Wednesday, January 28, 2026

ကျိုင်းတုံမြို့နယ် အတွင်း ဗြောက်အိုး ကစားသည့် ကိုယ်ရင် ၂ပါး လက်ချောင်း ပြတ်ရှ

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ကတ်ထိုက် ကျေးရွာ အုပ်စု ဝမ့်နိမ့်ရွာ ဘုန်းကြီးကျောင်းတွင်  ကိုယ်ရင် ၂ပါး ဗြောက်အိုး ဆော့ရာမှ ထိခိုက်ဒဏ်ရာ ရရှိကြောင်း သတင်းရရှိသည်။

Photo Credit to Sai Wan- ဗြောက်ကစားရာမှ ပေါက်ကွဲဒဏ်ရာရရှိသည့်ကိုယ်ရင်ငယ်

ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၂ ရက်ညပိုင်းက ဝမ့်နိမ့်ရွာ ဘုန်းကြီးကျောင်းတွင် သက်တော် ၁၇ နှစ်၊ ဝါတော် ၈ဝါ ရှိ ကိုယ်ရင် ဖနွဲ့ရှန် နှင့် သက်တော် ၁၃ နှစ်၊ ဝါတော် ၄ ဝါ ရှိ ကိုယ်ရင် ဖဆမ်လာ တို့သည်   ဗြောက်အိုး ဆော့ကစားကြရာ ယမ်းစများ ထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း ကျိုင်းတုံ ဒေသခံများ ပြောပြချက် အရသိရသည်။

“ မနေ့က ကိုယ်ရင် ၂ ပါး ဗြောက်အိုးဖောက်တော့ ယမ်းစထိမှန်တယ်။ ဒဏ်ရာတွေကတော်တော် များတယ်။ ကိုယ်ရင် တပါးဆိုရင် လက်ချောင်းတွေ ပြတ်သွားတယ်” ဟု ကျိုင်းတုံ ဒေသခံ စိုင်းတစ် က ပြောသည်။

ဗြောက်အိုး ပေါက်ကွဲကာ ယမ်းစထိမှန်မှုကြောင့် ကိုယ်ရင် ဖနွဲ့ရှန်သည် ဝဲဘက် လက်ချောင်း ပြရှ၊ ရင်ဘတ် ပေါက်ပြဲ၊ ယာဒူးခေါင်းပေါက်ပြဲဒဏ်ရာရရှိပြီး၊   ဖဆမ်လာ သည် မျက်နှာပြင် ပေါက်ပြဲ၊ ဝဲဘက် လက်ချောင်းများ ပေါက်ပြဲကြောင်း စိုင်းတစ် က ပြောသည်။

လက်ရှိမှာ ဗြောက်အိုး ထိမှန်သည့် ကိုယ်ရင် ၂ ပ ါး သည် ကျိုင်းတုံ မြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါး ကုသမှု ခံယူနေကြောင်းသိရသည်။

သီတင်းကျွတ် နှင် တန်ဆောင်တိုင် ကာလ အတွင်း မီးရှူး၊ မီးပန်းများ၊ ဗြောက်အိုးများ ရောင်းချခြင်း နှင့် ဆော့ကစားခြင်း မပြုလုပ်ရန် လည်း အာဏာပိုင်များ က သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

“ ဒီသီတင်းကျွတ်နဲ့ တန်ဆောင်တိုင် ကာလတော့ ကလေးတွေ ရဲ့ အကြိုက်ပေါ့။ မဆော့ဖို့ပြောပေမယ့် သူတို့က ခိုးဆော့ကြတယ်။ ရောင်းတဲ့သူကလည်း ရှိတော့ ဝယ်တဲ့ သူကလည်း ရှိတယ်” ဟု ကျိုင်းတုံ ဒေသခံ  နန်းယိင်း ကပြောသည်။

မီးရှူး၊ မီးပန်းများ၊ ဗြောက်အိုးများ ရောင်းချသည့် သူများကို တွေ့ရှိပါက ကြီးလေးသည့် ပြစ်ဒဏ်ပေးသင့်ကြောင်း၊ လက်ရှိမှာ ရောင်းချသူများကို အရေးယူဖမ်းဆီးခြင်းမရှိသောကြောင့် ဆက်လက်ရောင်းချနေခြင်းဖြစ်ကြောင်းလည်း နန်းယိင်းက ပြောသည်။

ဗြောက်အိုး ဆော့ ကစားသည့် ကိုယ်ရင် ၂ ပါး ဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် မိမိ ကလေးများကို ဗြောက်အိုး မကစားရန် သေချာ ကြည့်ရှုသင့်ကြောင်း လည်း နန်းယိင်းက ပြောပါသည်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါမြို့တွင် မပေါက်ကွဲသေးသည် စစ်လက်ကျန်ပစ္စည်း ကိုင်တွယ်မိရာ ပေါက်ကွဲပြီး နှစ်ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် မပေါက်ကွဲသေးသည် စစ်လက်ကျန်ပစ္စည်း ကိုင်တွယ်မိရာ ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသား နှစ်ဦးသေဆုံးကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၂၅ ရက်)နေ့ နံနက်ပိုင်း ၉ နာရီဝန်းကျင်တွင် သီပေါမြို့နယ် ကုန်စုံကျေးရွာတွင်းရှိ အမျိုးသား နှစ်ဦးသည် မပေါက်ကွဲသေးသော...

ရိုးရာပွဲ မီးလုံးအတွက် ယမ်းထောင်းရာမှ ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသား ၃ ဦးပြင်းထန်ဒဏ်ရာရ

0
သျှမ်းပြည် တောင်ပိုင်း အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်တွင် ရိုးရာပွဲအတွက် မီးလုံးပြုလုပ်ရန်ယမ်းထောင်းရာမှ မတော်တဆပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသား ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိပြီး နေအိမ်လည်း မီးလောင်းပြကျသွားခဲ့ရကြောင်း သိရသည်။ ယမန်နေ့ (မေ လ ၁၃) ရက် ညနေ ၂ နာရီခန့်တွင် ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှု ၃ဆင့်ဖြစ်ပေါ်ကာ မီးသတ်...

နမ္မတူ လက်နက်ကြီးဆော့ကစားပြီး ပေါက်ကွဲ ကလေး ၁ ဦး ပွဲချင်းပြီး သေဆုံး၊ ၁ ဦး ဒဏ်ရာပြင်းထန်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် မပေါက်ကွဲသေးသည့် လက်နက်ကြီး ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပြီး ကလေးတစ်ဦး ပွဲချင်းပြီး သေဆုံးကာ ၁ ဦး ဒဏ်ရာပြင်းထန်ခဲ့ကြောင်း စုံစမ်းသိရသည်။ မတ်လ ၃ ရက်နေ့က နမ္မတူမြို့နယ် နမ့်ခွန်လုံ (ခ) တောင်သုံးလုံးကျေးရွာတွင် မပေါက်ကွဲသေးသည့် စစ်အကြွင်းအကျန် လက်နက်ကြီးကို ယူဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး...

ရွာအတွင်း စစ်ကောင်စီလက်နက်ကြီးပစ်ခတ် မုံးကိုးဒေသခံ ၆၀၀ ကျော်ထွက်ပြေးရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်ခွဲအတွင်း ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ရပ်ရွာအတွင်း စစ်ကောင်စီလက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ဒေသခံ လူထု ၆၀၀ ကျော်နေရပ်မှ တိမ်းရှောင် ထွက်ပြေးနေရသည်ဟုသတင်းရရှိသည်။   သြဂုတ်လ ၂၉ ရက် နံနက်တွင် ထပ်မံဖြစ်ပွားခဲ့သည့် မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်၊ ကောင်းလုံ ကျေးရွာအုပ်စု၊ နမ့်ဟ...

တောင်ကြီးမြို့ ကြံခိုင်ရေးရုံးအနီး ပေါက်ကွဲမှုဖြစ်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ကြံ့ခိုင်းရေးရုံးအနီးတွင် ယနေ့ (မေ ၂၄) ရက် ညနေ ၃ နာရီခွဲအချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ “ ကြံ့ခိုင်ရေရုံးရှေ့မှာ ရဲတွေကားတွေ ကြိုးတားပြီးတော့မှ ပိတ်ထားပါတယ်။ အဲနေရာမှာ ကွဲသွားတာပါ။ ကျနော်အခုမှ အဲရှေ့ကနေ ဖြတ်လာတာပါ” ဟု တောင်ကြီးမြို့ မျက်မြင်တွေ့ရှိသူ...