တောင်ကြီးမြို့ နှင့် လွိုင်လင်မြို့ မိုးသည်းထန်ရွာ နေအိမ်တချို့ ရေကြီးပျက်စီးမှုကြုံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ နှင့် လွိုင်လင်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနိမ့်ပိုင်းရှိ နေအိမ်တချို့ ရေကြီးရေလျှံပြီး ပျက်စီးမှုများ ရှိနေကြောင်း စုံစမ်းသိရသည်။

တောင်ကြီးမြို့ ယမန့်နေ့ ည (၈ ) နာရီခွဲ မှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းသဖြင့် အနိမ့်ပိုင်းရှိ နေအိမ်တချို့ ရေဝင်ပြီး၊ တချို့နေအိမ်ခြံတံခါးများ ပျက်စီးမှုများလည်း ရှိကြောင်း တောင်ကြီးဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“မနေ့ညက မိုးသည်းထန်ရွာတော့ လမ်းမကြီး (မိန်းလမ်း) အနိမ့်ပိုင်းရှိတဲ့ အိမ်ထဲရေဝင်တယ်။ လမ်းတွေပြိုကျ၊ အိမ်ခြံဝန်းတွေ တံခါးတွေပြိုကျတယ်” ဟု ၎င်းအမျိုးသမီးက ပြောသည်။

တောင်ကြီးမြို့ ရေကြီး အုတ်တံတိုင်းပျက်

ယခင်က တောင်ကြီးမြို့ပေါ်ရှိ ရေမြောင်းများကို မြို့နယ်စည်ပင်များက ဖြေရှင်းပေးနေသော်လည်း စစ်အာဏာ သိမ်းပြီးနောက်ပိုင်း မြို့နယ်စည်ပင်များက ရေမြောင်းများကို လာရောက်ဖြေရှင်းပေးမှုမရှိသောကြောင့် အနိမ့်ပိုင်းရှိ နေအိမ်တချို့များ ရေကြီးဒဏ်ကို ကြုံတွေ့နေရကြောင်း တောင်ကြီးဒေသခံ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အရင်နှစ်တွေက အဲ့လောက်ရေမကြီးဘူး ၊ တချို့မြောင်းတွေလည်း အမှိုက်ပိတ်လို့ ရေမြောင်းတွေကို မရှင်းလို့ပါ။ အရင်ဆို မြို့နယ်စည်ပင်က ရေမြောင်းတွေ လာရှင်းပေးနေကြလေ၊ အခု သူတို့က ရေမြောင်းတွေကို မလာရှင်းသေးတာပါ “ ဟု ၎င်းလူငယ်တစ်ဦးက ပြောသည်။

အဆိုပါ မိုးများ သည်းထန်စွာ ရွာသွန်းပြီးလျှင် ရေးကြီးရေလျှံဒဏ်ကို အဓိက ခံစားရသော ပြည်တော်သာရပ်ကွက် ၊ ညောင်ဖြူစခန်းရပ်ကွက် နှင့် ဦးကြီးခမ်း ရပ်ကွက်ရှိ အနိမ့်ပိုင်း နေအိမ်များ ရေကြီးဒဏ် ကြုံတွေ့ရကြောင်း သိရသည်။

အလားတူ လွိုင်လင်မြို့ ယမန်နေ့ (သြဂုတ် ၆) ရက် ညတွင် မိုးသည်းထန်ရွာသွန်းပြီး ရေကြီးရေလျှံသောကြောင့် တောင်ပေါ် ရေစီးအားကြောင့် တချို့အိမ်တွင် အုတ်တံတိုင်းများ ပြိုကျမှုရှိကြောင်း လွိုင်လင် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ မုန်တိုင်းကြောင့်ထင်တယ်ဗျ။ ရွာလိုက်တိတ်လိုက် နဲ့ ရေကတော့ တစ်ဝက်ပဲကျသေးတယ်ဗျ၊ ပါကေးခင်းထားရင် ရေကြောင့် ဖောင်းပွလာတယ်။ အောက်ထပ်ရေဝင်လို့ ကြမ်းခင်းတွေပျက်စီးတယ်။ နှစ်ထပ်တိုက်ဆို အပေါ်တက်အိပ်ရတယ်။ တချို့အိမ်အုတ်တံတိုင်းတွေ ပြိုကျတယ် “ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

ယခုနှစ် မိုးရာသီကာလအတွင်း တောင်ပေါ်ဒေသများတွင် ရေကြီးရေလျှံမှုများဖြစ်ပွားမှုကို စတင်ကြုံတွေ့နေရသည်။

ထိုကဲ့သို့ ရေကြီး၊ ရေလျှံမှုဖြစ်ခြင်းသည် တောတောင်များ သစ်ပင်များဖြုန်းတီးလာခြင်း၊ တောင်များကို ဖြိုကာ မြေကွက်ရိုက်ရောင်းချခြင်းနှင့် ရေမြောင်းများ စီမံခန့်ခွဲမှု အားနည်းခြင်းတို့ကြောင့် ဖြစ်သည်ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်နေသူများက ပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တာချီလိတ် ရေကြီးရေလျှံဖြစ်ပွား

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ရေကြီး‌ ရေလျှံမှု ကြုံတွေ့နေကြောင်း စုံးစမ်းသိရသည်။ တာချီလိတ်မြို့တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ဆန်ဆိုင်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့် မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား အနီးတဝိုက်တွင်...

သျှမ်းတောင်မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်၊ စိုက်ခင်းများပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် တောင်လေးလုံးကျေးရွာဘက်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး နေအိမ်များနှင့် စိုက်ခင်းများ ပျက်စီးသွားကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၄)ရက် မှစပြီး ဇွန်လ (၈)ရက်အထိ  သျှမ်းပြည် တောင်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး တောင်ကြီးမြို့ပေါ်မှ စီးဆင်းလာသည့် ရေများကြောင့် အေးသာယာနှင့် ညောင်ရွှေဘက်တွင်...