Wednesday, January 28, 2026

ဆီဆိုင်မြို့နယ် စစ်ရှောင်များကို ကူညီရန်လာသည့် နိုင်ငံတကာ သံတမန်ယာဥ်တန်း ပစ်ခတ်ခံရ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်ရှိ စစ်ဘေးရှောင်များကို အကူညီပေးရန်အတွက် အစည်းအဝေး လာတက်ရောက်သည့် နိုင်ငံတကာသံတမန် ယာဉ်တန်းများ ဆီဆိုင်မြို့ မရောင်ခင် ပစ်ခတ်ခံရကြောင်း စစ်ဘေးရှောင်ကူညီသူ ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

နန်းသြကျေးရွာအနီး

ယမန်နေ့ (မေလ ၇ ရက်) နံနက်ပိုင်း ၉ နာရီ ဝန်းကျင်တွင် ဟိုပုံး – ဆီဆိုင် ပြည်ထောင်စု ကားလမ်းမပေါ်ရှိ နန်းသြကျေးရွာအနီးတွင် စစ်ရှောင်များကို ကူညီပေးရန်အတွက် နိုင်ငံတကာ အာစီယံ အဖွဲ့အစည်းမှ သံအမတ်ကြီးအပါအဝင် ကိုယ်စားလှယ်များ စီးလာသည့် ယာဉ်တန်း ပစ်ခတ်ခံရကြောင်း ဆီဆိုင်မြို့နယ်ဒေသခံ စစ်ဘေးရှောင် ကူညီပေးနေသည့်ကော်မတီ အဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဟုတ်တယ်။ နိုင်ငံတကာ အာစီယံ အဖွဲ့စည်းက သံအမတ်ကြီးလည်း ပါတယ်။ ဘယ်နှစ်ယောက်လာလည်းတော့ ကျနော်တို့လည်း မသိရဘူး။ သံအမတ်ကြီး ပါတယ်လို့တော့ ပြောတယ်။ သူတို့ယာဉ်တန်းနဲ့လာတာ။ ရဲတွေလည်း ပါတယ်။ ဆီဆိုင် မရောက်ခင် နန်းသြရွာရဲ့ မြောက်ဘက်မှာ ပစ်ခံရတယ်။ သူတို့လည်း ပစ်ခတ်ခံရပြီး လှည့်ပြန်သွားတယ် “ ဟု ၎င်း ကော်မတီဝင် တစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်တန်း ပစ်ခတ်ခံရမှုဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာ သေဆုံးမှုများ မရှိကြောင်း သိရှိရသော်လည်း သျှမ်းသံတော်ဆင့်သတင်းဌာနမှ အတည်ပြုဖို့ရန် ဆက်လက် စုံစမ်းနေခြင်း ဖြစ်သည်။

အလားတူ ဆီဆိုင်မြို့နယ်ရှိ စစ်ဘေးရှောင်များကို အကူညီပေးဖို့လာသည့် နိုင်ငံတကာ အာစီယံအဖွဲ့အစည်းမှ ယာဉ်တန်း ပစ်ခတ်ခံရခြင်း အမှန်တကယ် ဖြစ်ကြောင်း အစည်းအဝေးအတွင်းသို့ တက်ရောက်ခဲ့သည့် စစ်ဘေးရှောင် ကူညီသူတစ်ဦးက ထပ်လောင်းပြောသည်။

“ ဟုတ်ပါတယ်။ အဲ့ဒါတော့ အမှန်ပါ။ မနေ့က ကျနော်တို့ ကိုယ်ကိုတိုင်လည်း အစည်းအဝေးသွားတော့ ကျနော်တို့ကို လာတွေ့ပြီး စုံစမ်း မေးမြန်းဖို့ အာဆီယံအဖွဲ့ ကိုယ်စားလှယ်တွေ၊ သံအမတ်တွေတောင်လည်း ပါတယ်။ ဒီလမ်း တစ်ဝက်မှာ ခြိမ်းခြောက် ပစ်ခတ်ခံရတယ်လို့ ပြောတယ်“ ဟု ၎င်းက ပြောသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်အတွင်း မည်သည့်အဖွဲ့အစည်းမှ လက်ချက်ဖြစ်ကြောင်း မသိရသေးပေ။

ဆီဆိုင်မြို့နယ်ရှိ စစ်ဘေးရှောင်များကို တွေ့ဆုံမေးမြန်းရန် လာရောက်သည့် နိုင်ငံတကာ အာဆီယံ အဖွဲ့အစည်း ပစ်ခတ်ခံရမှု နှင့် ပတ်သက်ပြီး စိတ်မကောင်း၊ ဝမ်းနည်းမိကြောင်းလည်း စစ်ရှောင်ကူညီသူ ဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

“ စိတ်ထဲတော့ မကောင်းဘူး။ မနေ့က အစည်းအဝေးထဲမှာတောင် ကျနော်ပြောလိုက်သေးတယ်။ အခု ကျနော်တို့ စစ်ဘေးရှောင်တွေကို အကူညီပေးဖို့လာတာကို ခရီးစဥ်အတွင်းမှာ အဲ့လိုဖြစ်သွားတော့ ဘယ်သူပဲ ဖြစ်ဖြစ်လေ ကောင်းတယ်လို့တော့ မယူဆဘူး။ သူတို့က လုံးဝကို မှားနေတယ်။ အခု နိုင်ငံရေးကိစ္စက ဖြစ်နေတာက ဖြစ်နေပြီလေ။ ဒါပေမယ့် သူများက ကူညီချင်တာလေ၊ ဘာမှလာလုပ်တာလည်း မဟုတ်ဘူး။ အဲ့လိုဖြစ်သွားတော့ လုံးဝစိတ်မကောင်းဘူး “ ဟု ၎င်းက ဖြည့်စွက်ပြောသည်။

ဆီဆိုင်မြို့ နှင့် ဆိုက်ခေါင်စံပြကျေးရွာကြားရှိ နန်းသြကျေးရွာသည် ဆီဆိုင်မြို့ နှင့် ၆ မိုင်ခန့် ကွာဝေးကြောင်းလည်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်း – ကယား နယ်စပ် တိုက်ပွဲကြောင့် ဆီဆိုင်မြို့နယ်တွင် စစ်ဘေးရှောင် ဦးရေ ၈ ထောင်ကျော် ထွက်ပြေးခိုလှုံနေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ ယာယီ အဆောက်အဉီးများ အကူအညီ အရေးပေါ်လိုအပ်နေသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...