ဖွံ့ဖြိုးတိုးတက်နေတဲ့ ကနေ့ခေတ်ထဲက ဖွံ့ဖြိုးမှုမရှိသေးတဲ့ ကျမတို့ သျှမ်းရွာ
SHAN -
မြို့တော်တောင်ကြီးအခြေစိုက်ရာ ခရိုင်အတွင်းက ကတ္တရာလမ်းရဲ့အဆုံးမှာ သျှမ်းရွာနှစ်ရွာရှိပါတယ်။ တပင် ပျော် ကျေးရွာနဲ့ ငှက်သောက်ကျေးရွာ နှစ်ရွာရဲ့အဝင်လမ်းဟာ မြေသားလမ်းဖြစ်ပြီး ချိုင့်ခွက်တွေပေါများလွန်း လှပါတယ်။ ပြောမယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်နေတဲ့ ကနေ့ခေတ်မှာ ဖွ့ံဖြိုးတိုးတက်မှု နောက်ကျနေတဲ့ ကျမတို့ သျှမ်းရွာတွေပဲ ဖြစ်ပါတယ်။ သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်ရဲ့ မြောက်ဘက် ၁၇ မိုင်အကွာမှာရှိတဲ့ရွာဖြစ်ပြီး...
နမ္မတူ (ဒုဋ္ဌဝတီ) မြစ်ပေါ် တည်ဆောက်မည့် ရေကာတာများ အမြန်ရပ်ဆိုင်းသင့်
နမ္မတူမြစ်ပေါ် တည်ဆောက်မည့် ရေကာတာများရပ်ဆိုင်းရန် တောင်းဆိုခဲ့ကြသော်လည်း ဆက်လက် ဆောင်ရွက်မှုများရှိနေသဖြင့် ဒေသခံများက စိုးရိမ်မှု ရှိနေကြသည်။ နမ္မတူမြစ်ပေါ်တွင် ၂၀၁၀ အတွင်းကျောက်ဆည် မြို့နယ် မန္တလေးတိုင်းဒေသအတွင်း ရဲရွာရေကာတာတည် ဆောက်ပြီးစီးခဲ့ပြီး မန္တလေးတိုင်းဒေသတွင် ၁ ခု နှင့် သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်အတွင်း ၃ ခု ၄င်းမြစ်ပေါ်တွင်ပင်...
တရားဥပဒေ စိုးမိုးမှု ကင်းဝေးနေသည့်သီပေါမြို့ နယ်
သျှမ်းပြည်မြောက်ပိုင်း သီပေါ နှင့် ကျောက်မဲ မြို့ နယ် အတွင်း အရပ်သား ပြည်သူများ ကို အမည်မသိ လက်နက်ကိုင် တပ်ဖွဲ ့များက မကြာခဏ ပစ်ခတ် သေဆုံးမှုတွေ ရှိနေသည်။ ထိုပစ်ခတ်သေဆုံးမှုများ ကြောင့် သီပေါမြို့နယ် နှင့် ကျောက်မဲမြို့နယ် အတွင်း နေထိုင်သည့်...
အာဇာနည် ခေါင်းဆောင် တဦးဖြစ်တဲ့ မိုင်းပွန်စော်ဘွားစဝ်စံထွန်းဟော် ပြန်လည်ပြုပြင်ပေးသင့်
“ မိုင်းပွန်ဟော်နန်းကို တွေ့တွေ့ချင်း မျက်ရည် ကျချင် သလို ဖြစ်ခဲ့တယ်” လို့ ဝမ်းနည်းစွာနဲ့ သျှမ်းလူငယ် တဦးဖြစ်တဲ့ စိုင်းဆိုင်မောဝ် က ပြောပါတယ်။ စိုင်းဆိုင်မောဝ် ဟာ ယခုလ (ဇူလိုင် ၁၃) ရက်နေ့တွင် မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း ရဲ့ လေ့လာသူ တယောက် နေဖြင့်...
တီကျစ်ကျောက်မီးသွေးဒဏ် ဒေသခံများ ခံနေရဆဲ
တောတောင် ပတ်ပတ်လည် ကာရံထားပြီး မြို့အဝင်လမ်းတလျှောက်မှာတော့ စိမ်းလန်းကာ မျက်စိတဆုံးရှိသည့် လယ်ယာ စိုက်ခင်းများက ဆီးကြိုနေသည်။ မြို့အဝင် လမ်းတလျှောက်မှာ လယ်ယာစိုက်ခင်း စိမ်းစိမ်းစိုစိုမှာ ဒေသခံ တိုင်းရင်းသားများ၏ လယ်ယာစိုက်ခင်းများဖြစ်သည်။ ထိုနေရာလေးကတော့ သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့လေးပင်ဖြစ်ပါသည်။ တီကျစ်မြို့လေးထဲ ဝင်လာပါက ဒေသခံ သျှမ်း၊ ပအိုဝ်း၊ တောင်ရိုး...
နှစ် ၆၀ တော်လှန်ရေးနဲ့ ပကတိမှုန်ဝါး သျှမ်းပြည်မြင်ကွင်းများ
SHAN -
မြင်ကွင်း (၁) မူစယ် တိုက်ပွဲ တအာင်းပလောင် TNLA တပ်ဖွဲ့က မူစယ်မြို့က ပြည်သူ့စစ် ဂိတ်တွေနဲ့ ပြည်သူ့စစ်ပိုင် လောင်း ကစား ရုံ ကို တိုက်ခိုက်မှု မေလအတွင်းက ဖြစ်ပွားခဲ့ပါတယ်။ ပြည်သူ့စစ်နဲဲ့ ရဲ ၀န်ထမ်းအပါအဝင် လူ ၂၀ လောက် သေဆုံးခဲ့တဲဲ့...
တန်းတူသည့်ပြည်ထောင်စု တည်ဆောက်နိုင်မှ လူထုငြိမ်းချမ်းမည်
သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ်မှာရှိတဲ့ ဌာနေပြည်သူ့စစ်ပိုင်လောင်းကစားရုံကြောင့် လူထုအကျင့်စာရိတ္တ ပျက်ပြား ရတဲ့အပေါ် အကာအကွယ်ပေးဖို့ဆိုပြီး မေလ ၁၂ ရက်နေ့က တအာင်း TNLA ကနေ ၀င်ရောက်ပစ်ခတ်ခဲ့ပါတယ်။ လောင်းကစားဝိုင်းကိုပစ်ခတ်တယ်လို့ တအာင်းဘက်က သတင်းထုတ်ပြန်ပေမယ့် ကာစီနိုရုံပြင်ပ တခြားလုပ်ငန်း လုပ်ကိုင်နေတဲ့ဒေသခံတွေကိုပါ ထိမှန် သေဆုံးစေခဲ့တဲ့အတွက် လုံးဝမဖြစ်သင့်ကြောင်း သျှမ်းပြည်တွင်းလူမှုအဖွဲ့အစည်း...
မူစယ်မြို့က တိုက်ပွဲကြား မြေစာပင် ဖြစ်ခဲ့ရတဲ့ ယဉ်ကျေးလိမ္မာ ဆရာ ၂ ဦး
“ကျနော်တို့ မဟာဝေဠုဝန်ကျောင်း က ယဉ်ကျေးလိမ္မာ ဓမ္မဆရာ ၂ယောက် သေဆုံးတဲ့အထဲပါသွားတယ်။ ကျနော် သူငယ်ချင်း တယောက်ဆိုရင် ရုပ်အလောင်းတောင် ပြန်မရဘူး။ သေနတ်နဲ့ပစ်ခံရတဲ့အပြင် မီးပါရှို့ ရုပ်တောင်မမြင်ရတော့ဘူး” လို့ မဟာဝေဠုဝန်ကျောင်း က ယဉ်ကျေးလိမ္မာ ဓမ္မဆရာ စိုင်းဆိုင်လှိုင်း က သျှမ်းသံတော်ဆင့်ကို ပြောပါတယ်။ တအာင်း...
အကြမ်းဖက်ခံရ ကျေးလက် အမျိုးသမီးတွေ ဓလေ့ထုံးစံတွေနဲ့သာ ကျေအေးနေရသေး
SHAN -
တိုင်းရင်းသား ဒေသတွေ မှာ အမျိုးသမီးတွေ အကြမ်းဖက်ခံရတာတွေ၊ အတင်းအဓမ္မပြုကျင့်ခံရရင် ဓလေ့ ထုံးစံတွေနဲ့ ကျေအေးနေကြပါတယ်လို့ သျှမ်းပြည်နယ် အမျိုးသမီး အခွင့်အရေး ဆောင်ရွက်နေသူတွေ က ပြောဆိုကြပါတယ်။ ကျေးရွာ ဒေသတွေ မှာ အသိပညာ ဗဟုသုတ နည်းပါး မှုတွေကြောင့် အမျိုးသမီးတွေ အကြမ်းဖက်ခံရတာတွေ၊ အတင်းအဓမ္မပြုကျင့်ခံရရင်...
ဓလေ့ထုံးတမ်းကြောင့် အမျိုးသမီး အရေး ခက်ခဲနေ
SHAN -
“ မယားဝတ္တရား၊ ယုံကြည်မှု ဓလေ့” ကို ကိုင်စွဲနေ သရွေ့ အမျိုးသမီး အခွင့်အရေး ပညာပေးဖို့ က ခက်ခဲနေမည် ဟု လို့ သျှမ်း ပြည်နယ် အတွင်း အမျိုးသမီး စွမ်းရည် မြှင့်တင်ရေး သင်တန်း ပေးနေသူ များက ဆိုကြသည်။ သျှမ်းပြည်နယ်...






