အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ပပျောက်ဖို့ ဥပဒေ တရပ် အမြန်ပြဌာန်းရန် လိုအပ်

လိမ္မော်ရောင် တီရှပ် ကိုယ်စီဖြင့် ဆင်တူဝတ်ဆင်ကာ “ အမျိုးသမီး တွေဟာ ရောင်းကုန်မဟုတ်” “ အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုရပ်” ဆိုသည့် ဆိုင်ဘုတ် များကိုင်ဆောင်ကာ ကြွေးကြော်နေကြသည်။

Photo Credit to လှုပ်ရှားမှုတွင်ပါ၀င်သည့်အမျိုးသမီးများဖေ့စ်ဘုမှ / တောင်ကြီးမြို့တွင်ပြုလုပ်သည့် အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားမှု

ထိုလှုပ်ရှားမှုသည် နိုဝင်ဘာ ၂၅ ရက် မှ ဒီဇင်ဘာ ၁၀ရက်နေ့ထိ နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ၁၆ ရက်တာ လှုပ်ရှားမှု အတွက် စီတန်းလှည့်လည်နေခြင်းဖြစ်သည်။

နိုဝင်ဘာ ၂၆ ရက် မနက်ပိုင်းတွင်ဖြစ်ပြီး အဆိုပါလှုပ်ရှားမှုတွင် တောင်ကြီးမြို့ဒေသခံများ နှင့် အမျိုးသမီး အခွင့်အရေး တက်ကြွ ဆောင်ရွက်သူများ ပါဝင်ကြသည်။

တချို့ဆိုင်းဘုတ် တွင် “ အမျိုးသမီး လုပ်ငန်းခွင် အတွင်း အကြမ်းဖက်မှုရပ်၊ အမျိုးသမီး နဲ့ ကလေး တွေ အပေါ် အိမ်တွင်း အကြမ်းဖက်မှု နဲ့ ညှင်းပန်း မှု မပြုရ” ဟု ရေးသားထားသည်။

၁၉၆၀ ခုနစ်တွင် ဒိုမီနီကန် နိုင်ငံ က စစ်အာဏာရှင် ၏ သတ်ဖြတ်မှု ခံခဲ့ရသည့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ညီအမ ၃ ဦး သတ်ခံရသည့်နေ့ကို အကြောင်းပြုခဲ့သည်ဟုသိရသည်။

ထို့ကြောင့် အမျိုးသမီးများ အားလုံး နည်းမျိုးစုံ နှင့် အကြမ်းဖက်ခံရမှု မှ လွှတ်မြောက်ရေး ဆိုသည့် လှုပ်ရှားမှု အနေဖြင့် နိုဝင်ဘာ ၂၅ ရက်နေ့ ကို နိုငံတကာ အမျိုးသမီး များအပေါ် အကြမ်းဖက်မှု ပပျောက်ရေး နေ့ အဖြစ်သတ်မှတ်ခဲ့ကြသည်။

အမျိုးသမီး များအပေါ် အကြမ်းဖက်မှု ဆိုသည်မှာ ပုဂ္ဂလိက ဘဝဖြစ်စေ၊ လူအများရှေ့ ဖြစ်စေ ရုပ်ပိုင်း၊ စိတ်ပိုင်း နှင့် လိင်ပိုင်းဆိုင်ရာ အရ ထိခိုက်နစ်နာစေသည့် ပြုမူ ဆောင်ရွက်မှု ဖြစ်သည်။

၁၉၉၁ ခုနစ်ဇွန်လ တွင် ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီး များ ခေါင်းဆောင်မှု ဗဟို ဌာန (The Center of Women’s Global Leadership) မှ နိုင်ငံပေါင်း ၂၀ မှ အမျိုးသမီး ၂၃ယောက်ပါဝင်ခဲ့ပြီး အမျိုးသမီးအရေး၊ အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေး အတွက် လိင်ကွဲပြားမှုအပေါ် အခြေခံသည့် အကြမ်းဖက်မှုများ ကို ဆန့်ကျင်သည့် ၁၆ရက်သာ လှုပ်ရှားမှု ကို စတင်ရန်ဖိတ်ခေါ်ခဲ့သည်။

အဆိုပါ လှုပ်ရှားမှုကို တနည်းအားဖြင့် ”ဖဲကြိုးဖြူလှုပ်ရှားမှု” ဟုလည်း ခေါ်ဝေါ်ကြသည်။

မြန်မာနိုင်ငံ တွင် ၁၆ ရက်သာ လှုပ်ရှားမှုကို လွန်ခဲ့သည့် ၂၀၀၀ ဝန်းကျင်တွင် တိတ်တဆိတ် ပြုလုပ်ကျင်းပခဲ့ရာ ၂၀၁၀ ခုနစ်နောက်ပိုင်းတွင် အမျိုးသမီး အဖွဲ့အစည်းပေါင်းများစုပေါင်းပြီး လှုပ်ရှားမှုများ ပြုလုပ်လာခဲ့ကြသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရမှု သည် တနှစ်ထက် တနှစ် ပိုများလာသည့် အတွက် အမျိုးသမီးများ အကြမ်းဖက်ခံရမှုအပေါ် ကာကွယ်ပေးသည့် ဥပဒေ တရပ်လိုအပ်ကြောင်း အမျိုးသမီး အခွင့်အရေး ဆောင်ရွက်နေသည့် အဖွဲ့များက ဆိုသည်။

“ အမျိုးသမီးတွေ အပေါ် အကြမ်းဖက်ခံရတာ မရပ်တန့်တဲ့အပြင် အခုနောက်ပိုင်း ပိုတိုးလာပါတယ်။ စစ်ပွဲဖြစ်ပွားတဲ့ဒေသတွေမှာ အမျိုးသမီးတွေ အကြမ်းဖက်ခံနေရတယ်” ဟု သျှမ်းပြည်နယ် တောင်ကြီး သျှမ်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဒုတိယ ဥက္ကဌ (၂) နန်းမြဦး က ဆိုသည်။

အမျိုးသမီးများ အကြမ်းခံရမှု ရပ်တန့်ဖို့ အတွက် အားလုံး ပါဝင်သင့်ကြောင်း၊ အမျိုးသားများလည်း ပိုပြီး ပါဝင်ဖို့ တိုက်တန်းလှုံ့ဆော်ခြင်းကြောင်း နန်းမြဦး က ပြောသည်။

“ အမျိုးသမီးရေးလို့ ပြောလိုက်ရင် အမျိုးသားတွေက ကိုယ်နဲ့မဆိုင်ဘူးဆိုတဲ့ အမြင်မျိုးရှိကြတယ်။ အမျိုးသားတွေ လည်း ပါမှ ဂျန်ဒါ တန်းတူညီမှု ဖြစ်မယ် ” ဟု နန်းမြဦး ကဆိုသည်။

ထိုနည်းတူ ၁၆ ရက်တာ လှုပ်ရှားမှု အနေဖြင့် သျှမ်းအမျိုးသမီး ဆက်သွယ်လှုပ်ရှားမှု ကွန်ယက် (SWAN) မှလည်း လက်ရှိ မြန်မာနိုင်ငံ တွင် ဖြစ်ပွားနေသည့် ပဋိပက္ခ များကြောင့် အမျိုးသမီး နှင့် အမျိုးသမီး ငယ်များ ကြုံတွေ့နေ ရသည့် စိန်ခေါ်မှုများကို “Why No Women” “ အမျိုးသမီးတွေ ပါဝင်ခွင့် ဘာကြောင့်မပေးတာရတာလဲ” ဆိုသည့် ကမ်ပိန်းကို လူမှု ကွန်ရက်စာမျက်နှာတွင် ဖော်ပြသွားမည်။

အဆိုပါ ကမ်ပိန်းသည် မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသည့် ပဋိပက္ခများ၏ အကျိုးဆက်များကြောင့် ကျေးလက်နေ အမျိုးသမီးများနှင့် ပြည်သူများ ငြိမ်းချမ်းရေးနှင့် လုံခြံုရေးအတွက် ကန့်သတ်ချက်များကို မီးမောင်းထိုးပြသော အနေဖြင့် ၁၆ ရက်တာ လှုပ်ရှားမှုကို တင်ပြခြင်းဖြစ်သည်။

အဘယ်ကြောင့် အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့်လုံခြံုရေး ကင်းမဲ့နေရသည့် အကြောင်းရင်း (၁၆) ခုနှင့်အတူ အကြံပြုချက် (၁၆) ခုကို နိုင်ဝင်ဘာလ ၂၅ ရက်မှ ဒီဇင်ဘာလ ၁၀ ရက်နေ့ထိ SWAN ၏ လူမှု ကွန်ရက်တွင် တင်ဆက်သွားမည်ဖြစ်ကြောင်းသိရသည်။

အမျိုးသမီးများအပေါ် နည်းပေါင်းစုံဖြင့် အကြမ်းဖက်မှုများဆက်လက်ဖြစ်ပေါ်နေသည့် အပေါ် အထူး စိုးရိမ် နေကြောင်း၊ မုဒိမ်းမှုနှင့် အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု များကို မြန်မာပြည်အနှံ့ ရှိ အမျိုးသမီးများ ရင်ဆိုင်နေရသည်မှာ ပိုများလာသည် ဟု လည်း အမျိုးသမီးများအဖွဲ့ချုပ်( မြန်မာနိုင်ငံ) မှ နိုဝင်ဘာ ၂၅ရက်နေ့တွင် ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“ ကျမတို့ မကြားကောင်းတဲ့ သတင်းတွေ နေ့စဉ်နဲ့ အမျှ ကြားရတယ်။ သက်ငယ်မုဒိမ်းတွေ ဖြစ်တာ များလာတယ်။ ကလေးတွေ ကစ လုံခြံုမှု မရှိတော့ဘူး။ အမျိုးသမီးတွေလုံခြံုမှု မရှိတော့ဘူး” ဟု အမျိုးသမီး များအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ အထွေထွေ အတွင်းရေးမှူး လွေးပိုးငယ် က ပြောသည်။

“ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ဥပဒေ ဖြင့်ကာကွယ်ပေး” ဆိုသည့် ဆောင်ပုဒ်နှင့် အညီ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရန်၊ တရားမျှတ မှုရရှိစေရန်အတွက် မြန်မာ အစိုးရ အနေဖြင့် စီဒေါ စာချုပ်အရ အမျိုးသမီးများအပေါ် နည်းပေါင်းစုံ အကြမ်းဖက်မှု မှ ကာကွယ်ပေးရန် လိုအပ်သည်။

ထို့အပြင် အမျိုးသမီး များအပေါ် အကြမ်းဖက်မှု ပပျောက်ရန် အတွက် အစိုးရအနေဖြင့် လိုအပ်သည့် တားဆီးကာကွယ်ရေး အစီအစဉ်များ သုံးစွဲမည့် ငွေကြေး များချမှတ်ဆောင်ရွက်ရန် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) မှ တိုက်တွန်းတောင်းဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့နယ် ဆိုက်ခေါင်တွင် အမျိုးသမီးတစ်ဉီး ဓားပြတိုက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာတွင် အသက် (၃၀) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက သက်ကြီးရွယ်အို အမျိုးသမီးကို ဓားပြတိုက်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ မတ်လ ပထမပတ်တွင် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာ ဘုရားဖြူရပ်ကွက်တွင် နေထိုင်သော အသက်(၆၀)ကျော် အမျိုးသမီးတစ်ဦးသည် နေအိမ်တွင် တစ်ဦးတည်း ရှိနေစဉ် အသက် (၃၀)...

တာချီလိတ်က အမျိုးသမီးအလောင်းဖျောက်မှု အရှုပ်တော်ပုံ

0
သျှမ်းပြည် တာချီလိတ်မြို့တွင် အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦး သေဆုံးမှုတွင် အလောင်းဖျောက်ရန် ပူးပေါင်းကြံစည်ခဲ့သူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိထားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်တွင် တာချီလိတ်မြို့ရှိ Sky...

ပျောက်ဆုံးနေသည့် အမျိုးသမီးအကြောင်း ရဲစခန်းသွားတိုင်ကြားချိန် အလောင်းဖျောက် မီးသင်္ဂြိုလ်ပြီးနေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် အမျိုးသမီးငယ်တစ်ဦး ရက်အတော်ကြာ ပျောက်ဆုံးခဲ့ပြီးနောက် မိသားစုမှ ရဲစခန်းသို့ အမှုဖွင့်ရန် သွားရောက်တိုင်ကြားချိန်မှ ၎င်းအမျိုးသမီးအလောင်း မီးသင်္ဂြိုလ်ပြီးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦးသည် ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၁၃ ရက်) တွင် တာချီလိတ်မြို့ (Sky...

ဆီဆိုင်မြို့တွင် အသက် ၁၈ နှစ်ပြည့် အမျိုးသမီးများကို စစ်မှုထမ်း စတင်ခေါ်နေ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် အသက် ၁၈ နှစ်ပြည့် အမျိုးသမီးများကို စစ်မှုထမ်းရန် စစ်ကော်မရှင်တပ်က စတင်ခေါ်ယူနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ပထမပတ်မှစပြီး အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို စစ်ကော်မရှင်တပ်က စစ်မှုထမ်း စတင်ခေါ်ယူနေပြီး အဆိုပါ စစ်မှုထမ်းစာရင်းထဲတွင် ကျောင်းတက်နေသူများလည်း...

“၁၀၂၇ စစ်ဆင်ရေး”အောက်က အမျိုးသမီးများ၏ အိပ်မက်ဆိုး

0
“အဲ့နေ့က ကျမတို့ ကျည်ထိပြီး သေပြီထင်ခဲ့တာ။ အိမ်ရှေ့မှာ လက်နက်ကြီး တစ်လုံးကျတယ်၊ ပြီးတော့ မိုးကလည်းရွာ။ လက်နက်ကြီးသံကြား သမီးက တစ်ဖက်၊ ၇ လအရွယ် သားငယ်လေးက တစ်ဖက်နဲ့ အရဲစွန့်ပြီး ထွက်ပြေးရတာ”ဟု *နန်းလောဝ်ခမ်းတစ်ယောက် စစ်ဘေးရှောင်ခဲ့ရသည့် အကြောင်းအား ပြန်ပြောနေသည်။ *နန်းလောဝ်ခမ်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ထိုအဖြစ်အပျက်သည်...