်ဦးအကျော်တွင် အိမ်စီးကားတစ်စီး တိမ်းမှောက်ပြီး ကားပေါ်လိုက်ပါသူ ၁၀ နှစ် ကလေးငယ် အပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယာဥ်တိမ်းမှောက်မှု

ယမန်နေ့ ဒီဇင်ဘာလ ၂၁ ရက် ညနေ ၄ နာရီခွဲအချိန် တန့်ယန်း – ပန်ဆန်း ပြည်ထောင်စု ကားလမ်းမပေါ်တွင် အရှိန်ပြင်းထန်စွာဖြင့် မောင်းနှင်လာသော အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး ကားပေါ်လိုက်ပါလာသူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိပြီး အမျိုးသား ၁ ဦး သေဆုံးသွားကြောင်း တန့်ယန်းမြို့နယ် အရန်မီးသတ်တပ်ရင်းဌာနမှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျနော်တို့ တန့်ယန်းကနေ ပန်ဆန်းသွားလမ်း မုခ်ဦး အကျော်နားမှာဘဲ မှောက်သွားတာ။ သူတို့ကားမောင်းတာ နည်းနည်း အရှိန်များသွားမယ်ထင်တယ်။ လမ်းကလည်း အဖြောင့်ပဲ အကွေ့အကောက်လည်းမရှိဘူး။ ကားပေါ်လိုက်ပါတဲ့ ၁၀ နှစ်အောက် ကလေးတစ်ယောက်ရယ် အမျိုးသမီး ၂ ယောက်၊ အမျိုးသား ၃ ယောက်ထဲက ၁ ယောက်ကတော့ ဆေးရုံမှာဆုံးသွားတယ် “ ဟု ၎င်း တာဝန်ခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရှိသူများကို လက်ရှိမှာ တန့်ယန်းပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေကြောင်း သိရသည်။

ထို့အပြင် ယာဉ်တိမ်းမှောက်မှု နှင့် ပတ်သက်ပြီး မတော်တဆ ယာဉ်တိမ်းမှောက်မှု မဖြစ်ပွားအောင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာပြီး မောင်းနှင်ပေးရန် လိုအပ်ကြောင်း ၎င်းကတိုက်တွန်း ထားသည်။

“ကျနော်တို့မြို့မှာ ယာဉ်တွေများလာတော့ မောင်းရင်သတိထားပေါ့နော်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက်နာပြီး မောင်းပါ။ မဆင်မခြင် မမောင်းဖို့ ၊ သတိထားပြီး မောင်းပေးကြပါ “ ဟု ၎င်းက တိုက်တွန်းထားပါသည်။

သျှမ်းပြည်တန့်ယန်းမြို့နယ်အပြင် လားရှိုး၊ သိန္နီ၊ မူဆယ်၊ နမ့်ခမ်း၊ တာချီလိတ် စသည့်ဖြင့် ယာဉ်တိုက်မှု၊ ယာဉ်တိုက်မှုမှာ နေ့စဉ်နှင့်အမျှ ဖြစ်နေပြီး သေဆုံးမှုများလည်း နေ့တိုင်း ရှိနေကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article