ဖွံ့ဖြိုးတိုးတက်နေတဲ့ ကနေ့ခေတ်ထဲက ဖွံ့ဖြိုးမှုမရှိသေးတဲ့ ကျမတို့ သျှမ်းရွာ

မြို့တော်တောင်ကြီးအခြေစိုက်ရာ ခရိုင်အတွင်းက ကတ္တရာလမ်းရဲ့အဆုံးမှာ သျှမ်းရွာနှစ်ရွာရှိပါတယ်။ တပင် ပျော် ကျေးရွာနဲ့ ငှက်သောက်ကျေးရွာ နှစ်ရွာရဲ့အဝင်လမ်းဟာ မြေသားလမ်းဖြစ်ပြီး ချိုင့်ခွက်တွေပေါများလွန်း လှပါတယ်။ ပြောမယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်နေတဲ့ ကနေ့ခေတ်မှာ ဖွ့ံဖြိုးတိုးတက်မှု နောက်ကျနေတဲ့ ကျမတို့ သျှမ်းရွာတွေပဲ ဖြစ်ပါတယ်။

Photo By SHAN / ရွာငံမြို့နယ်ရဲ့ မြောက်ဘက် ၁၇ မိုင်အကွာ တောင်ပေါ်မှာရှိတဲ့ တပင် ပျော် ကျေးရွာနဲ့ ငှက်စောက်ကျေးရွာအသွားလမ်း

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်ရဲ့ မြောက်ဘက် ၁၇ မိုင်အကွာမှာရှိတဲ့ရွာဖြစ်ပြီး မြေသားလမ်းကတစ်တောင် တက်တစ်တောင်ဆင်း လမ်းခရီး ကြမ်းတမ်းခက်ခဲလှပါတယ်။ ဒါပေမယ့် ကျမတို့အဖွဲ့သားတွေ တစ်ယောက်မှ မငြီးငြူပဲ ကျမတို့ သျှမ်းမျိုးတွေနေထိုင်တဲ့ တပင်ပျော်ကျေးရွာ နဲ့ ငှက်သောက်ကျေးရွာ ကို ရောက်ဖို့ အဓိက ဘဲဖြစ်ပါတယ်။ ဒီရွာတွေဟာ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသထဲမှာ ပါ၀င်တယ်။

ကတ္တရာလမ်းဆုံးတာနဲ့ မြေသားလမ်းအစမှာပဲ တောင်တက် တောင်ဆင်းနေတဲ့ ခရီးက ပျော်စရာကောင်းပြီး တောတောင်သာဘာဝတွေ စိမ်းလန်းစိုပြေပေမယ့် မိုးတွင်းကာလ လမ်းတွေချော်ပြီး ရွာအသွားလမ်းမှာတော့ ချိုင့်ဝှမ်းချိုင့်ခွက်တွေ ချောက်တွေနဲ့ ရင်တထိတ်ထိတ်နဲ့ သွားနေရပါတယ်။

Photo By SHAN / ရွာနားရောက်ခါနီး လမ်းတစ်ဝက်မှာ ကျမတို့ စီးလာတဲ့ကား က ဘီးချော်လို့ တောင်ကုန်းမတက်နိုင်

ရင်သပ်ရှုမောဖွယ်စရာကောင်းတဲ့ ခရီးလမ်းတစ်လျှောက် သျှမ်းရိုးမတောင်တန်းတွေပေါ်မှာ လက်ဖက်ပင်တွေ၊ ကော်ဖီပင်တွေ၊ လိမ္မော်ပင်တွေ နဲ့ လူ့စိတ်ကို ဖမ်းစားထားနိုင်တဲ့ ရွာအသွားလမ်း ခရီးပဲဖြစ်ပါတယ်။

မနက် ၅ နာရီ တောင်ကြီးကနေ ထွက်လာတဲ့ ကျမတို့အဖွဲ့ဟာ လူအပြည့် နဲ့ ဆေးဝါးတွေတင်လာတဲ့ ကား ၄ စီး နဲ့ ထွက်လာခဲ့ပါတယ်။ ရွာနားရောက်ခါနီး လမ်းတစ်ဝက်မှာ ကျမတို့ စီးလာတဲ့ကား က ဘီးချော်လို့ တောင်ကုန်းမတက်နိုင်တဲ့အတွက် ရွာသားတွေရဲ့ ကူညီမှုနဲ့ မနက် ၁၀ နာရီ ထိုးခါနီး ရောက်သွားပြီး ရွာသူ/သားတွေ ပြင်ဆင်ပေးထားတဲ့ ဘုန်းကြီးကျောင်းဝန်းအတွင်း ကျန်းမာရေးစစ်ဆေးဖို့ လာရောက်စောင့်နေကြတဲ့ ရွာသားတွေ အများအပြားတွေ့ရှိရပါတယ်။

Photo By SHAN/ ကျန်းမာရေးစစ်ဆေးဖို့ လာရောက်စောင့်နေကြတဲ့ ရွာသားတွေ

ကျန်းမာရေးမကောင်းတဲ့ အဘိုးအဘွားတွေ ကလေး မိခင်တွေ များစွာတွေ့နေရပါတယ်။ တောင်ကြီးနမ့်ခုံးသျှမ်းများပရဟိတ အသင်းမှ နယ်လှည့်ဆေးဝါးကုသပေးတဲ့ အဖွဲ့ ရောက်တာနဲ့ ဆေးပစ္စည်းတွေ သူ့နေရာနဲ့ သူ အစီစဉ်တကျချထားပြီး ဆရာဝန်မကြီး တွေ သူနာပြု တွေ ရှေ့မှာ ရွာသားတွေ တန်းစီပြီး ဆေးကုသမှု အသီးသီး ခံယူနေကြပါတယ်။ ဖျားနာသူ ရှိသလို မျက်လုံး မကောင်းတဲ့သူတွေ များစွာ ရှိပြီး သွေးတိုးသွေးတက်တဲ့သူတွေ ရှိသလို အားနည်းတဲ့သူတွေလဲ များစွာ ရှိပါတယ်။

လမ်းခရီးကြမ်းတမ်းလို့ ရွာမှာ ဆေးပေးခန်းရှိပေမယ့် သူနာပြုတွေ လာရောက် တာဝန်ထမ်းဆောင်တာတွေ မရှိဘူးလို့ ရွာသားတွေ ပြောပြချက်အရ သိရပါတယ်။ ငှက်ဖျားရောဂါဖြစ်နေပေမယ့် ဆေးပေးခန်းမရှိတော့ အိမ်မှာပဲ နေပြီး ဒီလို ပဲနေတယ်လို့ သိရပါတယ်။ကျန်းမာရေးအတွက် အထူးလိုအပ်နေတယ်လို့ ကျမအနေနဲ့ မှတ်ချပြုမိပါတယ်။

“ ကျနော်တို့ရွာက လမ်းခရီး သွားလာမှု ခက်ခဲတော့ သွားရလာရခက်ခဲတယ်။ ဘယ် သူနာပြုမှ မလာချင်ဘူး ကျန်းမာရေးမကောင်းတဲ့ချိန်ဆို ကျတော်တို့ အရမ်းဒုက္ခရောက်တယ်။ ဒီလို ကျန်းမာရေးမကောင်းရင် ဆေးသွားကုဖို့ ၃ နာရီလောက်သွားရတယ်။ ဒီလို မိုးတွင်းဆို ပိုဆိုး လမ်းကလဲချော် ဆိုင်ကယ်နဲ့ သွားလဲ အဆင်မပြေဘူး ” – လို့ ဒေသခံ စိုင်းလုံ ကပြောပါတယ်။

ဖွံ့ဖြိုးမှုနောက်ကျနေသေးတဲ့ ငှက်သောက်ရွာနဲ့ တပင်ပျော်ကျေးရွာ တို့ဟာ လမ်းပန်းဆက်သွယ်ရေး နဲ့ ကျန်းမာရေးဆေးပေးခန်း ခက်ခဲတဲ့အပြင် လျှပ်စစ်မီး နဲ့ သောက်သုံးရေလဲ အခက်အခဲရှိနေသေးကြောင်း သိရပါ တယ်။

“ကျနော်တို့ရွာက ဖွ့ံဖြိုးတိုးတက်မှုအလွန်နောက်ကျနေတဲ့ ရွာဖြစ်ပါတယ်။ တခြားကျေးရွာတွေ လမ်းတွေ လျှပ်စစ်မီးတွေ ရှိပေမယ့် ကျနော်တို့ သျှမ်းရွာ ၂ ရွာပဲကျန်တယ်။ ဘာမှ မရသေးဘူး လျှပ်စစ်မီးတွေ ဆက် သွယ်ရေးတွေ စာသင်ကျောင်းတွေ ဆေးပေးခန်းတွေ အထူးလိုအပ်တယ်။ အစိုးရတွေကိုလဲ တောင်းဆို ချင်တယ်။ တောင်းဆိုထားတာတွေလဲ နှစ်နဲ့ချီပြီး မရဘူး ကျန်တဲ့ ဓနုလူမျိုးတွေနေတဲ့ရွာတွေ အကုန်ရတယ် သျှမ်းရွာ ၂ ရွာပဲ မရသေးတာ” လို့ဒေသခံ စိုင်းလုံ ကပြောပါတယ်။

တပင်ပျော်ကျေးရွာ နဲ့ ငှက်သောက်ကျေးရွာ တို့ဟာ အဓိက ကွမ်းပင် ကွမ်းသီး စိုက်ပျိုးကြပါတယ်။ နှစ်ရှည်ပင်တွေဖြစ်တဲ့ လိမ္မော်ပင်၊လက်ဖက်ပင် နဲ့ ကော်ဖီပင်တွေလဲ စိုက်ပျိုးထားကြပါတယ်။

ရွာသားအများစုက ကွမ်းပင်ကွမ်းသီးကို ဘိုးဘွားလက်ထပ်ကတည်းက စိုက်ပျိုးလာကြပေမယ့် ယခုမှာတော့ သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခုဝင်လာပြီး နောက်ပိုင်းမှာ သတ္တုသန့်စင်ရည်များကြောင့် ကွမ်းသီးအညှာခိုင်များခြောက်ပြီး အသီးမအောင်ခြင်း၊ ကွမ်းရွက်ပင် အမြောက်အများသေဆုံးခြင်း တွေ ဖြစ်ပေါ်တယ်လို့ သိရပါတယ်။

“အများအားဖြင့် ကျနော်တို့ ရွာ နှစ်ရွာက ကွမ်းပင် ကွမ်းသီးပဲ တွေပဲ အားကိုးကြတယ်။ တကယ်လို့ ကွမ်းပင် ကွမ်းသီး တွေ အလုပ်မဖြစ်ရင် အသက်ဆက်ရှင်ဖို့ မလွယ်တော့ဘူး” – ဆိုပြီး ကွမ်းဝါးရင်း တပင်ရွာသား အသက် ၄၀ ကျော် ရွာသားက ညည်းညူပြောနေပါတယ်။

ရွာတွင်း အိမ်တွေဟာ တစ်အိမ်နဲ့ တစ်အိမ် ဝေးပြီး တောင်ကုန်းတွေပေါ်မှာ နေထိုင်ကြပါတယ်။ သူတို့တွေဟာ သျှမ်းစကားပြောတဲ့အခါ ဓနုသံဝဲပေမယ့် သျှမ်းစကားကိုတော့ ကောင်းမွန်စွာ ပြောနိုင်ပါတယ်။

“နွေရာသီဆို သျှမ်းစာတတ်ချင် သင်ချင်လို့ ကျမတို့ ည ည ဆို အချိန်ပေးပြီး သျှမ်းစာသင်ကြတယ်” – ဆိုပြီး အသက် ၄၀ ကျော် ရွာသူ အမျိုးသမီးတစ်ဦး က ပြောပါတယ်။

တောင်သူလယ်သမားဆိုတဲ့အတိုင်း ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေဟောင်းနွမ်းနေပြီး ခြေတွေ လက်တွေ မှာလဲ အမာရွတ်တွေ အပြည့်ရှိနေပေမယ့် သူတို့ စိတ်ထားလေးတော့ ဖြူစင်ရိုးသားကြပါတယ်။သျှမ်းတို့ရဲ့ ရိုးရာယဉ်ကျေးမှုကိုလဲ သူတို့ မြတ်နိုးထိန်းသိမ်းထားတာကို တွေ့ရပါတယ်။

“ကျမ တို့ရွာမှာတော့ သျှမ်းစာတွေ၊ သျှမ်းအကတွေ သင်တယ်၊ သျှမ်းအိုးစည်တွေလဲ တီးတတ်ကြတယ်” – လို့ ငှက်သောက်ရွာနေ သျှမ်းအမျိုးသမီး နန်းနှင်းဖြူကပြောပါတယ်။

အဲဒီရွာမှာ ကျမတို့ပါ၀င်တဲ့ နမ့်ခုံးသျှမ်းများပရဟိတအသင်းနဲ့ ဝေဠုဝန်ကျောင်းတိုက်က ဆရာတော် သံဃာ တော်တွေ ဦးဆောင်တဲ့အဖွဲ့ဟာ အဲဒီရွာမှာ ပထမဆုံးအကြိမ်အဖြစ် ကုသိုလ်ဖြစ် ဆေးကုသပေးခဲ့ တာဖြစ်ပါ တယ်။ ၂ ရွာပေါင်းကလူထုဟာ လူဦးရေ ရ၀၀ ကျော်ရှိပါတယ်။ ဒါကြောင့် ရေအား မီးအားပေါများလွန်းလို့ ပြည်ပ ကိုတောင်မှ ရောင်းချဖို့စီစဉ်ထားတဲ့ ကျမတို့ သျှမ်းပြည်မှာ ဒီလိုချို့တဲ့နေတဲ့ ကျေးလက်တောရွာ တွေရှိနေသေးတယ်ဆိုတာတော့ မဖြစ်သင့်တော့ပါဘူးလို့ တွေးမိရင်း……….။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံတွင် ဦးဇင်းတပါး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ပွေးနဖားကျေးရွာတွင် ဦးဇင်းတစ်ပါး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု ခေါ်ဆောင်သွားပြီး ဇူလိုင်လ (၂၁) ရက် နံနက်ပိုင်းတွင်...

ရွာငံ တွင် စစ်ကော်မရှင်တပ် က အရပ်သား (၈)ဦးဖမ်းဆီးသွား

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အုတ်တွင်း ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က အရပ်သား(၈)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေ (၃)နာရီအချိန်တွင် စစ်ကော်မရှင်တပ်သည် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်...

ရွာငံမှာ DNDPပါတီ အဖွဲ့ဝင် တဦးနှင့် အရပ်သားတဦး ထပ်မံ အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် မြင်းကျဒိုးကျေးရွာမှ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ( DNDP) အဖွဲ့ဝင်တစ်ဦး နှင့် အရပ်သားတစ်ဦး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၁၄)ရက်ညဘက်တွင် ညောင်ပင်ခွ ကျေးရွာတွင် DNDP ဒုဥက္ကဌ ဦးစံတင့်နှင့် ဝက်ကုမ္ပဏီလုပ်ငန်း လုပ်ကိုင်သူ ဦးအောင်ဝင်းစိန်တို့ကို အမည်မသိ...

ရွာငံက သက်ငယ်မုဒိန်းကျူးလွန်သည့် အမျိုးသား နှစ်လကျော်ကြာသည်အထိ မဖမ်းမိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တပင်ပျော်ကျေးရွာမှ သက်ငယ်မုဒိမ်းကျူးလွန်သည့် အမျိုးသား နှစ်လကျော် ကြာသည်အထိ မဖမ်းမိသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ဒုတိယပတ်တွင် ရွာငံမြို့နယ် တပင်ပျော်ကျေးရွာ၌ အသက်(၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦးကို တစ်ရွာတည်းနေ အသက်(၄၀)ကျော်အရွယ် မောင်တူးဆိုသူက အဓမ္မပြုကျင့်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်အပြီး တရားခံဖြစ်သူကို ဖမ်းဆီးစစ်ဆေးနေစဉ် မောင်တူးသည် ရွာငံဆေးရုံမှ...

ရွာငံတွင် ဓားပြမှုများ မကြာခဏ ဖြစ်ပွား ဒေသခံများ လုံခြုံမှုကင်းမဲ့လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် ဓားပြမှုများ မကြာခဏ ဖြစ်ပွားလာသောကြောင့် ဒေသခံများ စိုးရိမ်ပူပန်မှု ဖြင့်နေထိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ မှစပြီး ရွာငံမြို့နယ်တွင် အုပ်စုဖွဲ့ ဓားပြတိုက် လုယက်မှုများ မကြာခဏ ဖြစ်ပွားလာနေပြီး ရွာငံမြို့ပေါ်နှင့် ကျေးရွာများတွင် ဓားပြတိုက်ခံရ၍ ငွေသား ကျပ်သိန်းတစ်ရာနှင့် ရွှေထည်များသွးကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ အဆိုပါ...