CATEGORY

ဆောင်းပါး

အသက်တရာကျော်တိုင် စစ်ပြေးနေရသေးတဲ့ အဘွားကမ်

“ ဒီလို လူအများကြီးနဲ့ ထွက်ပြေးရတာ ခုပထမဆုံးပဲ” လို့ မျက်ရည်ကို ညာလက်ဖမိုးနဲ့ ကပျာကရာသုတ်ပြီး အဘွားကမ်က ပြောလာပါတယ်။ အဘွားကမ် ကတော့ အသက် (၁၀၁)နှစ် အရွယ်ရှိနေပါပြီ။ နိုဝင်ဘာ ၂၆ရက် ဆောင်း မနက်ခင်းမှာ အဘွားကမ် တယောက် စစ်ရှောင်စခန်းတစ်ခုရဲ့ ဇရပ်ရှေ့မှာ ထိုင်ပြီး သျှမ်းပြည်ဆောင်းဒဏ်ကို...

တောထဲမှာ (၆)ရက်နီးပါး လမ်းလျှောက်စစ်ရှောင်လာရတဲ့ ကိုယ်ဝန်သည်တစ်ဦး

“ ကျမ ဘဝမှာ စစ်ရှောင်ပြီး သူများအိမ်မှာ ကလေးသွားမွေးရမယ်လို့ တကြိမ်တခါမှ မစဉ်းစားမိဘူး။ ကလေးမွေးတဲ့နေ့က ကလေးထုတ်တဲ့ အနှီးတောင် မရှိဘူး” လို့ ကြုံခဲ့ရတဲ့အဖြစ်အပျက်ကို နန်းခမ်းမွမ်းက ပြန်ပြောပြ ပါတယ်။ နန်းခမ်းမွမ်း ဟာ မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စု နမ့်အွတ်ကျေးရွာ တွင်နေထိုင်တဲ့သူတစ်ဦးဖြစ်ပြီး၊ အောက်တိုဘာ လဆန်းပိုင်းတုန်းက...

စွန့်ပစ်ခံနေရတဲ့ သူရဲကောင်းများ

“ ဒီလို အမွေပြတ်စွန်လွှတ် လိုက်ရတာတော့ စိတ်မကောင်းပါဘူး။ ကျမလုံခြုံရေး အတွက်လည်းရှိသေးတယ်။ သူကို ဒီအလုပ်မလုပ်ဖို့ ပြောလည်းမရဘူးလေ။ ဒါ့ကြောင့် စွန့်လွှတ်လိုက်တာပါ” လို့ အသက် (၆၀) ကျော်ရှိ မိခင်တစ်ဦး ဖြစ်သူက ရင်ဖွင့်ပြောဆိုလာပါတယ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း သမီးရဲ့ နိုင်ငံရေးလုပ်ရှုားမှု...

တိုက်ပွဲကြားက ပေါက်ဖွားလာတဲ့ “ဝမ်တင်းလီ” ကျေးရွာ

မြေနီလမ်း ဘေးမှာ ဝါးကပ်တွေနဲ့ တည်ဆောက်ထားပြီး တချို့အိမ်က သက်ကယ်မိုး၊ တချို့အိမ်က သွပ်ပြားနဲ့မိုးထားတဲ့ အိမ်သစ်တွေ အစီအရီ နေရာယူထားပါတယ်။ အဲဒီအိမ်တွေက ရွာတန်းရှည်ပုံစံနဲ့ နေရာ ယူထားပြီး ရွာပတ်ဝန်းကျင်က လှပ တိတ်ဆိတ် နေပါတယ်။ အဲဒီ ကျေးရွာလေးကတော့ လဲချားမြို့နယ် လဲချား-မိုင်းနောင် ကားလမ်းပေါ်မှာ တည်ရှိတဲ့...

ပညာရေးအလင်းတန်းပျောက်နေဆဲ လက်ရှိသျှမ်းပြည်

ကိုဗစ်ရောဂါ နဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် ၂ နှစ်နီးပါးကြာအောင်ပိတ်ထားတဲ့ အစိုးရစာသင်ကျောင်း ဟာ နို၀င်ဘာလ ၁ ရက်နေ့မှာပြန်လည်ဖွင့်လှစ်ပေးလိုက်ပါတယ်။ သျှမ်းပြည် မြို့နယ် ၅၅ မြို့နယ် မှာ ၂၆ မြို့နယ်က ကျောင်းဖွင့်ခွင့်မရသေးပါဘူး။ ဒီအခြေအနေအပေါ် ကျောင်းသားမိဘတွေ၊ ကျောင်းသူ ကျောင်းသားတွေ ဆရာ ဆရာမ...

စစ်တပ်မှ အသက်ပြန်သွင်းနေတဲ့ တောင်ကြီး ပင်းပက်စီမံကိန်း

“တကယ်လို့ ပင်းပက်စက်ရုံ လည်ပတ်မယ်ဆိုရင် ကျနော်တို့ ဒေသခံတွေ ငတ်သွားမယ် ထင်တယ်။ ပြီးတော့ မြေယာသိမ်းမှုတွေ နောက်တစ်ခေါက် ထပ်ဖြစ်လာမှာကိုလည်း စိုးရိမ်တယ်” လို့ ခွန်သောင်း က သူရဲ့ စိုးရိမ်မှုကို ပြောပါတယ်။ ပင်းပက်စက်ရုံစီမံကိန်းဟာ သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ် နမ့်ဆီးကျေးရွာအုပ်စုအတွင်းမှာ တည်ရှိပြီး မြန်မာနိုင်ငံမှာ...

ကိုဗစ်နဲ့ စစ်ဒဏ်ကြား ရှင်သန်ဖို့ အားယူနေရတဲ့ မိုင်းတင်း ဝက်သားချဥ်သည်

ကျောက်မဲမြို့ကနေ (၇)မိုင်အကွာ မိုးကုတ်၊ မိုးမိတ် သွားတဲ့လမ်းပေါ်မှာ “မိုင်းတင်း” ဆိုတဲ့ ကျေးရွာတစ်ရွာ ရှိပါတယ်။ မိုင်းတင်း ကျေးရွာဟာ ခရီးသွားတွေအတွက် တထောက်နားစရာ နေရာလည်း ဖြစ်ပါတယ်။ အဲ့ဒီ မိုင်းတင်းကျေးရွာဟာ နာမည်ကြီးတဲ့ ဝက်သားချဉ် ရောင်းချနေတဲ့ရွာ ဖြစ်ပြီး မိုင်းတင်း ဝက်သားချဉ်လို့ကို ပြောစမှတ်ဖြစ်တဲ့အထိ နာမည်ကျော်ခဲ့ပါတယ်။ အရင်က...

စစ်အာဏာရှင်လက်အောက် လုံခြုံမှုကင်းမဲ့နေတဲ့ အမျိုးသမီးများ

“စိုးရိမ်တာပေါ့။ ကျမတို့ ဒေသမှာ အသက် (၆၂)နှစ်အရွယ် အမျိုးသမီး အဓမ္မပြုကျင့်ခံရတာ တစ်ခါမှ မကြားဖူးဘူး” လို့ ဒေါ်လွမ်းရယ်က စိတ်မကောင်းစွာနဲ့ ပြန်ပြောပြနေပါတယ်။ နိုဝင်ဘာ ၇ ရက် နေ့က သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖလွန်ကျေးရွာ အုပ်စု၊ ဖားခတ်ကျေးရွာမှာ အသက် ၆၂ နှစ်အရွယ်...

ဆူးခင်းလမ်းမှာ တိုက်ပွဲဝင်နေတဲ့ မိုးဗြဲ ကြယ်ပွင့်လေးများ

“ကျနော်တို့ အရင်က တိုက်ပွဲမဝင်ဖူးဘူးလေ။ အစကတော့ ကြောက်စိတ်ဆိုတာ ရှိတာပေါ့။ ကြောက်စိတ်တွေကို အရင်တော်လှန်ပြီးမှ ပြန်တိုက်ခိုက်တယ်” လို့ စစ်အာဏာရှင်ကို တော်လှန်နေတဲ့ မိုးဗြဲ PDF လူငယ်တစ်ဦးဖြစ်တဲ့ ကိုတုတ်ကြီး က ဆိုပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ နည်းမျိုးစုံ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ရာ ထိရောက်မှုမရှိတော့တဲ့အတွက်ကြောင့် လက်နက်ကိုင်တော်လှန်ဖို့ ဆုံးဖြတ်ခဲ့ပုံကို အသက်...

ကိုဗစ်၊ နိုင်ငံရေးကြား ကျေးလက်ပညာရေး

သျှမ်းတောင်တန်းပေါ်က စာသင်ခန်းတွေ မှာ ခေါင်းလောင်းသံတွေ၊ စာအံသံတွေ တိတ်ဆိတ်နေတာ နှစ်နှစ်ကျော်လာပါပြီ။ နိုင်ငံရေးရှုပ်ထွေးမှု၊ စစ်ရေးပဋိပက္ခနဲ့ ကိုဗစ်ဒဏ်တွေကြောင့် သျှမ်းတောင်တန်းပေါ်ရှိ ကျောင်းခန်းတွေဟာ တိတ်ဆိတ်ငြိမ်သက်နေပြီး ကျောင်းအင်္ဂါရပ်နဲ့တောင် မပြည့်စုံတော့တာတွေ ရှိနေပါတယ်။ “ကလေးတွေရဲ့ ပညာရေးကိုတော့ ကျမ တွေးပူတယ်။ တစ်နှစ်ပြီးတစ်နှစ် ပြီးသွားတယ်။ ကျောင်မတက်ရတာ ၂ နှစ် ရှိလာပြီ”...

Latest news