Thursday, January 29, 2026

CATEGORY

ဆောင်းပါး

လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှု ဆိုသည်မှာ

စစ်တပ်က အာဏာသိမ်းပြီး (၁) နှစ်ကျော် ကာလအတွင်းမှာ ပြည်သူလူထုများ၏ ကျေးရွာတွေမှာ မီးရှို့ဖျက်ဆီးတာတွေ၊ ဒေသခံ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ၊ ဘာသာရေးကျောင်းတွေကို ဖျက်ဆီးတာတွေ အများအပြား ပြုလုပ်လာခဲ့ပါတယ်။ ဘာသာရေးဖျက်ဆီးခြင်း ဆိုသည်မှာ ပြည်သူလူထုတို့ ကိုးကွယ်ရာ ဘုရားကျောင်းများကို စစ်တပ်က စခန်းချတာတွေ၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်တာတွေ၊...

စစ်ကောင်စီ၏ သွေးခွဲလက်နက်

“တစ်ရပ်ကွက်ကို လူ ၁၂ ယောက် တစ်ရွာကို လူ ၁၂ ယောက် ပေးရမယ်ဆိုပြီး အခု လူလိုက်စုနေတယ်” ဟု စစ်ကောင်စီတပ် လက်အောက်ခံ အဖြစ် ဖွဲ့စည်းမည့် ဓနုပြည်သူ့စစ် (သို့) Danu Army ဖွဲ့စည်းရန် လူစုဆောင်းနေကြောင်း ပင်းတယမြို့ခံ အမျိုးသမီး...

တောနက်ထဲမှာ ခက်ခဲ စစ်ရှောင်နေရတဲ့သူများ

၂ ပေ လောက်ရှိ တောလမ်းကျဉ်းကျဉ်းလေးကို လူတစ်စုက အထုတ်တွေ ကိုယ်စီဆွဲကာ တောနက်ကြီးထဲသို့ ခက်ခက်ခဲခဲ လမ်းလျှောက်သွားနေပါတယ်။ ယခုလို မိုးရာသီဖြစ်တဲ့အလျောက် လမ်းတွေကလည်း ချော်ပြီး လူကလည်း ရွံ့တွေနဲ့လူး ၊ တောင်တက်တောင်ဆင်း ခက်ခဲစွာ သွားနေရပါတယ်။ အဲ့ဒီလူတွေဟာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ရှောင်ပြေးနေရတဲ့ စစ်ရှောင်စခန်းကို သွားနေကြရတာဖြစ်ပါတယ်။ စစ်ရှောင်စခန်းဟာ...

တရားဥပဒေ အထက်က စစ်ကောင်စီ 

“ကျမအမျိုးသားက မသေသင့်ပဲ သေရတယ်။ လူ့အသက်ကို တန်ဖိုးမထားဘူး။ ဖြစ်လာရင်တောင် တာဝန်ယူမှု မရှိဘူး။ အသက်ငယ်ငယ်နဲ့ မုဆိုးမဖြစ်ရတယ်” လို့ ငိုသံ တွေနဲ့ နန်းဟွမ်က ပြောပါတယ်။ ဖေဖော်ဝါရီလတုန်းက သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းရှူးမြို့မှာ စစ်ကောင်စီတပ်သား တစ်ဉီး က အရက်မူးပြီး စိုင်းမောင်ညို  ဆိုသူကို ကားနဲ့ တိုက်မိပြီးတော့ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။ လက်ရှိမှာတော့စိုင်းမောင်ညို ရဲ့ အမျိုးသမီး တစ်ယောက်တည်း (၃) နှစ်အရွယ် သမီးလေးကို ပင်ပန်းခက်ခဲစွာ   ရုန်းကန်ရှာဖွေ ကျွေးမွေးနေရတယ်လို့  သူမက ဆိုပါတယ်။ စစ်တပ်ဘက်က သေဆုံးသွားတဲ့ ကလေးအဖေအတွက်...

စိတ်ဒဏ်ရာ

“ဒေသကာကွယ်ရေးတပ် PDF ဟု စွပ်စွဲကာ ဧပြီလ ၁၉ ရက်နေ့က ပဲရင်းတောင်ကျေးရွာသား ဓနုလူမျိုး ၉ ဦးကို စစ်တပ်က အကြမ်းဖက် ညှဉ်းပန်း သတ်ဖြတ်” လေပြီ။ တခါတရံ ထွက်ပေါ်လာသည့် ကားနှင့် ဆိုင်ကယ်သံမှ အပ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်နေသည်။...

ဆုတောင်းမပြည့်တော့တဲ့ မိုးနဲ လယ်သမားဘ၀များ

ရောင်နီစပြိုချိန် လူမမြင်တမြင်အချိန်မှာ ဆွမ်းတော်ခွက်ကိုယ်စီကိုင်ဆောင်ထားပြီး ရေထွက်ရှိရာ နတ်စင်ကို ဆွမ်းတော်ကပ် ဆုတောင်းဖို့အတွက် ကိုယ်စီ အိမ်ကနေ ထွက်ခွာကြပါတယ်။ ဆွမ်းတော်ခွက်တွေကိုယ်စီ ကိုင်ဆောင်ပြီး နတ်စင်သွားရာ သွားလမ်းတစ်လျောက်မှာတော့ နောင်နှစ်တွေအတွက် လယ်ယာစိုက်ပျိုးရေးအကြောင်းကို အစီစဉ်တွေ ချပြပြောဆိုကြပြီး လမ်းကို ခပ်သွက်သွက် လျှောက်နေကြပါတယ်။ အဲ့ဒီနတ်စင်ကတော့ မိုးနဲမြို့ထဲမှာရှိပြီး နှစ်စဥ်နှစ်တိုင်း ကဆုန်လပြည့်နေ့ရောက်ပါက ရေထွက်ရှိရာ...

စစ်အာဏာရှင် အမြစ်ပြတ်ဖို့ တော်လှန်သင်္ကြန်ပါ၀င်စို့

စစ်အာဏာရှင် အမြစ်ဖြုတ်တိုက်ခိုက်ဖို့ တော်လှန်နေတဲ့ ပြည်သူတွေကတော့ ယခုနှစ်ဟာ တော်လှန် သင်္ကြန် လို့ သတ်မှတ်ပြီး စစ်ကောင်စီ ပြုလုပ်တဲ့ သင်္ကြန်မဏ္ဍပ်တွေမှာ ပါ၀င်ဆင်နွှဲတာတွေမလုပ်ဖို့ တားဆီးနေကြပါတယ်။ စစ်ကောင်စီဘက်ကလည်း သင်္ကြန်ပွဲတော် စည်းကားကြောင်းကို နိုင်ငံတာ ပြသချင်တဲ့အနေနဲ့ မြို့တိုင်းမှာ မဏ္ဍပ်တွေကိုတည်ဆောက်ပြီး မြို့နယ်အလိုက် ရပ်ကွက်အလိုက် မလာမနေရ ဆိုပြီး...

ကျယ်ပြန့်လာတဲ့ တိုက်ပွဲနဲ့ မြေမြုပ်မိုင်းဒဏ်ကို ခါးစည်းခံနေရသူများ

“ပေါက်ကွဲပြီးတော့ ကျမလည်း သတိမေ့သွားတာ၊ ဘယ်လောက်ကြာသွားမှန်း မသိဘူး၊ သတိပြန်ရလာတော့ မူးနေသေးတယ်၊ ဘေးမှာ ညီမလေးက သတိမရသေးဘူး၊ သူ့ကို နိုးရတယ်၊ ညီမလေးက သွေးတွေ အများကြီးပဲ” လို့ မိုင်းထိတဲ့ နေ့ရက်က အကြောင်းကို နန်းမိုခေါင်က ပြန်ပြောပြနေပါတယ်။ နန်းမိုခေါင်တို့ ညီအစ်မနှစ်ယောက်လုံးဟာ ယခုနှစ်ဆန်းပိုင်းဖြစ်တဲ့ ဖေဖော်၀ါရီ...

တိုက်ပွဲကြား လူမျိုးရေး ပဋိပက္ခ မီးမတောက်လောင်စေချင်

တအာင်း(ပလောင်) မိသားစုလိုက် သတ်ဖြတ်ခံရပြီး ထိုထဲမှာ အသက် (၇)လ အရွယ် ကလေးငယ်တစ်ဦး ပါတဲ့အတွက် သျှမ်းပြည် တခုလုံးကို တုန်လှုပ်ခြောက်ချားသွားစေပါတယ်။ သျှမ်းပြည်အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်း စစ်မီးတောက်လောင်မှုတွေ အရှိန်အဟုန် မြင့်တက်နေတဲ့ကြားက မိုင်းကိုင်မြို့နယ် တအာင်း(ပလောင်)အမျိုးသားပါတီ (TNP) ဥက္ကဌ မိုင်းနုမ်ဟန် တို့ မိသားစု သတ်ဖြတ်ခံရမှုကြောင့်...

လျှပ်စစ်မီး အားကိုးပြီး ရုန်းကန်နေရသူရဲ့ ဒုက္ခ 

“မီး မကြာခဏပျက်တော့ ကျမတို့ မုန့်လုပ်ငန်းကတော့ တော်တော်ကိုအဆင်မပြေတာ။ ညမှလာတော့ လူတွေလည်းအိပ်ရေးပျက်တာပေါ့။ ထုတ်ကုန်လည်းလျော့ကျ၊ ၀င်ငွေလည်းနည်းလာတယ်” လို့ မမို့မို့ တယောက် သက်ပြင်းချကာ ပြောလာပါတယ်။ မမို့မို့တို့မိသားစုဟာ မုန့်လုပ်ငန်းနဲ့အသက်မွေး၀မ်းကြောင်းပြုလာခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပေမယ့် အခုလို မီးပျက်ဒဏ်ဆိုးဆိုးရွားရွားကို မခံခဲ့ရပေ။ “မီးကပုံမှန်မလာတဲ့အခါကျတော့ မုန့်က လုပ်ရမလား မလုပ်ရဘူးလား ဆိုတာတွေ တွေးရတယ်၊ လုပ်လိုက်လို့ မီးကပျက်သွားရင်စက်ထဲရောက်သွားတဲ့မုန့်က အလကားဖြစ်ကုန်တယ်” လို့ မမို့မို့က လက်ရှိကြုံတွေ့နေရတာတွေကို ရင်ဖွင့်လာပါတယ်။ စစ်အာဏာသိမ်းပြီး...

Latest news