စစ်မီးကြားက သွက်လက်နေတဲ့ သျှမ်းတောင် အိမ်ခြံမြေ စျေးကွက်
SHAN -
စစ်အာဏာသိမ်းမှုကို ရက်ပေါင်း ရာနှင့်ချီ တခဲနက် ဆန့်ကျင် ဆန္ဒပြခဲ့သည့် သျှမ်းတောင် တခွင် မြို့ကြီး၊ ရွာကြီးများသည် ယခုအခါ နိုင်ငံ အနှံ့အပြား ဖြစ်ပွားနေသည့် ပဋိပက္ခ ဒေသများမှ ပြောင်းရွှေ့ နေထိုင်လိုသူများ အတွက် ရွေးချယ်စရာ နေရာ တစ်ခု ဖြစ်လာနေသည်။ တောင်ကြီး၊ ကလော၊...
SHAN -
မြေပြင်တွင် တံတားများ ပြိုကျနေသည်။ အိုးအိမ် အပျက်အစီးများသည် မျက်စိ တဆုံးဟု ဆိုရမည်။ သို့သော် ရက် ၆၀ ကျော် ကြာြမင့်လာပြီဖြစ်သည့် တော်လှန်ရေးတပ်များ၏ ထိုးစစ်သည် အောင်မြင်မှုများစွာဖြင့် အရှိန်မြင့်သထက် မြင့်လာနေဆဲ ဖြစ်သည်။ ၁၉၆၂ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်ထောင်စုဟု ကြွေးကြော်ကာ...
လားရှိုးမှသည် မန္တလေး၊ မိတ္ထီလာ လွင်ပြင်ဆီသို့
SHAN -
ဒေါ်လာ ဘီလီယံ ၁၀ ချီ တန်ဖိုးရှိမည်ဟု ခန့်မှန်းရသည့် ခေတ်မှီမြို့ကြီးသည် လေကြောင်းမှ ဗုံးကြဲသည့် ဒဏ်ရာဒဏ်ချက်များနှင့် အကျည်းတန်နေလေပြီ။ ဗုံးနှင့် လက်နက်ကြီး လက်နက်ငယ်သံကြားတွင် မြို့တော် လောက်ကိုင် မပျက်မဆီး အကောင်းအတိုင်း ရရှိရေးဆိုသည့် MNDAA တပ်ဖွဲ့၏ မျှော်လင့်ချက် ပျက်ပြယ်ခဲ့ရပြီ ဖြစ်သည်။ သို့သော်...
ကိုးကန့် “ဖုန်”မိသားစု အိမ်ပြန်လမ်းက ပေးတဲ့ အိပ်မက်ဆိုးများ
SHAN -
သျှမ်းပြည်မြောက်ပိုင်းရဲ့ ကောင်းကင်တခွင်မှာ သီတင်းကျွတ် မီးရှူးမီးပန်း ပစ်ဖောက်သံမဟုတ်တဲ့ သေနတ်သံ၊ လက်နက်ကြီး ပစ်ခတ်သံတွေဟာ မိသားစုတွင်း တိုးတိုးတိတ်တိတ် ငိုကြွေးသံ၊ စစ်အောင်နိုင်ရေး ကြုံးဝါးသံနဲ့အတူ ယမ်းငွေ့နံ့ တထောင်းထောင်း ထွက်နေတာ အခုဆို နှစ်လနီးပါး ရှိလာပြီ ဖြစ်ပါတယ်။ မြန်မာ - တရုတ် နယ်စပ်အပါအဝင် မြန်မာနိုင်ငံအတွင်း...
သျှမ်းမြောက်ကို ညီနောင်မဟာမိတ်တပ်တွေ သိမ်းပိုက်နိုင်မလား
SHAN -
သာယာကြည်လင်သည့် ကောင်းကင်ယံထက်တွင် ဂျက်တိုက်လေယာဥ်သံ၊ လက်နက်ကြီး ပစ်ခတ်သံများ ဆူညံနေသည်။ လမ်းမ တစ်လျောက် တံတားကြီးများ ကျိုးကျပျက်စီးနေသည်။ မြို့ရွာများ ပျက်စီးနေသည်မှာ မြင်မကောင်း။ ကုန်းကြောင်းလျှောက်နေသည့် ထောင်နှင့်ချီသော စစ်ဘေးရှောင် လူအုပ်ကြီးသည် ခေတ္တနားခိုရာ ဒေသများဆီကနေ ဘယ်ဆီဘယ်၀ယ် ရှေ့ဆက်မည်မသိ လမ်းပျောက်နေလေပြီ။ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေး...
သမီးလေးအသက်ကို လုယူသွားတဲ့ စစ်ဘီလူး
“အမေ ဘယ်လို ဖြေဆည်ရမှာလဲ ချစ်သမီးလေးရယ်... ။ သမီး နဲ့ နောက်ထပ် စကားပြောနိုင်ဖို့ အမေဘယ်လို လုပ်ရမလဲ..။ မျက်လုံးလေးဖွင့်ပြီး အမေ့ကို ပြောပြပါလား သမီးရယ်“လို့ သျှမ်းဘာသာ စကားနဲ့ ငိုယိုပြီး ပြောတဲ့သူကတော့ သမီးလေးနဲ့ ၈ နှစ်ကျော်ကြာ ခွဲခွာပြီး တိုင်းတပါးမှာ...
စစ်မြေပြင်ကြားက လွှတ်မြောက်လာသူများ
အခင်းမပါ၊ ခြုံထည်မပါဘဲ မြေကြီးပေါ် လူထောင်ချီတွေဟာ ဖြစ်သလို လှဲလှောင်းနေကြပါတယ်။ ထိုလှဲလှောင်း အိပ်စက်နေတဲ့သူတွေဟာ သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသ လောက်ကိုင်မြို့ မှာ “ ၁၀၂၇ စစ်ဆင်ရေး” ကြောင့် အောက်တိုဘာ နောက်ဆုံးပတ်မှာ ထွက်ပြေးတိမ်းရှောင်လာကြသူတွေ ဖြစ်ပါတယ်။ သူတို့လှဲလှောင်းနေတဲ့ လာရာလမ်းတလျှောက်မှာ စစ်ကောင်စီရဲ့ စစ်ဆေးမှု၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ...
SHAN -
သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ စခန်းသစ်ကုန်း ကို သိမ်းပိုက်နိုင်ဖို့အတွက် နိုဝင်ဘာ (၃) ရက်နေ့ကစတင်ပြီး တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA ) နဲ့ စစ်ကောင်စီ တို့ နေ့စဥ်ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားနေပါတယ်။ ဒီထိုးစစ်ဆင်မှုဟာ ၃ ပတ်ကြာလာပြီး TNLA...
ထွက်ပေါက်မရှိ နယ်စပ်မျဥ်းပေါ် ပိတ်မိနေသူများ
ခြုံပုတ်ထူထူထဲမှာ အစိမ်းရောင် ယာယီတဲကိုတည်ဆောက်ပြီးနေတဲ့သူကနေ၊ အချို့ကျတော့ နမ့်ယန်းချောင်းဘေးမှာ အိမ်စီးကားထိုးရပ်ပြီး အိပ်နေတဲ့သူကအိပ်၊ အချို့ကျတော့ ပုခတ်တွေဆင်ပြီးနေတဲ့သူက နေကြပါတယ်။ အများအမြင်မှာတော့ အဲ့ဒီလူတွေဟာ အပန်းဖြေခရီးထွက်လာတယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒီမြင်ကွင်းကတော့ မြန်မာ - တရုတ်နယ်စပ် နယ်နိမိတ် ချိတ်ဆက်ထားပြီး တရုတ်ပြည်က ခြားထားတဲ့အုတ်တံတိုင်းဘေး ဖြစ်တဲ့ ကြူကုတ် (ပန်ဆိုင်း) ဒေသ...
သဲထိတ်ရင်ဖို အရဲစွန့် အိမ်ပြန်ခရီးလမ်း
“ကျနော်တို့ ချင်းရွှေဟော်ကို မကျော်မချင်းကတော့ စိတ်ထဲမှာ ကိုယ့်ကိုယ်သေပြီလို့ပဲ ဆုံးဖြတ်လိုက်တယ် “ လို့ ဆိုကာ မိုင်းအိုက်တား (အမည်လွှဲ) က ကျော်ဖြတ်လာတဲ့ အိမ်ပြန်လမ်းခရီး ခက်ခဲမှု အတွေ့အကြုံတွေကို ရင်ဖွင့်လာပါတယ်။ မိုင်းအိုက်တားဟာ လောက်ကိုင်မြို့ က ဟိုတယ်တစ်ခုမှာ သန့်ရှင်းရေး လုပ်ငန်း လုပ်နေသူ တစ်ဦးပါ။ “၁၀၂၇...





