ကိုယ်သာ သခင်…..မြင်သာမြင်ရ မကြင်ရတဲ့ဘ၀တွေ

ရေအားစီးဆင်းမှု အရှိန်အဟုန်ကောင်းပြီး အလွန်လှပတဲ့ ကျိုင်းတောင်း ရေတံခွန် အနီးမှာ ရေအားလျှပ်စစ်စီမံကိန်းကို ပြုလုပ်ထားပါတယ်။

အဲ့ဒီ စီမံကိန်းမှ သွယ်တန်းတဲ့ လျှပ်စစ်ကြိုးတန်းကြီးတွေဟာ ကျိုင်းတောင်းမြို့ရှိ  လယ်ယာတွေ ဖြတ်ကျော် တောင်တန်းတွေဖြတ်ကျော်ပြီး တခြားမြို့သို့ မီးအားပေးလွှတ်ခဲ့ပါတယ်။

ရေအားလျှပ်စစ် စီမံကိန်း ဟာ ၁၉ နှစ်ကြာခဲ့ပေမယ့် လက်ရှိ အချိန်ထိ မီးမလင်းတဲ့ကျေးရွာတွေကတော့ အများကြီးရှိပါသေးတယ်။

ကျိုင်းတောင်းမြို့

ရေအားလျှပ်စစ် ထုတ်လုပ်တဲ့နေရာဖြစ်ပေမယ့် (၁၉) နှစ်တာ ကာလထိ လျှပ်စစ်မီး လုံလောက်မှု မရရှိ

ကျိုင်းတောင်းမြို့နယ်ကို လျှပ်စစ်ဓာတ်အားပေးစက်ရုံ ရှိထားပေမယ့် ဒေသခံ လူထုတွေ ကနေ့ချိန်ထိ လျှပ်စစ်မီးကို လုံလုံလောက်လောက် သုံးစွဲခွင့် မရရှိခဲ့ပေ။

မီးအားတော့မကောင်းဘူး။  လူသုံးများတဲ့ချိန်ဆို မီးအားက မနိုင်တော့ဘူး။ သူတို့ကျိုင်းတောင်းထဲ ပေးတာက စက်အကြီးစားမဟုတ်ဘူးလို့ပဲပြောတယ်။ လုံလုံလောက်လောက် သုံးရတာတော့ မဟုတ်သေးဘူး။ ဖြစ်နိုင်ရင်တော့ လုံလုံလောက်လောက် သုံးချင်တာပေါ့။ ကျနော်တို့က ဒေသခံလည်းဖြစ် ပိုင်ရှင်လည်းဖြစ်ပြီး လုံလုံလောက်လောက် မသုံးရဘူး” လို့ ကျိုင်းတောင်းဒေသခံ တစ်ဦး ကပြောပါတယ်။

ရေအားလျှပ်စစ် ထုတ်လုပ်တဲ့ (၁၉) နှစ်တာ ကာလအတွင်း ကျိုင်းတောင်းမြို့နယ်ထဲ လျှပ်စစ်မီး မရတဲ့ ရွာတွေလည်း လက်ရှိချိန်ထိ ရှိနေဆဲပါ။

အဲ့ဒီရွာတွေကတော့ ကျိုင်းတောင်းမြို့နဲ့ အလှမ်းဝေးတဲ့ ဒေသတွေဖြစ်တဲ့ နမ့်အွမ်ကျေးရွာ၊ နားပုန်း နဲ့ နားကေ့ကျေးရွာတွေကတော့ လက်ရှိချိန်ထိ လျှပ်စစ်မီးမရသေးပါဘူး။

ရေအားလျှပ်စစ် ထုတ်လုပ်တဲ့ ကျိုင်းတောင်းမြို့  နဲ့ နီးစပ်တဲ့ မြို့တွေဖြစ်တဲ့ လင်းခေးမြို့နယ် နဲ့ မိုင်းပန်မြို့နယ်က ကျေးရွာ (၂၀) ရွာလောက် ယနေ့ချိန်ထိ လျှပ်စစ်မီး မရရှိသေးပေ။

ကျိုင်းတောင်းရေတံခွန်

“ပြီးခဲ့တဲ့ (၄) နှစ် (၅) နှစ်တုန်းကတော့ လမ်းမီးတွေလင်းသေးတယ်။ နောက်ပိုင်း ပျက်တာလား ဘာလားမသိဘူး။ ခုထိတော့ လမ်းမီးတွေလည်း မလင်းတော့ဘူး။ ညညဆို မီးအားက မြင်စလောက်ပဲ မြင်ရတယ်။ ဘာမှ သုံးလို့ကို မရဘူး” လို့ ကျိုင်းတောင်းဒေသခံ အမျိုးသမီးတစ်ဦး ကပြောပါတယ်။ 

ကျိုင်းတောင်းမြို့နယ်မှာ ရေအားလျှပ်စစ် စီမံကိန်း (၂) ခုရှိပြီး  လက်ရှိ လုပ်နေတဲ့ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ် စီမံကိန်း လျှပ်စစ်ဓာတ်အား (၅၁) မဂ္ဂါဝပ် ထုတ်လုပ်သွားမှာဖြစ်ပြီး   ၇၁.၆၃ ရာခိုင်နှုန်း တည်ဆောက်မှု ပြီးထားပြီလို့ စစ်ကောင်စီလက်အောက်ခံ မြန်မာ့ ရုပ်မြင်သံကြားကနေ ၂၀၂၂ ဧပြီ ၁၂ ရက်မှာ  ထုတ်ပြန်ထားပါတယ်။

အထက်ကျိုင်းတောင်း ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၁၂- ၂၀၁၃ ခုနှစ်က စတင်အကောင်အထည်ဖော်ခဲ့ပြီး ရေသိုလှောင်ပမာဏ ဧကပေ တစ်သိန်းလေးထောင် ရှိထားပါတယ်။

ကျိုင်းတောင်းရေအားလျှပ်စစ်စက်ရုံ

အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းဟာ  ၂၀၂၁-၂၀၂၂ မှာ အပြီးတည်ဆောက်သွားမယ့် စီမံကိန်းဖြစ်ပါတယ်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များရဲ့ သုတေသန ပြုချက်အရ မြို့နဲ့ (၁၄) မိုင်ခန့် အကွာမှာရှိတဲ့ အထက်ကျိုင်းတောင်းရေအားလျှပ်စစ် စီမံကိန်း ဆောက်လုပ်ပြီး သဘာဝပတ်ဝန်းကျင်ကြောင့် ဆည်ကျိုးသွားလျှင် သျှမ်းပြည်တောင်ပိုင်းက မြို့နယ်များ ရေလွှမ်းမိုးခြင်း ခံရနိုင်ကြောင်း ၂၀၁၈ ထုတ်ပြန်ချက်အရ သိရပါတယ်။

ခုလက်ရှိလုပ်နေတာက တတ်မောက်ရေတံခွန် (အထက်ကျိုင်းတောင်းရေအားလျှပ်စစ်)၊ တောင်သူတွေကို လုံးဝ လယ်ယာလုပ်ခွင့်မပေးဘူး။ ဆည်တွေထပ်လုပ်တယ်။ ရွှေတြိဂံတိုင်းဘက် ယူသွားမယ်လို့ ကြားရတယ်။ ကြိုးတွေလည်း သွယ်ထားပြီ။ ခိုလမ်ကနေ သံလွင်မြစ်ရဲ့ ဟိုဘက်ကမ်းထိ ကြိုးတွေ သွယ်ထားတယ်။ အသစ်ထပ်လုပ်တဲ့ဟာက ဒေသခံတွေ မသုံးရဘူးလို့လဲ ကြားရတယ်” လို့  ကျိုင်းတောင်း ဒေသခံ စိုင်းနော် (အမည်လွဲ) ကပြောပါတယ်။

ကျိုင်းတောင်းမြို့နယ်ရှိ ရေတံခွန်တွေဟာ သျှမ်းပြည်ထဲမှာ နာမည်ကြီးပြီး ရေစီးအားလည်း ကောင်းတဲ့အတွက် တခြားဒေသခံက ခရီးသွား ပြည်သူတွေကြား ရေပန်းစားခဲ့ဖူးပါတယ်။

ကျိုင်းတောင်းရေတံခွန် ကို ရေအားလျှပ်စစ် စတင် တည်ဆောက်တဲ့နှစ်

အဲ့ဒီ နာမည်ကြီးတဲ့ ရေတံခွန်တွေထဲမှာတော့ ကျိုင်းတောင်းရေတံခွန်ဟာဆိုရင် သျှမ်းပြည်ထဲမှာ ရေစီးအား အရှိန်အဟုန် အလွန်ကောင်းတယ်လို့ ပြောရင်လဲ မမှားပါဘူး။

ရေစီးအား အရှိန်အဟုန်ပြင်းထန်ပြီး တောတောင်သဘာဝ အများအပြားရှိရာ  ကျိုင်းတောင်း ရေတံခွန်ကို  ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီ (၁၅) ရက်မှာ  စစ်အစိုးရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထပ်က ရေအားလျှပ်စစ် မီမံကိန်းကို  စတင်အကောင်အထည်ဖော် လာခဲ့ပါတယ်။

ကျိုင်းတောင်းရေတံခွန်

ကျိုင်းတောင်းမြို့ဟာဆိုရင် သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ် ကျိုင်းတောင်းမြို့မှာ တည်ရှိခဲ့ပါတယ်။

စစ်အစိုးရက နမ့်တိန်းချောင်းပေါ် ရေအားလျှပ်စစ် ထုတ်လုပ်ပြီး  သျှမ်းပြည်တောင်ပိုင်း မြို့နယ်တစ်ချို့ နဲ့ တောင်ကြီးမြို့ စစ်တိုင်းရုံး၊ ရလခ စစ်တိုင်းရုံး တို့ကို လျှပ်စစ်မီးပေးနေတယ်လို့   ၂၀၂၀ ခုနစ် သြဂုတ်လ အတွင်းမှာ မြန်မာ့လျှပ်စစ် ဝက်ပ်ဆိုက်စာမျက်မှာ ဖော်ပြထားပါတယ်။

 ကျိုင်းတောင်းရေအားလျှပ်စစ်စက်ရုံကို ၂၀ဝ၉ ခုနှစ် မတ် ၂၁ ရက်မှာ စတင်အသုံးပြုပြီး ကျိုင်းတောင်းရေအားလျှပ်စစ် အခြေပြုရာ ကျိုင်းတောင်းဒေသကို စက်ရုံမှ တိုက်ရိုက်လျှပ်စစ်ဓာတ်အားဖြန့်ချီပေးကာ လျှပ်စစ်ဓာတ်အားတွေကို နမ့်စန်ဓာတ်အားခွဲရုံမှတစ်ဆင့် မဟာဓာတ်အားလိုင်းသို့ ပို့ဆောင်ပေးလျက်ရှိကြောင်း အစိုးရ ထုတ်ပြန်ချက်အရ သိရပါတယ်။

စီမံကိန်း မစတင်ခင် စစ်အစိုးရက သျှမ်းပြည်တွင်းရှိ  ပြည်သူတွေကို ဖြတ်လေးဖြတ် ပြုလုပ်

၁၉၉၆ ကနေ ၁၉၉၈ ခုနှစ် ကာလ အတွင်း အစိုးရစစ်တပ်က အသစ်ပြန်လည် ဖွဲ့စည်းထားတဲ့  သျှမ်းအမျိုးသား ခုခံတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နမ့်တိန်းမြစ်တလျှောက် နေထိုင်လျက်ရှိကြသော ဒေသခံပြည်သူလူထုတွေကို စစ်အစိုးရက ပစ်မှတ်ထားခဲ့ပါတယ်။

မြို့နယ် ၁၁ မြို့နယ်ရှိ ကျေးရွာပေါင်းမြောက်များစွာမှ ရွာသား ၃ သိန်းကျော်တို့သည် ၎င်းတို့ နေထိုင်ရာ ကျေးရွာများမှ မောင်းနှင်ထုတ်ခံခဲ့ကြရပြီး မြို့များလမ်းမကြီးများအနီး တည်ဆောက်ထားသော ပြန်လည်နေရာချထားရေးစခန်းများသို့ အတင်းအကြပ် ပြောင်းရွှေ့နေထိုင်ခဲ့ကြရပါသည်။ 

ကျိုင်းတောင်းရေတံခွန်

ကျိုင်းတောင်းဒေသတခုတည်းတွင်ပင် အသက် ၅ နှစ်အရွယ် ခလေးငယ်တဦး အပါအဝင် ကျေးရွာသူ အမျိုးသမီးပေါင်း ၇၀ ဦးတို့မှာ စစ်သားတွေရဲ့  မုဒိမ်းပြုကျင့်ခြင်းကို ခံခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်အစိုးရက နယ်မြေရှင်းလင်းရေးပြုလုပ်ပြီးတော့ ကျိုင်းတောင်းရေအားလျှပ်စစ် စီမံကိန်းကို စတင်အကောင်အထည်ဖော်ခဲ့တယ်လို့ ဒေသခံ တစ်ချို့က သုံးသပ်ထားပါတယ်။

ဖြတ်လေးဖြတ် နဲ့ဆက်စပ်မှုလည်း ရှိနိုင်တယ်။ သူတို့ ဆည်တွေ လာဆောက်ရင် ဒေသခံတွေ မကန့်ကွက်အောင် လုပ်တာလည်း ဖြစ်နိုင်တယ်။ ကျိုင်းတောင်းမှာက ဆည်တွေ သစ်တွေရှိတော့ ဆက်စပ်မှုလည်း ရှိနိုင်တယ်။ ရပ်ကွက် (၆) ဆိုရင် အရင်က ရွာကြီးဖြစ်တယ်။ ခုတော့ အိမ်ခြေ (၅၀) (၆၀) လောက်ပဲရှိတော့တယ်။ ထိုင်းတွေဘက်ပြေးတာလဲရှိတယ်” လို့ ကျိုင်းတောင်းဒေသခံ အမည်မဖော်လိုသူ တစ်ဦး ကပြောပါတယ်။

၂၀၀၅ မှ ၂၀၀၉ ခုနှစ်အတွင်း ရေအားလျှပ်စစ် တည်ဆောက်ပြီးချိန်မှာ နယ်မြေအတွင်းမှ ရွာအများစုတို့မှာ ထိုင်းနိုင်ငံဘက်သို့ ပြောင်းရွှေ့သွားခဲ့ကြရပြီး ကျေးရွာ (၅၀) အနက် (၁၀)​ ရွာသာ ကျန်ရှိခဲ့တယ်လို့ သိရပါတယ်။ ထိုကာလမှာ စစ်အစိုးရ လက်အောက်ခံ စစ်သားများက ကျေးရွာသူ အမျိုးသမီး (၃) ဦးကို  မုဒိမ်းကျင့် သတ်ဖြတ်မှုများလည်း ရှိခဲ့တယ်လို့  SHRF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျိုင်းတောင်းရေတံခွန်

ဒီဖြစ်စဥ်တွေဟာ လက်ရှိအချိန်ထိ တရားမျှတမှုမရရှိဘဲ ပျောက်ကွယ်နေပါတယ်။

ရေအားလျှပ်စစ် စီမံကိန်း မတည်ဆောက်ခင်မှာတော့ ကျိုင်းတောင် ရေတံခွန်ဟာ အလွန်လှပတဲ့နေရာ တောတောင်စိမ်းစိုတဲ့အရပ်ဒေသ တခုဖြစ်ပါတယ်။

ရေတံခွန် ၇ ခု စီးဆင်းတဲ့နေရာမှာ ရေမှုန်ရေမွှားများ အမြဲရှိကာ လာရောက်လည်ပတ်သူတွေအတွက် စွဲဆောင်တဲ့ နေရာဒေသတခုလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ ရေအားလျှပ်စစ် စီမံကိန်းကြောင့် ရေခမ်းခြောက်မှုတွေဖြစ်လာပြီး သစ်တောဖြုန်းတီးမှုတွေလည်းများပြားလာတဲ့အတွက် ရာသီဥတု ဖောက်ပြန်မှုတွေ စတင်ကြုံတွေ့လာပါတယ်။

“ကျမတို့ ဒေသပြည်သူတွေက မီးအားမရတဲ့အပြင် လျှပ်စစ်ကြိုးသွယ်တန်းတာကိုပဲ မြင်ပြီး အားကျနေရတဲ့ ဘ၀ပါ။ ကျမတို့ရလိုက်တာတော့ သစ်တောဖြုန်းတီးတွေ သဘာ၀ အလှတွေပျက်စီးမှုတွေပါပဲ” လို့ ကျိုင်းတောင်းမြို့နယ် မီးမရတဲ့ဒေသမှာ နေထိုင်တဲ့သူတစ်ဦးက စိတ်မကောင်းစွာ ပြောလိုက်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...