တန့်ယန်း ယာဉ်တိမ်းမှောက် ကလေးအပါအဝင် လူ ၅ ဦး ထိခိုက်ဒဏ်ရာရ၊ အမျိုးသား ၁ ဦးသေဆုံး

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့အဝင် မုခ်ဦးအကျော်တွင် အိမ်စီးကားတစ်စီး တိမ်းမှောက်ပြီး ကားပေါ်လိုက်ပါသူ ၁၀ နှစ် ကလေးငယ် အပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယာဥ်တိမ်းမှောက်မှု

ယမန်နေ့ ဒီဇင်ဘာလ ၂၁ ရက် ညနေ ၄ နာရီခွဲအချိန် တန့်ယန်း – ပန်ဆန်း ပြည်ထောင်စု ကားလမ်းမပေါ်တွင် အရှိန်ပြင်းထန်စွာဖြင့် မောင်းနှင်လာသော အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး ကားပေါ်လိုက်ပါလာသူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိပြီး အမျိုးသား ၁ ဦး သေဆုံးသွားကြောင်း တန့်ယန်းမြို့နယ် အရန်မီးသတ်တပ်ရင်းဌာနမှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျနော်တို့ တန့်ယန်းကနေ ပန်ဆန်းသွားလမ်း မုခ်ဦး အကျော်နားမှာဘဲ မှောက်သွားတာ။ သူတို့ကားမောင်းတာ နည်းနည်း အရှိန်များသွားမယ်ထင်တယ်။ လမ်းကလည်း အဖြောင့်ပဲ အကွေ့အကောက်လည်းမရှိဘူး။ ကားပေါ်လိုက်ပါတဲ့ ၁၀ နှစ်အောက် ကလေးတစ်ယောက်ရယ် အမျိုးသမီး ၂ ယောက်၊ အမျိုးသား ၃ ယောက်ထဲက ၁ ယောက်ကတော့ ဆေးရုံမှာဆုံးသွားတယ် “ ဟု ၎င်း တာဝန်ခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရှိသူများကို လက်ရှိမှာ တန့်ယန်းပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေကြောင်း သိရသည်။

ထို့အပြင် ယာဉ်တိမ်းမှောက်မှု နှင့် ပတ်သက်ပြီး မတော်တဆ ယာဉ်တိမ်းမှောက်မှု မဖြစ်ပွားအောင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာပြီး မောင်းနှင်ပေးရန် လိုအပ်ကြောင်း ၎င်းကတိုက်တွန်း ထားသည်။

“ကျနော်တို့မြို့မှာ ယာဉ်တွေများလာတော့ မောင်းရင်သတိထားပေါ့နော်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက်နာပြီး မောင်းပါ။ မဆင်မခြင် မမောင်းဖို့ ၊ သတိထားပြီး မောင်းပေးကြပါ “ ဟု ၎င်းက တိုက်တွန်းထားပါသည်။

သျှမ်းပြည်တန့်ယန်းမြို့နယ်အပြင် လားရှိုး၊ သိန္နီ၊ မူဆယ်၊ နမ့်ခမ်း၊ တာချီလိတ် စသည့်ဖြင့် ယာဉ်တိုက်မှု၊ ယာဉ်တိုက်မှုမှာ နေ့စဉ်နှင့်အမျှ ဖြစ်နေပြီး သေဆုံးမှုများလည်း နေ့တိုင်း ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တန့်ယန်းမြို့ ကျောက်တံတိုင်းပြိုကျ အမျိုးသမီးတစ်ဦး သေဆုံး

0
 သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် မိုးသည်းထန် ရွာသွန်းမှုကြောင့် မြေထိန်းနံရံ (ကျောက်တံတိုင်း)ပြိုကျပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယနေ့ (ဇွန်လ ၈ ရက်) မနက် ၄ နာရီ ဝန်းကျင်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တန့်ယန်းမြို့ ၊ ရပ်ကွက် (၆) နယ်မြေ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...