Thursday, January 29, 2026

ခေးနင်းကျောင်းထိုင်ဆရာတော် ပစ်သတ်ခံရသည့် ကိစ္စ တအာင်းသံဃာတော်များကန့်ကွက်ရှုံ့ချ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် ခေးနင်းကျောင်းတိုက် ကျောင်းထိုင်ဆရာတော် အား အမည်မသိသေနတ်သမားမှ လုပ်ကြံသတ်ဖြတ်ခဲ့သည့် ကိစ္စ တအာင်း သံဃာတော်များအနေဖြင့် ကန့်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

အောက်တိုဘာလ ၂၁ ရက် မြန်မာနိုင်ငံလုံးဆိုင်ရာ တအာင်းသံဃာတော်များအဖွဲ့ (ဗဟို) က ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။

လားရှိုးမြို့နယ် ခေးနင်းကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပညာဇောတ (ဓမ္မာစရိယ) အား အောက်တိုဘာ ၂၀ ရက် ညနေ ၆ နာရီ ၄၅ မိနစ်က ဆိုင်ကယ်မောင်းလာသည့် သေနတ်သမား၂ ဦး က သေနတ် ၅ ချက် ပစ်ခတ်သဖြင့် ဆရာတော် နေရာတွင်ပင် ပွဲချင်းပြီး ပျံလွန်တော်မူခဲ့သည်။

Photo Credit to Lashio Youth- အောက်တိုဘာလ ၂၀ ရက် ၂၀၁၉ တွင် သေနတ်ပစ်ခတ်ခံရသော လားရှိုးမြို့ခေးနင်းအုပ်စု ခေးနင်းကျောင်းတိုက်ဆရာတော်ဦးပညာဇောတ

ခေးနင်းကျောင်းတိုက်ဆရာတော် ပစ်ခတ်ခံရမှုနှင့်အလားတူသည့် ယမန်နှစ် အောက်တိုဘာလ ကျောက်မဲမြို့နယ် ဓမ္မမေဒနီရွှေကျင်ကျောင်း တိုက်(ကျောင်းယွက်ကျောင်းတိုက်) ပဓာန နာယကဆရာတော် ဘဒ္ဒန္တ ကလျာဏဝံသ ပစ်ခတ်ခံရမှုသည်လည်း ယနေ့တိုင် သေနတ်သမားများအား ဖမ်းဆီးမိခြင်းမရှိသေးပေ။

Photo by Kaw Dai Organization / ၂၀၁၈ အောက်တိုဘာလ ၅ ရက်နေ့ သေနတ်သမား ၂ ဦးမှဝင်ရောက်ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဓမ္မမေဒနီရွှေကျင်ကျောင်း တိုက်(ကျောင်းယွက်ကျောင်းတိုက်)မှ ကျောင်းထိုင်ဆရာတော် ဦးကလျာဏ ဝံသ

၄င်းနှင့်ပတ်သက်ပြီး အမှန်တရား အမြန်ဆုံး ပေါ်ပေါက် လာစေရန် အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကြိုးစားဆောင်ရွက်ပေးရန် လည်း တအာင်း သံဃာတော်များ အဖွဲ့(ဗဟို) က တောင်းဆိုလိုက်သည်။

ခေးနင်းကျေးရွာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပညာဇောတ (ဓမ္မာစရိယ) သည် ၂၀၀၃ ခုနစ်မှ စတင်ကာ သျှမ်းပြည်နယ် မြောက်ပိုင်းလားရှိုးမြို့နယ် ခေးနင်းကျေးရွာ၊ ရွာဦး ကျောင်းတွင် သီတင်းသုံးနေထိုင်ပြီး၊ လူမျိုးဘာသာ မခွဲဘဲ တတ်စွမ်းသလောက် တရားစခန်းများ ဖွင့်လှစ်ကာသာသနာအကျိုးသယ်ပိုးပေးခဲ့သည်။

ထို့ပြင် တအာင်းစာပေသင်တန်း၊ သျှမ်းစာပေသင်တန်း နှင့် နွေရာသီ ကာလ အခြေခံ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု လိမ္မာသင်တန်းတို့ ကို ဖွင့်လှစ်သင်ကြားပို့ချရင်း သာသနာပြုလုပ်ငန်း ဆောင်ရွက်သည့် ဆရာတော်တပါးဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News