ဒေသလုံခြုံရေး အကြောင်းပြ စစ်ကောင်စီ အတွက် တပ်သားစုပေး

“PNO က စစ်သားကောက်မယ်ဆိုတဲ့ သတင်းကြောင့် ကျနော် အခု တောင်ကြီးမြို့ပေါ် ရှောင်လာတာ။ ကျနော့်သူငယ်ချင်းတွေလည်း ရွာထဲမှာ မရှိတော့ဘူး” အသက် ၂၂ အရွယ်ရှိ ပအိုဝ်းလူငယ် အမျိုးသားတစ်ဦးက လက်ရှိ အခြေအနေကို ပြောပြလာပါတယ်။

PNO မှ တပ်သားစာရင်းလာကောက်စဥ်

စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်လို့လည်းခေါ် ပအိုဝ်းပြည်သူ့စစ်လို့လည်း လူသိများတဲ့ (PNO) ဟာ တောင်ကြီးခရိုင်အတွင်းရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ ပအိုဝ်းလူငယ်တွေနဲ့ သျှမ်းလူငယ်တွေကို စစ်သားသစ် အပြင်းအထန်ကောက်ခံနေပါတယ်။

လက်ရှိအခြေအနေမှာတော့ PNO ထိန်းချုပ်တဲ့ဒေသမှာ နေထိုင်တဲ့လူငယ်တွေကတော့ တောင်ကြီးမြို့ပေါ်နဲ့ ထိုင်းနိုင်ငံသို့ ထွက်ပြးတိမ်းရှောင်နေရပါတယ်။

PNO ထိန်းချုပ်ထားတဲ့ဒေသတွေကတော့ သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ် နဲ့ ဟိုပုံးမြို့နယ်တွေ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်အစိုးရ လက်ထက်က စစ်တပ်အလိုကျ  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲခဲ့ပြီး တိုင်းရင်းသားနယ်မြေဒေသတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အသီးသီးပေးခဲ့ပါတယ်။

သျှမ်းပြည်ထဲမှာ နေထိုင်တဲ့ တိုင်းရင်းသားလူမျိုးစု (၅) စုဖြစ်တဲ့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ နဲ့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆိုပြီး  စစ်အစိုးရက ခွဲဝေပေးခဲ့ကြပါတယ်။ 

ယခုနှစ် မေလ (၂၅) ရက် ကစတင်ပြီး PNO တို့ တပ်သားသစ် စုဆောင်းမယ် ဆိုတဲ့ သတင်း ထွက်ပေါ် လာပြီး  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ နေထိုင်တဲ့  အသက် (၁၈) နှစ်မှ အသက် (၅၀) နှစ်ျ့ေအောက် အမျိုးသား၊ အမျိုးသမီးတွေကို လုံခြုံရေးလှုပ်ရှားဖို့အတွက်  စစ်မှုထမ်းရန် လာရောက် စည်းရုံးခဲ့ ပါတယ်။ 

ဒ့ါအပြင် PNO ထိန်းချုပ်တဲ့ဒေသမှာ နေထိုင်တဲ့ သျှမ်းလူထုတွေထံလည်း တစ်အိမ်ထောင်လျှင် ဆန် တပြည်နဲ့ ကျပ်ငွေ (၃)သောင်းပေးရမှာပါ။

စစ်သားစုဆောင်းတဲ့အတွက် လူငယ်တွေ ထိုင်းသို့ ထွက်ပြေးတိမ်းရှောင်

PNO တွေ စစ်သားကောက်ယူမှုကြောင့် ပြည်သူတွေဟာ လွှတ်ရာသို့ ထွက်ပြေးနေကြသလို အများစု ကတော့ ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းနဲ့လည်း ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

ဆီဆိုင်

ဒေသခံပြည်သူတွေကို PNO ဘက်မှ စစ်သား အတင်းအဓမ္မ ကောက်ယူမှုဟာ စိုက်ပျိုးရေး လုပ်ကိုင်နေတဲ့ တောင်သူတွေ အတွက် အခက်အခဲဖြစ်စေကြောင်းလည်း PNO ထိန်းချုပ်ဒေသ မှာ နေထိုင်တဲ့ သူတွေက ပြောဆိုလိုက်ပါတယ်။

“ ပအိုဝ်းပြည်သူ့စစ်တွေ စစ်သားကောက်တော့ တချို့တွေ စစ်သားသွားလုပ်ရမှာကြောက်လို့ ထိုင်းသွားကြပြီ အများကြီးပဲ အများစုက  ကျနော်တို့ လူငယ်တွေပေ့ါ။ ပြေးသွားတဲ့သူတွေတော့ ရာနဲ့ချီပြီ ကျနော်က  အခုစပါးစိုက်ပြီးပြီ ရိတ်ပေးမယ့် လူငယ်တွေမရှိတော့မှာကို ကြောက်တယ်” လို့ ဆီဆိုင်မြို့နယ် နေထိုင်တဲ့ စိုင်းလှက ပြောပါတယ်။ 

၂၀၁၉ ခုနှစ် က စတင်ပြီး မြန်မာနိုင်ငံတွင်း ကိုဗစ်-၁၉  ရိုက်ခတ်မှုဒဏ်ကြောင့် စိုက်ပျိုးရေးမှာလည်း များစွာ ထိခိုက်နစ်နာမှု ရှိခဲ့တဲ့အပြင် အခုလည်း နိုင်ငံရေးရှုပ်ထွေးမှုကြောင့် စိုက်ပျိုးရေးသမားတွေ ဘဝဟာ လုံးပါးပါးနေရတဲ့အဆင့်ပါပဲ။

“လူငယ်တွေ ထိုင်းသွားပြီး ရွာမှာ စပါးရိတ်ချိန်ကျရင် စပါးရိတ်ပေးမယ့်လူမရှိမှာကြောက်တယ်၊  ပြီးတဲ့နှစ်က ရွာမှာ ကိုဗစ် ကူးစက်မှုဖြစ်တဲ့အတွက် လူငယ်တွေရှိတယ်ဆိုပေမယ့် ရောဂါကြောင့် လယ်ထဲ မသွားရဲကြဘူး” လို့  စိုင်းလှ က စိုက်ပျိုးရေး နဲ့ပတ်သက်ပြီးရင်ဖွင့်လာပါတယ်။

လက်ရှိ ကျေးရွာအတွင်းမှာ အသက်ကြီးရွယ်အို နှင့် ကလေးများသာကျန်ရှိနေတာကြောင့် လယ်ယာစိုက်ပျိုးရေးအတွက် အသက်ကြီးပိုင်းများအတွက် အခက်ခဲရှိနေကြပါတယ်။ 

“လယ်လုပ်နိုင်တဲ့ သူဆိုရင်သိပ်မရှိတော့ဘူး။ သူတို့ဒီလို စစ်ကောက်နေတော့ ရွာက ကျနော်သူငယ်ချင်း တွေ ကလည်း ထိုင်းဘက်ကို ဝင်တာအများကြီးပဲ။ ရွာမှာက အသက်ကြီးပိုင်းပဲကျန်တာ” ဟု ထိုင်းရောက် အသက် (၂၀) အရွယ်လူငယ် အမျိုးသားက  ပြောပါတယ်။

PNO စစ်တပ်မှ ၎င်း အုပ်ချုပ်ခွင့်ရထားတဲ့ ဒေသထဲမှာ ဇွန် ၁၆ ရက်နေ့ နောက်ဆုံးထားပြီး စစ်သင်တန်းသွားမယ့် သူစာရင်းများကို လာပို့ပေးရန်လည်း ညွှန်ကြားထားပါတယ်။

“ကျမ အနေနဲ့ သားရှိတော့ စိုးရိမ်ရတယ်။ အခုအလုပ်လည်းပျက် ငွေလည်းကုန်တယ်။ သားကိုတော့ လွှတ်ရာ ပို့ထားရတယ်။ သားမရှိရင်လည်း သူတို့ ဘာပြဿနာထပ်ရှာမှာလဲမသိဘူး” လို့  ဟိုပုံးမြို့နယ်နေထိုင်သည့် အသက် ၅၀အရွယ်ရှိ နန်းမို့ က ဆိုပါတယ်။

လုံခြုံရေးအတွက်သာ စစ်သားစုဆောင်း

အခုလို PNO က စစ်သားကောက်ယူတဲ့ကိစ္စဟာ ဒေသလုံခြုံရေး စစ်ကောင်စီကို ကာကွယ်ပေးရေး အတွက်သာ ဖြစ်တဲ့အတွက် စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တွေနဲ့ တိုက်ပွဲဖြစ်လာနိုင်ကြောင်း ဒေသခံတွေက သုံးသပ်ပြောဆိုပါတယ်။

“အခုက ပအိုဝ်း အုပ်ချုပ်ခွင့်ဒေသမှာက ဌာနေ ပြည်သူ့စစ်တပ်ဖွဲ့ကို ဖွဲ့စည်းထားတယ်လေ။ သူတို့က ရပခ လက်အောက်ခံဖြစ်တယ်လေ။ သူတို့က သူတို့ကို ဆန့်ကျင်တဲ့ PDF တပ်ဖွဲ့တွေဝင်လာရှုပ်မှာကို ကြောက်တာ။နောက် တိုက်ပွဲ ဖြစ်လာနိုင်တယ်”လို့  အမည်မဖော်လိုသည့် အုပ်ချုပ်ရေးမှူး က ပြောပါတယ်။ 

ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့များ စစ်သား စုဆောင်းမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီလုပ်ရပ်ပေါ် အကျိုးပြုတာဟာ မှန်ကန်တဲ့ လုပ်ရပ်မဟုတ်ကြောင်း အမည်မဖော်လိုသူ ပအိုဝ်းလူငယ် တစ်ဦးက ပြောပါတယ်။

“စစ်သားစစ်တပ်တွေ စုဆောင်းတယ်ဆိုတာက စစ်ကောင်စီရဲ့ လုပ်ရပ်တွေပေါ်မှာ အကျိုးပြု ဖြစ်စေတယ် ဆိုရင် ဒါမှန်ကန်တဲ့ ကိစ္စတစ်ခုမဟုတ်ဘူးလို့ပဲ မြင်မိတယ်။ အဲ့တာ စစ်တပ်စုဆောင်းတဲ့ အပေါ်မှာ ဒီအာဏာသိမ်းစစ်ကောင်စီကို အားပေးတဲ့ လုပ်ရပ်တွေ ဖြစ်နေတယ်။ သူ့ကို ကာကွယ်ပေးတဲ့ ကိစ္စတွေ ဖြစ်နေတယ်”လို့ ပအိုဝ်းလူငယ်  တစ်ဦး ကပြောပါတယ်။ 

ဒေသလုံခြုံရေး ဟုပြောဆိုပြီး နောက်ဆုံး ပင်မ ကျောရိုးက အာဏာသိမ်းရဲ့ အကျိုးအတွက်သာ လုပ်ကာ တိုင်းရင်းသားအချင်းချင်းကို ရန်တိုက်ပေးနေကြောင်းလည်း ပအိုဝ်းလူငယ်က မှတ်ချက်ပြုလိုက်ပါတယ်။ 

ဆိုက်ခေါင်

“ဒေသလုံခြုံရေးခေါင်းစဉ်ပဲတက်တက် နောက်ဆုံးပင်မ ကျောရိုးက တပ်ရဲ့ အာဏာသိမ်းမှုကို ပိုပြီး အကျိုးဖြစ်စေတဲ့ဟာမျိုး တိုင်းရင်းသားတွေ အချင်းချင်းကြားမှာ ပိုပြီး စည်းလုံးရေးတွေ ညီညွတ်ရေးတွေ ပိုပြီး ပျက်ပြားစေတာမျိုး၊ ပြီးတော့ လူတွေ အသက်သေစေတာမျိုးဆိုရင်တော့ ဒါ ကျနော်တို့ လက်ခံရမဲ့ ကိစ္စမျိုးမဟုတ်ဘူးလို့ပဲ ကျနော်တို့ မြင်မိတယ်” လို့ ပအိုဝ်းလူငယ်က ဆိုပါတယ်။

PNO အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ နဲ့  ဆက်လက်ပူးပေါင်းနေပါက မဖြစ်မနေတိုက်ခိုက် ရလိမ့်မယ် လို့  NUG ကာကွယ်‌ရေးဝန်ကြီးဌာန၏ အမှတ် ၁၀၀၈ တပ်ရင်းမှ မေ (၂၂) ရက် ရက်စွဲ နဲ့ သတိပေးစာ ထုတ်ပြန်ထားပါတယ်။ 

အမှတ် ၁၀၀၈ တပ်ရင်းမှာ သျှမ်း၊ အင်းသား၊ ပအိုဝ်း၊ ကယန်းလူငယ်တွေနဲ့  ဖွဲ့စည်းထားပြီး PNO အ‌နေဖြင့် အကြမ်းဖက်စစ်ကောင်စီ နဲ့  ဆက်လက်ပူးပေါင်းနေပါက မလွှဲမသွေတိုက်ခိုက်ရလိမ့်မယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ 

“တကယ်လို့ ကျနော်တို့က PNO တပ်ဖွဲ့ကို လူကော၊ငွေကောသွားပေးရင် ကျနော်တို့က ကိုယ့်ရန်သူကို အားပေးနေသလိုဖြစ်မယ်။ မသွားပေးတော့လည်း ကျနော်တို့က သူတို့ ထိန်းချုပ်နယ်မြေထဲနေတယ်။ သူတို့ တခုခုလာလုပ်မှာလည်း ကြောက်ရတယ်။ သွားထည့်တော့လည်း တပ်ဖက်မှာ PDF တွေကို ကြောက်ရပြန်တယ်”လို့ နန်းမို့ က ပြောပါတယ်။

PNO ထိန်းချုပ်တဲ့ဒေသမှာ နေထိုင်တဲ့ ပြည်သူတွေကတော့ အဘက်ဘက် စိုးရိမ်နေရကြောင်း PNO ကို တပ်သားသစ်ပေးပါက PDF တပ်ဖွဲ့ ကို ကြောက်ရကြောင်းလည်း နန်းမို့က ဆိုပါတယ်။

“ ကျမတို့ ပြည်သူတွေ ဘဝ က လက်နက်ရှိတဲ့သူကို ရောက်ရတဲ့ဘဝပါ။ လက်နက်ရှိသူတွေ ပြောသမျှ မလုပ်ပေးရင်လည်း ကြောက်ရလုပ်ပေးရင်လည်း ကြောက်ရ။ ဘယ်တော့မှ အေးချမ်းမှာလဲမသိဘူး” လို့ နန်းမို့က စိတ်မကောင်းစွာ ပြောဆိုလိုက်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

စံကားဒေသ နေရပ်ပြန် စစ်ရှောင်များ PNO ကို တစ်လျှင် ငွေကျပ် ၅သိန်းပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားဒေသသို့ နေရပ်ပြန် စစ်ဘေးရှောင်များသည် ပအိုဝ်းပြည်သူ့စစ် (PNO)ကို တစ်အိမ်လျှင် တစ်လလျှင် ငွေကျပ်ငါးသိန်းကို ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလပထမ ပတ်တွင် ညောင်‌ရွှေမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်က လက်နက်ကြိးဖြင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။ ထိုသို့ လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့်...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...
After Election_China

တရုတ်အလိုကျ အစိုးရသစ်ဆီသို့ စစ်အာဏာရှင်အရွေ့က လူထုအတွက် ဗလာနတ္ထိ

0
အာဏာသိမ်းစစ်တပ် ဉီးစီးကျင်းပပြီးသည့် ရွေးကောက်ပွဲရလဒ်များကို အခြေခံ၍ လာမည့်လပိုင်းအတွင်း စစ်ကောင်စီ အသွင်ပြောင်း "အစိုးရသစ်" တစ်ရပ်ကို ဖွဲ့စည်းရန် ပြင်ဆင်နေသည်။ သို့သော်လည်း ဖြစ်စဉ်တစ်ခုလုံးမှာ တရုတ်နိုင်ငံ အလိုကျ ဖန်တီးထားသည့် စစ်အာဏာရှင် သက်တမ်းတိုး အရွေ့တစ်ခုသာဖြစ်ပြီး ပြည်သူလူထုအတွက်မူ အနှစ်သာရ ကင်းမဲ့သော "ဗလာနတ္ထိ" အချိုးအကွေ့တစ်ခုသာ ဖြစ်နေသည်ကို...