နမ္မတူ လက်နက်ကြီးဆော့ကစားပြီး ပေါက်ကွဲ ကလေး ၁ ဦး ပွဲချင်းပြီး သေဆုံး၊ ၁ ဦး ဒဏ်ရာပြင်းထန်

သျှမ်းပြည် နမ္မတူမြို့နယ်တွင် မပေါက်ကွဲသေးသည့် လက်နက်ကြီး ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပြီး ကလေးတစ်ဦး ပွဲချင်းပြီး သေဆုံးကာ ၁ ဦး ဒဏ်ရာပြင်းထန်ခဲ့ကြောင်း စုံစမ်းသိရသည်။

နမ္မတူမြို့

မတ်လ ၃ ရက်နေ့က နမ္မတူမြို့နယ် နမ့်ခွန်လုံ (ခ) တောင်သုံးလုံးကျေးရွာတွင် မပေါက်ကွဲသေးသည့် စစ်အကြွင်းအကျန် လက်နက်ကြီးကို ယူဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး အသက် ၁၃ နှစ်အရွယ်ရှိ မောင်ထွန်းထွန်းဝင်း ပွဲချင်းပြီး သေဆုံး၍ ၁၁ နှစ်အရွယ်ရှိ မောင်ပုရစ်သည် ဒဏ်ရာပြင်းထန်ကြောင်း နမ္မတူဒေသခံများက ပြောသည်။

“နမ့်ခွန်လုံဘက်က စစ်တပ်နားမှာ ဖြစ်တာ။ နမ္မတူနယ်ထဲမှာ အရင်တုန်းက တိုက်ပွဲဖြစ်တော့ ကျန်ခဲ့တဲ့ စစ်လက်ကျန် ပစ္စည်းပေါ့။ တောထဲသွားတဲ့ ကလေးတွေက မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကို ယူဆော့မိရင်းနဲ့ ပေါက်ကွဲတာ၊ တစ်ယောက်ကတော့ ပွဲချင်းပြီး ဆုံးသွားတယ်”ဟု ဖြစ်စဉ်သိရှိသူ နမ္မတူဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မပေါက်ကွဲသေးသည့် လက်နက်ကြီးဆော့ကစားပြီး ပေါက်ကွဲမှုကြောင့် ဦးခေါင်းနှင့် လက်တို့တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ကလေးကို လက်ရှိတွင် လားရှိုး ပြည်သူ့ဆေးရုံသို့ ဆေးဝါးကုသရန် ပို့ဆောင်ထားကြောင်း ၎င်းအမျိုးသမီးက ဆက်ပြောသည်။

အဆိုပါ စစ်အကြွင်းအကျန် အမျိုးအစားသည် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA တို့၏ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားပြီးနောက် ကျန်ရှိခဲ့သည့် လက်နက်ကြီးဖြစ်နိုင်ကြောင်း နမ္မတူဒေသခံများက ပြောသည်။

အလားတူ ဖေဖော်ဝါရီလ ၂ ရက်ကလည်း နမ့်ဆန်မြို့နယ်တွင် မပေါက်ကွဲသေးသည့် စစ်အကြွင်းအကျန် လက်နက်ကြီးကို ယူဆော့ကစားမိရာမှ ပေါက်ကွဲမှု ဖြစ်ပွားခြင်းကြောင့် အသက် (၁၀)နှစ်အောက် ကလေးငယ် ၃ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့ (TWO) မှ ထုတ်ပြန်ထားသည်။

မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေးအဖွဲ့၏ ၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ မှတ်တမ်းများအရ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်အကြွင်းအကျန်များကြောင့် မြန်မာနိုင်ငံတဝှမ်းလုံး၌ သျှမ်းပြည်တွင် အရပ်သားထိခိုက်သေဆုံးမှု အများဆုံးဖြစ်ပွားခဲ့ပြီး ကလေးထိခိုက်သေဆုံးမှုမှာ စုစုပေါင်း၏ လေးပုံတစ်ပုံခန့်ရှိကြောင်း ထုတ်ပြန်ထားသည်။

ထိုအထဲတွင် အများစုမှာ စစ်လက်နက်အကြွင်းအကျန်နှင့် မိုင်းများကို ပေါက်ကွဲစေတတ်သည့် ပစ္စည်းမှန်းမသိဘဲ ထိမိကိုင်မိပြီး ယူဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွား၍ ထိခိုက်သေဆုံးရခြင်းဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီ-နမ္မတူကြား MNDAA တပ်အပြောင်းအရွှေ့လုပ်

0
သျှမ်းပြည် သိန္နီမြို့နှင့် နမ္မတူမြို့ကြား ကိုးကန့်တပ်ဖွဲ့ MNDAA စခန်းချ တပ်စွဲထားသည့် နေရာများတွင် တပ်အပြောင်းအရွှေ့ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ တတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ကြားရှိ မိုင်းရင်ကျေးရွာအုပ်စုဘက်တွင် MNDAA...

နမ္မတူသတ္တုတွင်း ဝန်ထမ်းအိမ်ရာများကို TNLA ကဖယ်ရှားခိုင်း

0
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ပေါ်ရှိ သတ္တုတွင်း ဝန်ထမ်းအိမ်ရာတွင်နေထိုင်သူများကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဖယ်ရှားရန် ညွှန်ကြားထားသောကြောင့် နှစ်ရှည်လများ အခြေချနေထိုင်လာသည့် အငြိမ်းစားဝန်ထမ်းများနှင့် မိသားစုဝင်များမှာ အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ နမ္မတူမြို့ သတ္တုတွင်းရပ်ကွက် (၄) ရှိ ဝန်ထမ်းအိမ်ရာများတွင် နေထိုင်သူများကို TNLA အုပ်ချုပ်ရေးအဖွဲ့က...

ကွတ်ခိုင်မြို့နယ် TNLA တပ်စခန်းများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် MNDAA တိုက်ခိုက်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်စခန်းနေရာများကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြုပြီး စတင်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၄ ရက်) နံနက် ၁၀ နာရီခန့်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်ရှိ မုံးစီး၊ နမ့်ဖတ်ကာ၊...
Namhpakka_Flood

ကွတ်ခိုင်မြို့နယ်အတွင်း အခါလွန်မိုးရွာပြီး တောင်ကျရေကြောင့် စပါးခင်းရေမြုပ် ပျက်စီးမှုများ

0
သျှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေကြောင့် စပါးခင်းများ ရေမြုပ်ကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖယ်ခုံ စစ်တပ် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ စပါးပြန်ရိတ်ရန်ခက်ခဲနေ

0
ဖသျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် စစ်ကော်မရှင်တပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ စပါးသွားရိတ်ရန် အခက်အခဲဖြစ်နေကြောင်း သတင်းရရှိသည်။ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် PNO နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ နှစ်ဘက်ထိတွေ့ တိုက်ပွဲများ ငြိမ်သက်နေသော်လည်း စစ်ကော်မရှင်တပ်မှ လက်နက်ကြီးဖြင့်...