မူးယစ်ဒဏ်ကို ခံနေရတဲ့ သျှမ်းမြောက် အိမ်ထောင်ရှင်မ

“ဆေး (မူးယစ်ဆေး) ဖိုး မရှိတဲ့နေ့တွေဆို ကျမကိုရော ကလေးကိုရော ရိုက်တယ်၊ ပြန်တွန်းလှန်ဖို့လည်း မဖြစ်နိုင်ဘူးလေ၊ အားခြင်းမမျှတာကိုး၊ ဒီလိုပဲ ရေစက်ရှိသလောက် ခံသွားရမယ်လို့ ခံယူထားတယ်” မခိုင် တယောက် တုန်ရီတဲ့ လေသံလေးနဲ့ တိုးတိုးလေး ပြောလာပါတယ်။

မခိုင် ဟာ အသက် (၄၀) အရွယ်ရှိပြီး လက်နက်ကိုင်ပေါင်းစုံ လှုပ်ရှားတဲ့နေရာ မူးယစ်ဆေးပေါင်းစုံ အလွယ်တကူရတဲ့ အနက်ရောင်နယ်မြေလို့ သတ်မှတ်ထားတဲ့ သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်က ကျေးရွာတစ်ခုမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။

Photo: CJ မူးယစ်ဆေးသုံးစွဲ

လက်ရှိမှာ သူမဟာ ကလေး (၂) ဦးရဲ့ မိခင်ဖြစ်ပြီး၊ မိသားစုကို ရှာဖွေကျွေးမွေးနေရတဲ့ အမျိုးသမီးတစ်ဦး ဖြစ်သလို မူးယစ်ဆေးသုံးစွဲနေတဲ့ အမျိုးသားကိုလည်း နေ့စဥ်မှန်မှန် မူးယစ်ဆေးအတွက် ပိုက်ဆံရှာနေရသူ တစ်ဦးပါ။  

မခိုင် တစ်ယောက် ဟာ ကိုဗစ် ကူးစက်မှုမဖြစ်ခင် စစ်အာဏာ မသိမ်းခင်အချိန်ထိတော့ သူမတို့ရဲ့ မိသားစုတွေက  ပျော်ရွှင်ခဲ့ကြပါတယ်။

အရင်က မခိုင် အမျိုးသား ကိုမျိုးဟာ ဟာ လားရှိုး – ကွတ်ခိုင် – မူဆယ် လိုင်းကားမောင်းခဲ့ရင်း အိမ်ထောင်ဦးစီး ကောင်းဖြစ်ခဲ့ဖူးပေမဲ့ ကိုဗစ် – ၁၉ ပျံ့နှံ့ကူးစက်မှုတွေကြောင့် လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့တဲ့အပြင် အာဏာသိမ်း နောက်ဆက်တွဲ ရိုက်ခတ်မှုတွေကြောင့် စိတ်ဓါတ်ကျရာမှ မူးယစ်ဆေးသားကောင် ဖြစ်လာခဲ့သူပါ။

Photo: CJ မူးယစ်ဆေးဝါးသုံးစွဲသူ

“အရင်ကတော့ သူက ကားမောင်းရင်း မိသားစုအတွက် အိမ်ထောင်မှု တာဝန်ကျေပွန်တဲ့ အမျိုးသားပေါ့၊ ကျမတို့ လည်း အိမ်ဆိုင်လေးဖွင့်ထားတော့ ဈေးရောင်းရင်း နဲ့ တစ်ဖက်တစ်လမ်းကနေ သူ့ကို ကူနိုင်ခဲ့တယ်၊ အဲ့တုန်းကတော့ မချမ်းသာရင်တောင်မှ မဆင်းရဲခဲ့ဘူး၊ သာယာတယ်၊ ခုတော့ နေ့တိုင်းမှာ သူ့ဆေးဖိုးမရရင် ဘယ်လိုတွေ ဖြစ်မလဲဆိုတာပဲ တွေးကြောက်နေရတယ်”

အခုလို ဆင်းရဲတဲ့ စိတ်ဒုက္ခကို ခံယူနေရတဲ့ အကြောင်းရင်းကတော့ မခိုင် ရဲ့ အမျိုးသားဖြစ်သူက မူးယစ်ဆေး သားကောင်ဖြစ်ပြီး အမျိုးသမီးတစ်ယောက်ထဲ အိမ်မှုကိစ္စအဝဝကို တာဝန်ယူ လုပ်ဆောင်နရတဲ့အပြင် တခါတလေ ဆေးဖိုးအတွက်ပါ ပေးရတာတွေကြောင့်လို့ မခိုင်က စိတ်မကောင်းတဲ့ လေသံတွေနဲ့ ရှင်းပြပါတယ်။

“သူသုံးနေတာက ရာမ ဆေးပြား နဲ့ အဖြူပေါ့၊ သူ့ဆေးဖိုးအတွက် သူ့ဘာသာသူရှာတာရှိသလို မရှာနိုင်တဲ့ နေ့တွေ ကျတော့ ကျမ ဆီကတောင်းတာပေါ့၊ အရင်ကတော့ တစ်နေ့ကို ၂၀၀၀ / ၃၀၀၀ ကနေ အခုဆို ၅၀၀၀ ထိတောင်း လာတယ်” လို မခိုင် တယောက် ဝမ်းနည်းတဲ့ လေသံနဲ့ ပြောပြလာပါတယ်။

Photo: မူးယစ်ဆေးဝါးသုံးစွဲ

မခိုင်တယောက် ဟာ အိမ်ဆိုင်လေးဖွင့်ထားပြီး လက်ရှိမှာ ကုန်စျေးနှုန်း မြင့်တက်လာမှုကြောင့် အရင်ကလို စျေးလာဝယ်သူ လျော့သွားသလို ဝင်ငွေလည်း နည်းလာပါတယ်။

ဝင်ငွေနည်းလာတဲ့အလျောက် မူးယစ်ဆေးသုံးစွဲနေတဲ့ အမျိုးသားကို မပေးနိုင်တော့ အမျိုးသားရိုက်နှက်မှာကို စိုးရိမ်ကြောက်ရွံ့မှုနဲ့ နေ့စဥ်နဲ့အမျှ ကျော်ဖြတ်နေရပါတယ်။

“အိမ်ဆိုင်လေးဖွင့်ပြီး မိသားစုဝမ်းစာအတွက် ဖြေရှင်းရတာ လွယ် တော့ မလွယ်ဘူး၊ ကုန်ဈေးနှုန်းတွေလည်း တက်နေတာနဲ့ အကြွေးတွေ မကင်းဘူး” လို့ မခိုင် တယောက် ညီးထွားနေပါတယ်။

Photo: CJ မူးယစ်ဆေးဝါးသုံးစွဲသူ

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကွတ်ခိုင်မြို့ပေါ်မှာ မူးယစ်ဆေးဝါး ရောင်းသူတွေ ပေါများလာသလို သုံးစွဲသူတွေကလည်း မြို့လယ်ခေါင်တွေ လူသွားလူလာများတဲ့ နေရာတွေမှာ ပေါ်တင်သုံးစွဲလာတာကို တွေ့မြင်လာရတယ်လို့ ကွတ်ခိုင်ဒေသခံတွေ ပြောပြလာပါတယ်။

ကွတ်ခိုင်မြို့ပေါ်မှာ WY ဆေးပြားတလုံး ရဲ့ တန်ဖိုးဟာ မြန်မာကျပ်ငွေ ၂၅၀ ကျပ်ရှိတဲ့အတွက် လက်ရှိ ကြက်ဥတစ်လုံး ရဲ့ တန်ဖိုးနဲ့ ညီမျှနေတယ်လို့လည်း ကွတ်ခိုင်မြို့က အိမ်ရှင်မ တစ်ဦးက ပြောပါတယ်။

Photo: CJ မူးယစ်ဆေးဝါးသုံးစွဲသူ


“မူးယစ်ဆေးပြားက ကြက်ဥတစ်လုံးစာ နဲ့ ညီမျှနေတယ်။ နောက်ဆိုရင် ကြက်ဥစျေးနှုန်းက WY ဆေးပြားထက် ပိုပြီး စျေးတက်လာနိုင်တယ်” လို့ ကွတ်ခိုင်မြို့ အိမ်ရှင်မ က ဆိုပါတယ်။

ကွတ်ခိုင်မြို့ဟာ မူးယစ်ဆေးဝါးချက် စက်ရုံတွေ ပေါများတဲ့ နေရာဖြစ်တဲ့အလျောက် စစ်အာဏာမသိမ်းခင် ၂၀၂၀ ခုနစ် မေလမှာ စစ်ကောင်စီ လက်အောက်ခံ ကောင်းခါး ပြည်သူ့စစ် အဖွဲ့ ထိန်းချုပ်တဲ့ နယ်မြေမှာ မူးယစ်ဆေးချက် စက်ရုံ နဲ့ မူးယစ်ဆေးတွေကို ဖမ်းဆီးခဲ့တဲ့နေရာ ဖြစ်ပါတယ်။

အခုလို စစ်အာဏာသိမ်းပြီးနောက်မှာတော့ မူးယစ်ဆေးဝါးအရေး နဲ့ ပတ်သက်ပြီး အရေးယူတာတွေ ဖမ်းဆီးတာတွေ က မရှိလာတော့ ပြည်သူတွေဟာ မူးယစ်နွံထဲ နစ် တထက် နစ်ရုံပါပဲ။

“ဒီနယ်မြေက အရင်ကတည်းက မူးယစ်ဆေးပေါတာ။ အခုနောက်ပိုင်း မူးယစ်ဆေးက အလွယ်ရတော့ သုံးတဲ့သူလည်း များလာတာပေါ့။ အလုပ်မရှိတော့ စိတ်ညစ်တာနဲ့ ဆေးကို ပိုသုံးလာကြတာ” လို့ ကွတ်ခိုင်မြို့ က ဒေါ်ထန်နန်း က ဆိုပါတယ်။

အခုလို ကာလမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့ အတွက် တိုင်းရင်းသား လက်နက်ကိုင်တွေကို အားကိုးချင်ပေမယ့် လည်း တချို့လက်နက်ကိုင်တွေက မူးယစ်ဆေးဝါး အကြောင်းပြပြီး ဖမ်းဆီးကာ ငွေညစ်တောင်းဆိုမှုတွေ ပြုလုပ်တာတွေလည်းရှိတယ်လို့ ဒေါ်ထန်နန်းက လက်ရှိ မြေပြင်အခြေအနေကို ပြောပြလာပါတယ်။

Photo: CJ မူးယစ်ဆေးဝါးသုံးစွဲသူ

 တဖက်မှာလည်း ကွတ်ခိုင်မြို့နဲ့ ဘေးပတ်ဝန်းကျင်ရွာတွေမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ က နှစ်စဥ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာတွေရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။  

ဒီလို မူးယစ်သားကောင်တွေ ပေါများလာတဲ့အတွက် အမျိုးသမီးတွေရဲ့ ဘဝလုံခြုံရေးကလည်း အလွန်ပင် စိုးရိမ်စရာတွေ ဖြစ်လာပါတယ်။

Photo: CJ မူးယစ်ဆေးဝါးသုံးစွဲသူ

နေ့စဥ်နဲ့အမျှ ကွတ်ခိုင်မြို့လယ်ခေါင်မှာ မူးယစ်ဆေးသားကောင်တွေ ကျင်လည်ကျက်စားနေတဲ့အတွက် အမျိုးသမီးတွေ ကလည်း အိမ်ပြင်ထွက်ဖို့ တွန့်ဆုတ်နေကြပါတယ်။

တဖက်မှာလည်း မိမိအိမ်မှာ မူးယစ်ဆေးနွံနစ်နေတဲ့ အမျိုးသားတွေ ဆွေမျိုးတွေရှိပါက အလွန်ပင် စိတ်သောက ရောက်ရပြီး အိမ်တွင်းအကြမ်းဖက်မှုတွေ ဖြစ်လာတဲ့အဆင့်ပါပဲ။

ဒါ့ကြောင့် မခိုင် တို့လို မူးယစ်သားကောင်နဲ့ အိမ်ထောင်ရှင်မဖြစ်ရသူဟာ အန္တရာယ်စက်ကွင်းမှာ စိုးရိမ်သောကတွေနဲ့  ရှင်သန်နေကြရပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...