“အာဏာရှင်ကို တိုက်ဖျက်ရင်း အာဏာရှင်မဆန်ဖို့” သျှမ်းစစ်သမီးဟောင်း ပြော

သျှမ်းတော်လှန်ရေးမှာ ပထမဆုံး ဝင်ရောက်လာခဲ့တဲ့ သျှမ်းအမျိုးသမီးစစ်သည်တော် နန်းဟန်နွန်း ကို သျှမ်းသံတော်ဆင့် သတင်းဌာန က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ဆရာမ နန်းဟန်နွန်း ဟာ ကျောင်းဆရာမ ဘဝ ကနေပြီးတော့ ညီညွတ်သော သျှမ်းပြည်တော်လှန်ရေး တပ်မတော် (SURA) ရဲ့ ပထမဆုံး သျှမ်းအမျိုးသမီး တော်လှန်ရေး စစ်သည် ထဲဝင်ရောက် လာခဲ့ရတဲ့အကြောင်း၊ အဲ့ခေတ်ကာလက လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့ အချိန်အခါဆိုတော့ ဆရာမ အနေနဲ့ ဖြတ်သန်းခဲ့တဲ့ အခြေအနေနဲ့ လက်ရှိမှာ နိုင်ငံရေး၊ ငြိမ်းချမ်းရေး နဲ့ပတ်သက်ပြီးတော့ သူမရဲ့ အမြင်ကို စုစည်းတင်ဆက်သွားပါမယ်။
သူမဟာ ရှမ်းအမျိုးသမီး ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN)ရဲ့ တည်ထောင်သူထဲမှ တဦးဖြစ်သလို လက်ရှိမှာလည်း SWAN ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် အနေနဲ့လည်း ပါဝင်လုပ်ဆောင်နေသူဖြစ်ပါတယ်။

ပထမဆုံး သျှမ်းအမျိုးသမီးစစ်သည်တော်ဆရာမ နန်းဟန်နွန်း

မေး ။ ။ ပထမဆုံး အနေနဲ့ ဆရာမနန်းဟန်နွန်း သျှမ်းစစ်သမီး ဘဝ ဝင်ရောက်လာခဲ့ပုံလည်း ပြောပြပေးပါအုံးရှင့်။

ဖြေ ။ ။ ကျမ က တော်လှန်ရေးထဲမဝင်ခင်မှာ ကျောင်းဆရာမ လုပ်ခဲ့ပါတယ်။ ၁၉၇၉ အကုန် ၁၉၈၀ မှာ ကျမတော်လှန်ရေးထဲကို ဝင်ရောက်ခဲ့တယ်။ ဘာကြောင့် တော်လှန်ရေးကို ဝင်ခဲ့ရသလဲ ဆိုရင် ကျောင်းဆရာမ ဘဝမှာ ကျမတို့ အချိန်ပိုင်း တိုင်းရင်းသားဘာသာ စကားတွေကျတော့ သင်ကြားပိုင်ခွင့် သုံးပိုင်ခွင့် မရှိခဲ့ဘူး။

နောက်ပြီးတော့မှ ကျမကျောင်းဆရာမ ဘဝမှာ ကျမရဲ့အိမ်ကို ငှားဖွင့်ထားတဲ့နိုင်ငံခြားအရက်ဆိုင်က အမျိုးသမီးတွေက ကျမကို စကား စနှောက်ဖြစ်တော့ နိုင်ငံတော်အစိုးရပစ္စည်းတွေဖျက်တယ်။ သူတို့အိမ်ထဲကို ကျုးလွန်ဝင်ရောက်ပြီး ပြည်သူပစ္စည်းတွေကို ဖျက်ဆီးတယ်ဆိုတဲ့ အမှုတပ်တယ်။

လက်နက်ကိုင်မှတစ်ပါး သူတို့ကို ယှဉ်ပြိုင်ဖို့ တော်လှန်ဖို့ဆိုတာ နည်းလမ်းမရှိတော့ဘူး ဆိုပြီးတော့မှ ကျမက ဆုံးဖြတ်ပြီး တောခိုခဲ့တယ်။ အဲ့တုန်း ပင်လုံကနေပြီးတော့ လွိုင်ဆနင်းကိုတက်တယ်။
ကျမဘာလို့ ပထမစစ်သည်တော် ဖြစ်ခဲ့လည်းဆိုတာ နည်းနည်း ရှင်းပြချင်ပါတယ်။ ကျမ တောမခိုခင်တုန်းက တော်လှန်ရေးတပ်ထဲမှာ တပ်သားတွေနဲ့လိုက်ပါလာတဲ့ အမျိုးသမီးတွေ၊ဆွေမျိုးတွေတော့ရှိတယ်။ သူတို့က တော်လှန်ရေးတပ်ထဲမှာ တချို့က ကျောင်းဆရာမ လုပ်တယ်။ တချို့က သူနာပြု၊ ကျန်းမာရေး ရုံးအလုပ်တွေ လုပ်ကြတယ်။

ဒါပေမဲ့ ကျမတို့ အိုးပစ်၊ အိမ်ပစ် ခံယူချက်အပြည့်အဝနဲ့ ဝင်လာကြတာတော့မရှိဘူး။ အဲ့ဒါကြောင့် ကျမမှာ ပထမဦးဆုံး စစ်သည်တော်လို့ နာမည်ရသွားတာ။

မေး ။ ။ ပထမဆုံး အမျိုးသမီးစစ်သည်တော်အနေနဲ့ စစ်လေ့ကျင့်တဲ့အချိန်တုန်းက ဘယ်လိုတွေ လေ့ကျင့်ခဲ့ရလဲရှင့်။

ဖြေ ။ ။ ကျမ စခန်းကိုရောက်တဲ့အခါကြတော့ တာဝန်ရှိတဲ့သူတွေက ကျောင်းဆရာမဆိုတော့ ကျောင်းဆရာမ ဆက်လုပ်လေ။ ကျောင်းဆရာမ လုပ်ချင်တယ်ဆိုရင် တောလည်းမခိုတော့ဘူး တော်လှန်ရေးထဲလည်း မဝင်တော့ဘူး။ ကျမက စစ်ပညာသင်ပြီးတော့ လက်နက်ကိုင်ချင်တာ ယောက်ျားတွေနဲ့တန်းတူ ရင်ဘောင်တန်း ပြီးတော့ စစ်ပွဲဝင်ချင်တဲ့သူ အဲ့ကြောင့် တော်လှန်ရေးထဲဝင်ခဲ့တာလို့ ပြောလိုက်တယ်။ အဲ့မှ အခြေခံစစ်ပညာဆိုတာ သင်ရတယ်။

အဲ့တုန်းက စစ်သည်တော် အမျိုးသား အယောက် ၃၀ ကျော်လောက်ရှိတယ်။ သူတို့နဲ့အတူတူ ကျမ သင်တန်း တက်ရပါတယ်။ ဇရပ် ထဲမှာ စစ်သင်တန်း ပေးမယ့်ဆရာ သင်တန်းသားတွေနဲ့ ကျမ အကုန်လုံး တစ်နေရာထဲ အတူတူ အိပ်ရတာပေါ့။ အတူတူစားရတယ်။ အိမ်သာလည်း တစ်ခုတည်း ရေချိုးတဲ့နေရာလည်း တစ်ခုပဲ။

အဲ့မှာအမျိုးသားတွေနဲ့ တန်းတူ နေရတယ်။ကိုယ်ကလည်း စဥ်းစားတယ်။ ယောင်္ကျားတွေ အယောက် ၃၀ ကျော် အတန်းလိုက်အိပ်ရမယ်ဆိုတော့ ကျမက အရင်ခေတ်တုန်းက စစ် မိုးကာအစိမ်းလေးနဲ့ အခန်းငယ်ငယ်လေး ဖွဲ့ပြီးတော့ ကျမကအဲ့မှာ ဝင်အိပ်ရတယ်။ ကိုယ့်အတွက် လုံခြုံရေး ဘေးအန္တရာယ်ကင်းရှင်းရေး ကျန်းမာရေး အစစအရာရာ အတွက်ဆိုရင် ကိုယ့်ကိုယ်ကို ဖန်တီးယူမှပဲ ရတော့မယ်။ ကြိုးစားမှဖြစ်တော့မယ်။ ကိုယ်ကလည်း ကျောင်းဆရာမကနေ လာတော့ မနက် ကျန်းမာရေး လေ့ကျင့်ခန်း လုပ်ဖို့အတွက် ကျမက ဒီစစ်သားအသစ် အားလုံးကို ကျမ တာဝန်ယူလိုက်တယ်။

ပြီးကြတော့ နောက်ပိုင်း ထမင်းစား နားချိန်ရောက်တော့ ဆရာကစစ်သားအသစ်ကို စစ်ပညာသင်ပေးဖို့ပေါ့။ ကျမကလည်း သူတို့ကိုသင်ရင်း နောက်ပိုင်း ဆရာဖြစ်သွားတယ်။ သူတို့ကို ကျန်းမာရေး လေ့ကျင့်ခန်း ဆက်သင်ပေးတဲ့ ဆရာမဖြစ်တော့ သူတို့လည်း ကျမကို လေးစားကြတယ်။

မေး ။ ။ အဲ့အချိန်တုန်းက စစ်သည်အမျိုးသမီးဖြစ်တော့ ဆရာမဘယ်လို အခက်ခဲနဲ့ကြုံရလဲရှင့်။

ဖြေ ။ ။ ကြုံရတာပေါ့ အဲ့တုန်းက အမျိုးသမီးရဲ့ တကိုယ်ရေ သန့်ရှင်းရေး ကိစ္စရယ် အိမ်သာတက်ဖို့ ရေချိုးဖို့ရယ် အမြဲတမ်းအခြေအနေ ဘေးပတ်ပတ်လည်ကို ကြည့်နေရတယ်။ ကိုယ်ဟာကိုယ်ဖြေရှင်းနေရတယ်။ ယောကျ်ားတွေကြားထဲမှာကို အတော်လေးခက်ခဲတဲ့ အချိန်ပဲ။

မေး ။ ။ အဲ့အချိန်အခိုက်အတန့်ကော အိမ်ပြန်ချင်စိတ်ရှိလားရှင့်။

ပထမဆုံးသျှမ်းအမျိုးသမီးစစ်တော်ဆရာမနန်းဟန်နွန်း

ဖြေ ။ ။ အဲ့တုန်းက သင်တန်းတက်ခါစ ဆိုတော့ အိမ်ပြန်ချင်စိတ်မရှိဘူး။ အိမ်ပေါ်က ဆင်းကတည်းကိုက အဓိဌာန်ချပြီး ထွက်လာခဲ့တာကို စားရေး သောက်ရေးက အကုန်လုံးတစ်ခြားစီကို ငွေရေးကြေးရေးကအစ တစ်ခြားစီ ဘာမှမရှိတာကို ထမင်းစားရင် အမြဲတမ်း ဟင်းသီးဟင်းရွက်ပဲ စားနေရတာ။ တစ်ခါတစ်လေ ငပိကောင်လေး ကြော်ထားတာ လေးစား ရတဲ့ဘဝ သျှမ်းပဲပုတ်ဆိုရင် နည်းနည်းဖဲပြီးစားရတာ ဆန်၊ဆီ ဆားကိုခက်တယ်။ အဆက်သွယ်လည်း ခက်ခဲတယ်။ အဲ့တုန်းက အိမ်ကိုသတိရတဲ့စိတ်က အဲ့လောက်မရှိတော့ဘူး။ ဘာလို့လည်း ဆိုတော့ စိတ်ကတအားပြင်းပြနေတယ်။ ကျမက သေတဲ့အထိ အရိုးကြေကြေ စိတ်ပါလက်ပါ တက်တက်ကြွကြွနဲ့ တွန်းလှန်ပြီးသားကို အိမ်ပေါ်က ဆင်းလာကတည်းက အရာရာစွန့်လွှတ်ခဲ့ ပြီးသားပါ။

မေး ။ ။ စစ်သည်တော်တွေကြားမှာ အမျိုးသမီး တစ်ယောက်ထဲရှိတော့ ခွဲခြားဆက်ဆံတာတွေရော ရှိလားရှင့်။

ဖြေ ။ ။ ကျမက အိုးပစ်၊ အိမ်ပစ် ပြီးတော့ စိတ်တုံးတုံးချ တော်လှန်ရေးထဲ ဝင်ခဲ့တဲ့သူ၊ အမျိုးသားနဲ့တန်းတူ စစ်သင်တန်းပြီးရင် ကျမက ခရီးထွက်ရမှာ။ အဲ့ဗျူဟာကနေပြီးတော့မှ ဗဟိုအထိဆို အရင်ခေတ်က ကားလမ်းမရှိဘူး။ လမ်းလျှောက်ရမယ်ဆိုရင် နှစ်လအတွင်း လမ်းလျှောက်ရမှာ တောအထပ်ထပ် တောင်အထပ်ထပ်ကို လွှားပြီးတော့မှ လာရတာ အဲ့ခါကျတော့ သက်ဆိုင်ရာ လူကြီးတွေက ကျမနဲ့ သင့်တော်တဲ့လူတစ်ယောက်နဲ့ လက်ထပ်ပေးလိုက်တယ်။ လက်ထပ်ပေးတယ်ဆိုတာ အဖော်ရအောင် အများရှေ့မှာလည်း အမြင်လည်းကောင်းအောင် အမျိုးသမီးတစ်ယောက်တည်း ခရီးထွက်ရမှာနဲ့ သူများအိမ်မှာနေရမှာနဲ့ သူများမှာလည်းယောင်္ကျားနဲ့ အိမ်ထောင်တွေနဲ့ မသင့်တော်မှာ ဆိုးလို့ အရင်အယူဝါဒ တွေရှိခဲ့တယ်လေ။

ကျမမှာလည်း အများနဲ့ တစ်ယောက်တည်းဆိုတာ မနိုင်ဘူး။ အဲ့ဒါနဲ့ ထိမ်းမြှားလက်ထပ်ခြင်း ခံလိုက်ရတယ်။ လက်ထပ်ပြီးတော့ မနက်ဖြန်ခရီးထွက်ရတာပဲ ခရီးထွက်တော့ကျမလည်း သူများလိုမျိုးပဲ ကျောပိုးအိတ်၊ ရေ ၊စားနပ်ရိက္ခာ အဝတ်အစား ၊စောင် အဲ့ဒါလည်း ကျမယောက်ျား နဲ့ တန်းတူပဲ နေ့၊ ညလမ်းလျှောက်လာရတာပါပဲ။

အဲ့ခါ ကျမတို့နားကြတော့ အမျိုးသားတော့ သူတို့ ကထင်းရှာရမယ်။ ရေခပ်မယ်ပေါ့။ သူတို့ တာဝန်ဆိုပြီးထင်တယ် ပြီးတော့သူတို့ ယောက်ျားချင်းချင်း ဒါက မိန်းမအလုပ် ဆိုပြီးပြောတယ်။ အဲ့ခါ အဲ့လို အယူအဆရှိခဲ့တယ်။ ခွဲခြားခံရတာရှိတယ်။

မေး ။ ။ ဆရာမတို့ ခေတ်တုန်းက ဖုန်းလိုင်း၊ အင်တာနက်လိုင်းလည်းမရှိတော့ သတင်းအဆက်သွယ် ရဖို့ ဘယ်လိုလုပ်ကြလဲရှင့်။

ဖြေ ။ ။ ကျမတို့ တော်လှန်ရေးအဖွဲ့မှာက ဌာနပေါင်းစုံရှိတယ်။ အဲ့ဌာနထဲမှာ သတင်းပြန်ကြားရေးဌာနရှိမယ်။ သတင်းယူတဲ့ဌာနတွေ ရှိမယ်။ အဲ့ကနေတစ်ဆင့် ကျမတို့ ညတိုင်းအစည်းဝေး တက်ရတယ်။ အစည်းအဝေးထဲမှာ သတင်းဌာနက သူတို့စုစည်းထားတဲ့ဟာ နေ့စဥ်သတင်းတွေကို သူတို့ပြန်ပြောပြတယ်။

မေး ။ ။ အဲ့ခေတ်တုန်းက လူငယ်တွေလည်း တော်လှန်ခဲ့ကြတယ်။ အခုလည်းလူငယ်တွေ တော်လှန်နေကြပြီ ဘယ်လိုကွာဟမှုရှိလဲ။ ဒီခေတ်နဲ့ ယခင်ခေတ် လူငယ်တော်လှန်ရေး ဘယ်လိုကွာဟ မှုရှိလဲရှင့်။

ဖြေ ။ ။ ရည်ရွယ်ချက်တော့ တူကြမှာပဲ ပန်းတိုင် နဲ့ ရပ်တည်ချက်တော့ တူကြမှာဘဲ၊ စစ်အာဏာရှင် ဖြုတ်ချရေး ဒီမိုကရေစီ တည်ဆောက်ဖို့ ဖက်ဒရယ်ပြည်ထောင်စု အကုန်ကတော့ ရည်ရွယ်ချက်ခြင်းတော့ တူကြမယ်။ စစ်အာဏာရှင်စနစ်ဖြုတ်ချရေး အကုန်လုံးကတော့ တူပါတယ်။ ဒါပေမဲ့ ကျမတို့လုပ်တဲ့ ခေတ်တုန်းကနဲ့ အခုခေတ်လူငယ်တွေကတော့ ကံကောင်းတယ်။ ဘယ်လိုကံကောင်းလည်းဆိုတော့ အခုအစစရာရာ တိုးတက်နေတဲ့ခေတ်ဆိုတော့ သူတို့က အိမ်ကိုလည်းဆက်သွယ်လို့လည်း ရတယ်။

နောက်ပြည်တွင်း ပြည်ပ သတင်းတွေကိုလည်း ချက်ခြင်းသိရတယ်။ နေထိုင်မဲ့နေရာဒေသ အဆောက်အဦးက အစ ပညားရေး နဲ့ ပတ်သက်တာတွေ ဗဟုသုတ အသိအမြင်တွေကော သူတို့လေ့လာဖို့ မှတ်သားဖို့ နည်းလမ်းအများကြီးရှိတယ်။ ကျမတို့ ခေတ်တုန်းက ရေဒီယိုတောင် မရှိဘူး။ သက်ဆိုင်ရာက ပြောပြမှပဲ သိရတယ်။ ဖုန်းဆိုတာလည်းဝေး အိမ်တွင်းအဆက်သွယ်လည်း မရှိ။ အခုကြတော့ တိုးတက်ခေတ်နဲ့အတူ သူတို့အတွက် ဂုဏ်ယူတယ်။ အခုလို မပြီးဆုံးနိုင်တဲ့ တော်လှန်ရေးကို လူငယ်တွေ မိန်းကလေးတွေ လာပြီး တာဝန်ထမ်းဆောင်တာ အရမ်းကို ကျေးဇူးတင်မိပါတယ်။ သူတို့ကိုလည်း ချီးကျုးတယ်။

ပထမဆုံး သျှမ်းအမျိုးသမီးစစ်သည်ဟောင်း

မေး ။ ။ ခေတ်အဆက်ဆက် နှစ်ပေါင်းများစွာ ဒီတော်လှန်ရေးကို တော်လှန်ခဲ့ကြပေမဲ့ ဒီတော်လှန်ရေး မအောင်မြင်ခဲ့ရသေးက ဘာလဲရှင့်။

ဖြေ ။ ။ အကျဥ်းချုံး ပြောရရင် နိုင်ငံရေး စုစည်းမှုမရှိဘူး။ အင်အားစုစည်းမှု မရှိဘူး။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ယုံကြည်မှုတည်ဆောက်နိုင်ခြင်း မရှိဘူး။ နောက်အင်အား စုစည်းမှုဆိုတာ စိတ်ပိုင်းဆိုင်ရာကော ကိုယ်ပိုင်းဆိုင်ရာကော နိုင်ငံရေး အင်အားစုစည်းမှုကော မလွယ်ဘူး။ ဒီနေ့ထိကို မရရှိနိုင်ဘူး။

သူ့နေရာ ငါနေရာ အတ္တတွေ၊ မာနတွေ မလျှော့နိုင်သေးလို့လား ရင်ကြားစေ့ ဆိုတာလည်း သူများပြောတာ များပြီ ဘာကြောင့် ဒီနေ့ထိ နိုင်ငံရေးအရ မဆွေးနွေး နိုင်သေးတာလဲ။ ဒါကျမတို့အတွက်မဟုတ်ဘူး။ လူတိုင်းအတွက် မေးခွန်းဖြစ်နေတယ်။ တကယ်လို့ ဒီလမ်းစကို ဖြေရှင်းနိုင်မယ့်လမ်းစ တွေ့ပြီဆိုရင် တော်လှန်ရေးဆိုတာ ဒီနေ့ထိ မကြာပါဘူး ပြီးခဲ့ပါပြီ။ နိုင်ငံရေးစုစည်းမှုတို့ တစ်ယောက်ယောက်ယုံကြည်မှုရှိဖို့ နိုင်ငံရေးအာမခံပေးဖို့ လိုတယ်။

မေး ။ ။ တိုင်းရင်းသားတွေ စုစည်းပြီးတော့ စစ်ကောင်စီကို ဘာကြောင့်မတိုက်နိုင်တာလဲ။ စစ်တပ်က တစ်တပ်ထဲ တိုင်းရင်းသားတွေက တပ်ပေါင်းများတယ်။ ဘာကြောင့်မတိုက်ခိုက်နိုင်တာလဲရှင့်။

ဖြေ ။ ။ နိုင်ငံရေး စုစည်းမှုဆိုတာ မရှိဘူး။ အင်အားစုစည်းမှု တစ်ယောက် နဲ့ တစ်ယောက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ ယုံကြည်မှုလည်း တည်ဆောက်ရမယ်။ ဒီအင်အားစုစည်းနိုင်ရင် ဒါအောင်မြင်ပြီလို့ ပြောလို့ရတယ်။

မေး ။ ။ ယခုခေတ် စစ်သည်တော်အမျိုးသမီးတွေ အများကြီးထွက်လာတယ်။ တိုက်ရေးခိုက်ရေးမှာကော အမျိုးသမီး ပါဝင်လာတာ တွေ့ရတယ်။ စစ်သည်တော် အမျိုးသမီးတွေကော ဘယ်လိုအားပေးစကား ပြောချင်လဲရှင့်။

ဖြေ ။ ။ ကျမ က တော်လှန်ရေး အမျိုးသမီးတွေမကဘူး တော်လှန်ရေးလုပ်နေတဲ့ အားလုံးကို ရည်ရွယ်ချက်ချင်းလည်းတူတယ်။ ဦးတည်ချက်ချင်းလည်းတူတယ်။ စစ်ကောင်စီတွေဘက်က ဗျူဟာတွေ ကောက်ကျင့်စိတ်တွေ ပြောနေကြပေမယ့် မရုန်းထွက်နိုင်သေးဘူး။

ဥပမာ – စစ်ကောင်စီ အဆက်ဆက်က ကျင့်သုံးလာတယ်။ သူတို့ရဲ့စကား သူတို့တပ် တပည့်ကို အမာစကားပြောတယ်။ စစ်တိုက်တယ်ဆိုတာ လက်နက်တစ်ခုတည်းနဲ့ သုံးလို့မရဘူး။ ဝါဒဖြန့်ချီရေးနဲ့လည်း သုံးရတယ်။ စည်းလုံးရေး နဲ့လည်း သတ်ရတယ်။ နယ်မြေခွဲလည်း တိုက်ရမယ်။ သွေးခွဲပြီးတော့လည်း တိုက်ရမယ်။

နိုင်ငံရေး နဲ့လည်း တိုက်ရမယ်။ စီးပွားရေး နဲ့ရော တိုက်ရမယ်။ ပညာရေး နဲ့ လည်းဝင်ရောက် တိုက်ရတယ်။ ဒါပေမယ့် ဒီနေ့ထိလည်း မကျော်လွှားနိုင်သေးဘူး။

မေး ။ ။ ဒီတော်လှန်ရေးဟာရေရှည်သွားမယ်။ အောင်မြင်ဖို့ အလှမ်းဝေးအုံးမလားလို့ ပြောလို့ရလားရှင့်?

ဖြေ ။ ။ ဒါက အလှမ်းဝေးမယ်လို့ ပြောလို့လည်း မရဘူး။ နိုင်မလား မသိဘူး။ ရှုံးမှာလားလည်း ပြောလို့မရဘူး။ အခြေအနေပေါ် မူတည်ပြီး ပြောလို့ရမယ်။

ကျမတို့ စစ်အာဏာရှင်ကိုအတူတူ တော်လှန်နေကြတယ်။ စစ်အာဏာရှင် ဖြုတ်ချရေး အတူတူဆန့်ကျင် ကြတယ်။ တိုင်းရင်းသားတွေက အစ ဗမာပြည်သူ၊ သားတွေ အပါအဝင် ရရာလက်နက် နဲ့ တော်လှန်ကြတယ်။ ကျမသတိပေးချင်တာကတော့ စစ်အာဏာရှင်ကို မကြိုက်လို့ ကိုယ်ကတော်လှန်နေတဲ့ အချိန်မှာ ကိုယ်ကိုယ်တိုင်ကလည်း စစ်အာဏာရှင် မဖြစ်ဖို့ သတိထားဖို့ လိုတယ်လို့ ပြောချင်ပါတယ်။ လူဆိုတာ ပြောလို့မရဘူး။ စစ်အာဏာရှင်ကိုတော့ ဆန့်ကျင်တယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကိုယ်က အာဏာရလာလို့ရှိ ရင် ကိုယ်စစ်အာဏာရှင် မဖြစ်ပါစေနဲ့လို့ ပြောချင်ပါတယ်။

မေး ။ ။ နောက်ဆုံးအနေနဲ့ ဒီတော်လှန်ရေး ကာလကြားမှာ တော်လှန်နေတဲ့သူကို ဘာဆက်ပြီး ပြောချင်လဲရှင့်။

ဖြေ ။ ။ တော်လှန်နေတဲ့သူတွေ အကုန်လုံး စိတ်ဓာတ်မကျနဲ့ အောင်မြင်ဖို့ လက်တစ်ကမ်းမှာပဲရှိတယ်။ အများအကျိုးအတွက် ကိုယ်ကတိုင်းပြည်အတွက် အသက်စွန့်ပြီး လုပ်တဲ့သူတွေမို့လို့ တော်လှန်ရေး လုပ်နေကြတာ။ တစ်ယောက် နဲ့ တစ်ယောက် ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး အမုန်းမပွားအောင် သွေးကွဲအောင်မပြောဖို့ သွေးမကွဲဖို့ အရေးကြီးတယ်။ တစ်ဖက်က ကိုယ်လိုနေတဲ့အချိန်မှာ တစ်ဖက်ကလည်း ပေးတတ်ဖို့ သူများဒုက္ခရောက်နေတာကို ထိုင်မကြည့်နဲ့ သူများပြည်နယ်မှာ တိုက်ရင်းခိုက်ရင်း ဖြစ်နေတာကို ကိုယ်ကကြည့်မနေဖို့ တစ်ဖက်နဲ့တစ်ဖက်ကူညီပါ။ ပံ့ပိုးပါ။ အားပေးပါ လို့ပြောချင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...