ဆီဆိုင်မြို့နယ် စစ်ရှောင်များကို ကူညီရန်လာသည့် နိုင်ငံတကာ သံတမန်ယာဥ်တန်း ပစ်ခတ်ခံရ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်ရှိ စစ်ဘေးရှောင်များကို အကူညီပေးရန်အတွက် အစည်းအဝေး လာတက်ရောက်သည့် နိုင်ငံတကာသံတမန် ယာဉ်တန်းများ ဆီဆိုင်မြို့ မရောင်ခင် ပစ်ခတ်ခံရကြောင်း စစ်ဘေးရှောင်ကူညီသူ ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

နန်းသြကျေးရွာအနီး

ယမန်နေ့ (မေလ ၇ ရက်) နံနက်ပိုင်း ၉ နာရီ ဝန်းကျင်တွင် ဟိုပုံး – ဆီဆိုင် ပြည်ထောင်စု ကားလမ်းမပေါ်ရှိ နန်းသြကျေးရွာအနီးတွင် စစ်ရှောင်များကို ကူညီပေးရန်အတွက် နိုင်ငံတကာ အာစီယံ အဖွဲ့အစည်းမှ သံအမတ်ကြီးအပါအဝင် ကိုယ်စားလှယ်များ စီးလာသည့် ယာဉ်တန်း ပစ်ခတ်ခံရကြောင်း ဆီဆိုင်မြို့နယ်ဒေသခံ စစ်ဘေးရှောင် ကူညီပေးနေသည့်ကော်မတီ အဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဟုတ်တယ်။ နိုင်ငံတကာ အာစီယံ အဖွဲ့စည်းက သံအမတ်ကြီးလည်း ပါတယ်။ ဘယ်နှစ်ယောက်လာလည်းတော့ ကျနော်တို့လည်း မသိရဘူး။ သံအမတ်ကြီး ပါတယ်လို့တော့ ပြောတယ်။ သူတို့ယာဉ်တန်းနဲ့လာတာ။ ရဲတွေလည်း ပါတယ်။ ဆီဆိုင် မရောက်ခင် နန်းသြရွာရဲ့ မြောက်ဘက်မှာ ပစ်ခံရတယ်။ သူတို့လည်း ပစ်ခတ်ခံရပြီး လှည့်ပြန်သွားတယ် “ ဟု ၎င်း ကော်မတီဝင် တစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်တန်း ပစ်ခတ်ခံရမှုဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာ သေဆုံးမှုများ မရှိကြောင်း သိရှိရသော်လည်း သျှမ်းသံတော်ဆင့်သတင်းဌာနမှ အတည်ပြုဖို့ရန် ဆက်လက် စုံစမ်းနေခြင်း ဖြစ်သည်။

အလားတူ ဆီဆိုင်မြို့နယ်ရှိ စစ်ဘေးရှောင်များကို အကူညီပေးဖို့လာသည့် နိုင်ငံတကာ အာစီယံအဖွဲ့အစည်းမှ ယာဉ်တန်း ပစ်ခတ်ခံရခြင်း အမှန်တကယ် ဖြစ်ကြောင်း အစည်းအဝေးအတွင်းသို့ တက်ရောက်ခဲ့သည့် စစ်ဘေးရှောင် ကူညီသူတစ်ဦးက ထပ်လောင်းပြောသည်။

“ ဟုတ်ပါတယ်။ အဲ့ဒါတော့ အမှန်ပါ။ မနေ့က ကျနော်တို့ ကိုယ်ကိုတိုင်လည်း အစည်းအဝေးသွားတော့ ကျနော်တို့ကို လာတွေ့ပြီး စုံစမ်း မေးမြန်းဖို့ အာဆီယံအဖွဲ့ ကိုယ်စားလှယ်တွေ၊ သံအမတ်တွေတောင်လည်း ပါတယ်။ ဒီလမ်း တစ်ဝက်မှာ ခြိမ်းခြောက် ပစ်ခတ်ခံရတယ်လို့ ပြောတယ်“ ဟု ၎င်းက ပြောသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်အတွင်း မည်သည့်အဖွဲ့အစည်းမှ လက်ချက်ဖြစ်ကြောင်း မသိရသေးပေ။

ဆီဆိုင်မြို့နယ်ရှိ စစ်ဘေးရှောင်များကို တွေ့ဆုံမေးမြန်းရန် လာရောက်သည့် နိုင်ငံတကာ အာဆီယံ အဖွဲ့အစည်း ပစ်ခတ်ခံရမှု နှင့် ပတ်သက်ပြီး စိတ်မကောင်း၊ ဝမ်းနည်းမိကြောင်းလည်း စစ်ရှောင်ကူညီသူ ဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

“ စိတ်ထဲတော့ မကောင်းဘူး။ မနေ့က အစည်းအဝေးထဲမှာတောင် ကျနော်ပြောလိုက်သေးတယ်။ အခု ကျနော်တို့ စစ်ဘေးရှောင်တွေကို အကူညီပေးဖို့လာတာကို ခရီးစဥ်အတွင်းမှာ အဲ့လိုဖြစ်သွားတော့ ဘယ်သူပဲ ဖြစ်ဖြစ်လေ ကောင်းတယ်လို့တော့ မယူဆဘူး။ သူတို့က လုံးဝကို မှားနေတယ်။ အခု နိုင်ငံရေးကိစ္စက ဖြစ်နေတာက ဖြစ်နေပြီလေ။ ဒါပေမယ့် သူများက ကူညီချင်တာလေ၊ ဘာမှလာလုပ်တာလည်း မဟုတ်ဘူး။ အဲ့လိုဖြစ်သွားတော့ လုံးဝစိတ်မကောင်းဘူး “ ဟု ၎င်းက ဖြည့်စွက်ပြောသည်။

ဆီဆိုင်မြို့ နှင့် ဆိုက်ခေါင်စံပြကျေးရွာကြားရှိ နန်းသြကျေးရွာသည် ဆီဆိုင်မြို့ နှင့် ၆ မိုင်ခန့် ကွာဝေးကြောင်းလည်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်း – ကယား နယ်စပ် တိုက်ပွဲကြောင့် ဆီဆိုင်မြို့နယ်တွင် စစ်ဘေးရှောင် ဦးရေ ၈ ထောင်ကျော် ထွက်ပြေးခိုလှုံနေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ ယာယီ အဆောက်အဉီးများ အကူအညီ အရေးပေါ်လိုအပ်နေသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...