CATEGORY

ဆောင်းပါး

အပစ်ရပ်ဆိုပေမယ့် ပြန်နေစရာ အိမ်မရှိတော့တဲ့အခါ ဘယ်သူတာဝန်ယူမှာလဲ

တိတ်ဆိတ်နေတဲ့ နံနက်အရုဏ်ဦးမှာ တရုတ်ကျူရှင်သွားဖို့ ပြင်ဆင်နေတဲ့ သမီးလေးဟာ ကျယ်လောင်တဲ့ ပစ်ခတ်သံ ရုတ်တရက် ထွက်ပေါ်လာတာကြောင့် တုန်လှုပ်ခြောက်ခြား သွားပါတယ်။ အဲ့ဒီကျယ်လောင်တဲ့ ပစ်ခတ်သံဟာ လွန်ခဲ့တဲ့ ၂၀၂၃ ခုနစ် အောက်တိုဘာ ၂၇ ရက် နံနက် ၄ နာရီကျော်က စတင်ကြားလာပြီး မိုးလင်းလာတော့ တဖြည်းဖြည်းနဲ့...

မင်းအောင်လှိုင်၏ လည်မျိုကိုညှစ်နေသည့် တရုတ် ဖမ်းဝရမ်း

ကျားဖြန့်ခေါ် အွန်လိုင်း ငွေလိမ်ဂိုဏ်းများ တိုက်ဖျက်ရေး ခေါင်းစဥ်ဖြင့် သျှမ်းမြောက်၌ စတင်ခဲ့သည့် ညီနောင်မဟာမိတ် သုံးဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” ကာလ အတွင်း တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံသားများကို ဖမ်းဝရမ်းများ ထုတ်ခဲ့သည်။ ယင်းသို့ တရုတ်နိုင်ငံက ဖမ်းဝရမ်း ထုတ်ခဲ့သူများ အနက် ကိုးကန့်ဒေသကို အုပ်ချုပ်နေသည့် မိသားစုကြီး...

ကံဆိုးမိုးမှောင်ကျစေသည့် ပင်လုံစာချုပ်နှင့် လမ်းပျောက်နေသည့် သျှမ်းလူထု

အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်နေသည်ဟု ကြွေးကြော်သည့် မြန်မာ စစ်တပ်သည် ဒေသခံများ အထွဋ်အမြတ်ထားသည့်ဘုရားကျောင်းကန်များကို လက်နက်ကြီးသာမက လေကြောင်းကပါ ပစ်ခတ်ဖျက်ဆီး၍ ၄င်းတို့၏ အမျက်ဒေါသကို ဖော်ပြနေသည်။

ချစ်သူတိုင်း ဘဝလက်တွဲနိုင်ကြပါစေ

ရှေ့ကျသည့် သျှမ်းဇာတ်သဘင်သီချင်း သံစဥ်နှင့်အတူ သျှမ်းအမျိုးသားဝတ်စုံဆင်တူ ဝတ်ဆင်ထားသော နှစ်ဦးက လက်များကွေးညွန့်နေအောင် “က”ပြီး ပျော်ရွှင်ကြည်နူးနေကြသည်။ ထိုအမျိုးသား ၂ဦးသည် မီးရောင်ဖျော့ဖျော့အောက်တွင် သျှမ်းအမျိုးသားဝတ်စုံဆင်တူနှင့် မင်္ဂလာဆောင်ပွဲကို ကျင်းပနေခြင်းဖြစ်သည်။ သျှမ်းလူမျိုးတွင် အမျိုးသားအချင်းချင်း လက်ထပ်မင်္ဂလာဆောင်ခြင်းကို တကြိမ်တခါမျှ ကြုံတွေ့ခြင်းမရှိခဲ့ပေ။ ထိုမင်္ဂလာဆောင်ပွဲက ထိုင်းနိုင်ငံချင်းမိုင်မြို့ ရဲ့ နေရာတစ်နေရာမှာ ကျင်းပခဲ့ပြီး၊ မင်္ဂလာပွဲကို...

စစ်ပွဲကြားက တရုတ်၏ နယ်စပ်ကုန်သွယ်ရေး အိပ်မက် အလုပ်ဖြစ်နိုင်လား

“စစ်ပွဲ ယာယီ ရပ်စဲရေး” လက်မှတ်ထိုးခဲ့ပြီ ဖြစ်သည်။ သို့သော် မြေပြင်တွင်မူ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ရာ စစ်ပွဲ ယာယီ ရပ်တန့်ပြီး နယ်စပ်ကုန်သွယ်ရေး ပြန်စလိုသည့် တရုတ်၏ အိပ်မက် လက်တွေ့ကျ မကျမှာ မေးခွန်းထုတ်ဖွယ် ဖြစ်လာသည်။ သျှမ်းမြောက် စစ်ပွဲများ အရှိန်ပြင်းထန်နေပြီး...

စစ်မီးကြားက သွက်လက်နေတဲ့ သျှမ်းတောင် အိမ်ခြံမြေ စျေးကွက်

စစ်အာဏာသိမ်းမှုကို ရက်ပေါင်း ရာနှင့်ချီ တခဲနက် ဆန့်ကျင် ဆန္ဒပြခဲ့သည့် သျှမ်းတောင် တခွင် မြို့ကြီး၊ ရွာကြီးများသည် ယခုအခါ နိုင်ငံ အနှံ့အပြား ဖြစ်ပွားနေသည့် ပဋိပက္ခ ဒေသများမှ ပြောင်းရွှေ့ နေထိုင်လိုသူများ အတွက် ရွေးချယ်စရာ နေရာ တစ်ခု ဖြစ်လာနေသည်။ တောင်ကြီး၊ ကလော၊...

သျှမ်းတော်လှန်ရေး ဘယ်လဲ

မြေပြင်တွင် တံတားများ ပြိုကျနေသည်။ အိုးအိမ် အပျက်အစီးများသည် မျက်စိ တဆုံးဟု ဆိုရမည်။ သို့သော် ရက် ၆၀ ကျော် ကြာြမင့်လာပြီဖြစ်သည့် တော်လှန်ရေးတပ်များ၏ ထိုးစစ်သည် အောင်မြင်မှုများစွာဖြင့် အရှိန်မြင့်သထက် မြင့်လာနေဆဲ ဖြစ်သည်။ ၁၉၆၂ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်ထောင်စုဟု ကြွေးကြော်ကာ...

လားရှိုးမှသည် မန္တလေး၊ မိတ္ထီလာ လွင်ပြင်ဆီသို့

ဒေါ်လာ ဘီလီယံ ၁၀ ချီ တန်ဖိုးရှိမည်ဟု ခန့်မှန်းရသည့် ခေတ်မှီမြို့ကြီးသည် လေကြောင်းမှ ဗုံးကြဲသည့် ဒဏ်ရာဒဏ်ချက်များနှင့် အကျည်းတန်နေလေပြီ။ ဗုံးနှင့် လက်နက်ကြီး လက်နက်ငယ်သံကြားတွင် မြို့တော် လောက်ကိုင် မပျက်မဆီး အကောင်းအတိုင်း ရရှိရေးဆိုသည့် MNDAA တပ်ဖွဲ့၏ မျှော်လင့်ချက် ပျက်ပြယ်ခဲ့ရပြီ ဖြစ်သည်။ သို့သော်...

ကိုးကန့် “ဖုန်”မိသားစု အိမ်ပြန်လမ်းက ပေးတဲ့ အိပ်မက်ဆိုးများ

သျှမ်းပြည်မြောက်ပိုင်းရဲ့ ကောင်းကင်တခွင်မှာ သီတင်းကျွတ် မီးရှူးမီးပန်း ပစ်ဖောက်သံမဟုတ်တဲ့ သေနတ်သံ၊ လက်နက်ကြီး ပစ်ခတ်သံတွေဟာ မိသားစုတွင်း  တိုးတိုးတိတ်တိတ် ငိုကြွေးသံ၊ စစ်အောင်နိုင်ရေး ကြုံးဝါးသံနဲ့အတူ ယမ်းငွေ့နံ့ တထောင်းထောင်း ထွက်နေတာ အခုဆို နှစ်လနီးပါး ရှိလာပြီ ဖြစ်ပါတယ်။ မြန်မာ - တရုတ် နယ်စပ်အပါအဝင် မြန်မာနိုင်ငံအတွင်း...

သျှမ်းမြောက်ကို ညီနောင်မဟာမိတ်တပ်တွေ သိမ်းပိုက်နိုင်မလား

သာယာကြည်လင်သည့် ကောင်းကင်ယံထက်တွင် ဂျက်တိုက်လေယာဥ်သံ၊ လက်နက်ကြီး ပစ်ခတ်သံများ ဆူညံနေသည်။ လမ်းမ တစ်လျောက်  တံတားကြီးများ ကျိုးကျပျက်စီးနေသည်။ မြို့ရွာများ ပျက်စီးနေသည်မှာ မြင်မကောင်း။ ကုန်းကြောင်းလျှောက်နေသည့် ထောင်နှင့်ချီသော စစ်ဘေးရှောင် လူအုပ်ကြီးသည် ခေတ္တနားခိုရာ ဒေသများဆီကနေ ဘယ်ဆီဘယ်၀ယ် ရှေ့ဆက်မည်မသိ လမ်းပျောက်နေလေပြီ။  အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေး...

Latest news