နိုင်ငံရေး ရှုပ်ထွေးမှုကြား အမျိုးသမီးများအပေါ်အကြမ်းဖက်မှု လျစ်လျူရှူခံရ
“စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တနိုင်ငံလုံးအနှံ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ အိမ်တွင်း အကြမ်းဖက်မှုတွေ၊ သက်ငယ်မုဒိမ်းမှုတွေ ပိုမိုများပြားလာပါတယ်။ ကျမတို့ရဲ့ ကချင်ပြည်နယ်မှာ စစ်တပ်က နိုင်ငံ့အာဏာကိုသိမ်းပြီးနောက်မှာတော့ လူမှုအဖွဲ့အစည်းတွေ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက နည်းပါးလာပြီး အမျိုးသမီးအရေးကိစ္စကို ကူညီဆောင်ရွက်ပေး နေတဲ့သူကလည်း မရှိသလာက်ပါပဲ။” သူမဟာ ကချင်ပြည်နယ် ဗန်းမော်မြို့မှာ နေထိုင်တဲ့ ရှမ်းနီတိုင်းရင်းသူတစ်ဦးဖြစ်ပြီး...
စာသင်ကျောင်းများ ဓားစားခံ မပြုလုပ်သင့်
SHAN -
“လူတိုင်း ပညာသင်ကြားခွင့်ရှိသည်။ အနိမ့်ဆုံး မူလတန်း ပညာကို အခမဲ့ သင်ခွင့်ရှိသည်”။ ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးမှ ၁၉၄၈ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် လူသားတိုင်း ရသင့်ရထိုက်သော ခံစားထိုက်သော အခွင့်အရေး များကို လူ့အခွင့်အရေး ကြေညာ စာတမ်းအဖြစ် အတည်ပြု ကြေညာခဲ့သည်။ ယင်းကြေညာစာတမ်းပါ...
သည်းသည်းမဲမဲ ရွာသွန်းနေသည့် မိုးကို ငေးကြည့်ရင်း “ဒီနှစ် မိုးစောတယ်” ဟု ကိုထွန်းအောင် ရေရွတ်သည်။ သူ၏ ရေရွတ်သံသည် သွပ်ပြားပေါ် အရှိန်ပြင်းပြင်း ကျနေသည့် မိုးပေါက်များကြောင့် တဝေါဝေါ မည်နေသည့် အသံကြား ပျောက်ကွယ်သွားသည်။ သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ်သည် ဒေသတွင်း ပန်းမန် သီးနှံများ...
လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှု ဆိုသည်မှာ
စစ်တပ်က အာဏာသိမ်းပြီး (၁) နှစ်ကျော် ကာလအတွင်းမှာ ပြည်သူလူထုများ၏ ကျေးရွာတွေမှာ မီးရှို့ဖျက်ဆီးတာတွေ၊ ဒေသခံ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ၊ ဘာသာရေးကျောင်းတွေကို ဖျက်ဆီးတာတွေ အများအပြား ပြုလုပ်လာခဲ့ပါတယ်။ ဘာသာရေးဖျက်ဆီးခြင်း ဆိုသည်မှာ ပြည်သူလူထုတို့ ကိုးကွယ်ရာ ဘုရားကျောင်းများကို စစ်တပ်က စခန်းချတာတွေ၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်တာတွေ၊...
“တစ်ရပ်ကွက်ကို လူ ၁၂ ယောက် တစ်ရွာကို လူ ၁၂ ယောက် ပေးရမယ်ဆိုပြီး အခု လူလိုက်စုနေတယ်” ဟု စစ်ကောင်စီတပ် လက်အောက်ခံ အဖြစ် ဖွဲ့စည်းမည့် ဓနုပြည်သူ့စစ် (သို့) Danu Army ဖွဲ့စည်းရန် လူစုဆောင်းနေကြောင်း ပင်းတယမြို့ခံ အမျိုးသမီး...
တောနက်ထဲမှာ ခက်ခဲ စစ်ရှောင်နေရတဲ့သူများ
SHAN -
၂ ပေ လောက်ရှိ တောလမ်းကျဉ်းကျဉ်းလေးကို လူတစ်စုက အထုတ်တွေ ကိုယ်စီဆွဲကာ တောနက်ကြီးထဲသို့ ခက်ခက်ခဲခဲ လမ်းလျှောက်သွားနေပါတယ်။ ယခုလို မိုးရာသီဖြစ်တဲ့အလျောက် လမ်းတွေကလည်း ချော်ပြီး လူကလည်း ရွံ့တွေနဲ့လူး ၊ တောင်တက်တောင်ဆင်း ခက်ခဲစွာ သွားနေရပါတယ်။ အဲ့ဒီလူတွေဟာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ရှောင်ပြေးနေရတဲ့ စစ်ရှောင်စခန်းကို သွားနေကြရတာဖြစ်ပါတယ်။ စစ်ရှောင်စခန်းဟာ...
“ကျမအမျိုးသားက မသေသင့်ပဲ သေရတယ်။ လူ့အသက်ကို တန်ဖိုးမထားဘူး။ ဖြစ်လာရင်တောင် တာဝန်ယူမှု မရှိဘူး။ အသက်ငယ်ငယ်နဲ့ မုဆိုးမဖြစ်ရတယ်” လို့ ငိုသံ တွေနဲ့ နန်းဟွမ်က ပြောပါတယ်။ ဖေဖော်ဝါရီလတုန်းက သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းရှူးမြို့မှာ စစ်ကောင်စီတပ်သား တစ်ဉီး က အရက်မူးပြီး စိုင်းမောင်ညို ဆိုသူကို ကားနဲ့ တိုက်မိပြီးတော့ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။ လက်ရှိမှာတော့စိုင်းမောင်ညို ရဲ့ အမျိုးသမီး တစ်ယောက်တည်း (၃) နှစ်အရွယ် သမီးလေးကို ပင်ပန်းခက်ခဲစွာ ရုန်းကန်ရှာဖွေ ကျွေးမွေးနေရတယ်လို့ သူမက ဆိုပါတယ်။ စစ်တပ်ဘက်က သေဆုံးသွားတဲ့ ကလေးအဖေအတွက်...
ဆုတောင်းမပြည့်တော့တဲ့ မိုးနဲ လယ်သမားဘ၀များ
ရောင်နီစပြိုချိန် လူမမြင်တမြင်အချိန်မှာ ဆွမ်းတော်ခွက်ကိုယ်စီကိုင်ဆောင်ထားပြီး ရေထွက်ရှိရာ နတ်စင်ကို ဆွမ်းတော်ကပ် ဆုတောင်းဖို့အတွက် ကိုယ်စီ အိမ်ကနေ ထွက်ခွာကြပါတယ်။ ဆွမ်းတော်ခွက်တွေကိုယ်စီ ကိုင်ဆောင်ပြီး နတ်စင်သွားရာ သွားလမ်းတစ်လျောက်မှာတော့ နောင်နှစ်တွေအတွက် လယ်ယာစိုက်ပျိုးရေးအကြောင်းကို အစီစဉ်တွေ ချပြပြောဆိုကြပြီး လမ်းကို ခပ်သွက်သွက် လျှောက်နေကြပါတယ်။ အဲ့ဒီနတ်စင်ကတော့ မိုးနဲမြို့ထဲမှာရှိပြီး နှစ်စဥ်နှစ်တိုင်း ကဆုန်လပြည့်နေ့ရောက်ပါက ရေထွက်ရှိရာ...
စစ်အာဏာရှင် အမြစ်ပြတ်ဖို့ တော်လှန်သင်္ကြန်ပါ၀င်စို့
SHAN -
စစ်အာဏာရှင် အမြစ်ဖြုတ်တိုက်ခိုက်ဖို့ တော်လှန်နေတဲ့ ပြည်သူတွေကတော့ ယခုနှစ်ဟာ တော်လှန် သင်္ကြန် လို့ သတ်မှတ်ပြီး စစ်ကောင်စီ ပြုလုပ်တဲ့ သင်္ကြန်မဏ္ဍပ်တွေမှာ ပါ၀င်ဆင်နွှဲတာတွေမလုပ်ဖို့ တားဆီးနေကြပါတယ်။ စစ်ကောင်စီဘက်ကလည်း သင်္ကြန်ပွဲတော် စည်းကားကြောင်းကို နိုင်ငံတာ ပြသချင်တဲ့အနေနဲ့ မြို့တိုင်းမှာ မဏ္ဍပ်တွေကိုတည်ဆောက်ပြီး မြို့နယ်အလိုက် ရပ်ကွက်အလိုက် မလာမနေရ ဆိုပြီး...






