စွန့်ပစ်ခံနေရတဲ့ သူရဲကောင်းများ

“ ဒီလို အမွေပြတ်စွန်လွှတ် လိုက်ရတာတော့ စိတ်မကောင်းပါဘူး။ ကျမလုံခြုံရေး အတွက်လည်းရှိသေးတယ်။ သူကို ဒီအလုပ်မလုပ်ဖို့ ပြောလည်းမရဘူးလေ။ ဒါ့ကြောင့် စွန့်လွှတ်လိုက်တာပါ” လို့ အသက် (၆၀) ကျော်ရှိ မိခင်တစ်ဦး ဖြစ်သူက ရင်ဖွင့်ပြောဆိုလာပါတယ်

ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း သမီးရဲ့ နိုင်ငံရေးလုပ်ရှုားမှု ရှမ်းကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တစ်ဦး၊ စစ်အာဏာရှင်ဖြုတ်ချရေးအတွက် ပါဝင်နေတဲ့သူတစ်ဦးလည်းဖြစ်တဲ့အတွက် မိမိရဲ့ အသက်အန္တရာယ် ထိခိုက်လာမှာကို စိုးရိမ်တာကြောင့် အသက် (၆၀)ကျော်ရှိ မိခင်ကြီးက သမီးဖြစ်သူကို စိတ်မကောင်းစွာဖြင့် အမွေပြတ်စွန့်လွှတ်ခဲ့ရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးခေါင်းဆောင်အကြီးကဲများ၊ ကျောင်းဆရာ/မ၊ ဆရာဝန်များ၊ နိုင်ငံရေးလှုပ်ရှားသူ၊ အမျိုးသားစိတ်ဓာတ်တက်ကြွသူများ၊ လူငယ်များ စတာတွေကို စစ်ကောင်စီက ဖမ်းဝရမ်း (၅၀၅) က ထုတ်ပြီး လိုက်လံဖမ်းဆီးခဲ့ပါတယ်။

စစ်ကောင်စီ ရဲ့ (၅၀၅) က ဖမ်းဝရမ်းထုတ်ခံထားရတဲ့ သူတွေထဲမှာ သီပေါက နိုင်ငံရေး တက်ကြွလှုပ်ရှားသူ နန်းလျန်း တစ်ယောက်လည်း ပါဝင်ပါတယ်။

ဒါ့ကြောင့် နန်းလျန်း ဟာ လွတ်မြောက်နယ်မြေကို တိမ်းရှောင်ခဲ့ပေမယ့် သီပေါမှာ ကျန်ခဲ့တဲ့ မိခင်ဖြစ်သူရဲ့ ဘဝဟာ နေအိမ်တစ်လုံးထဲ ပုန်းရှိုးကွယ်ရှိုးနဲ့ တိတ်တဆိတ်နေခဲ့ရပြီး စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုကို နည်းမျိုးစုံခံနေရပါတယ်။

အမေတခု သမီးတခုသာရှိတဲ့ နန်းလျန်းတို့ သားအမိ (၂)ယောက်ဟာ စစ်အာဏာသိမ်းမှုကြောင့် တစ်ဦးတည်းသော သမီးဖြစ်သူကို အမွေပြတ်စွန့်လွှတ်ခဲ့ရပြီး၊ လက်ရှိမှာတော့ မိခင်တစ်ဦးတည်း ခက်ခဲစွာ ရုန်းကန်နေရပါတယ်။

“တရားနဲ့ဘဲဖြေရတာပေါ့။ စစဖြစ်တုန်းကဆို ကျမ စိတ်ကော၊ ကိုယ်ကော အရမ်းထိခိုက်တယ်။ ကျန်းမာရေးမကောင်းဘူး။ ကြောက်တယ်။ ဒါမဲ့ အခုတော့ တနေ့ကျရင် ပြန်ကောင်းလာမယ်ဆိုတဲ့ စိတ်နဲ့ပဲ အသက်ရှင်နေတာ။ တရားနဲ့ပဲ ဖြေလျော့ရတာပေါ့။” ဟု မိခင်ဖြစ်သူက အားကိုးမဲ့စွာနဲ့ ပြောဆိုလာပါတယ်။

နန်းလျန်းဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မိသားစုနဲ့ အဝေးမှာ‌ နေရသူဖြစ်ပြီး ယခုချိန်မှာ အိမ်ပြန်လမ်းမရှိ အမွေပြတ် စွန့်လွတ်ခံရသူ တစ်ဦး ဖြစ်ပါတယ်။

“အဓိကတော့ အခုတော်လှန်ရေးမှာ ကျမ ပါဝင်တယ်။ ဖမ်းဝရမ်းထုတ်ခံရတဲ့နောက်ပိုင်း မိသားစုက တော်တော်စိတ်ညစ် စိတ်ဆင်းရဲစရာ ဒုက္ခတွေနဲ့ ကြုံရတယ်။ အဲတာမို့ပဲ စွန့်လွှတ်တယ်လို့ ထင်ပါတယ်” ဟု နန်းလျန်းက ပြောပါတယ်။

စစ်အာဏာရှင်အမြစ်ဖြတ် တိုက်ခိုက်ဖို့အတွက် လုပ်ဆောင်နေသူဖြစ်တဲ့အတွက် မိခင်ဖြစ်သူ အမွေပြတ်စွန့် ခံရတာကို စိတ်မကောင်းဖြစ်ပေမယ့် တော်လှန်ရေးကိုတော့ အဆုံးထိ ပါဝင်သွားပြီး ဒီမိုကရေစီပြန်ရတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ နန်းလျန်းက ပြတ်သားစွာ ပြောဆိုပါတယ်။

“ကိုယ့်လုပ်ရပ်ကိုတော့ နောင်တရတာမျိုးတော့ မရှိပါဘူး။ ဆက်ပြီးတော့ တော်လှန်ရေးမှာ ပါဝင်သွားမှာပါ။ အဆုံးထိ စစ်အာဏာရှင်ကို တော်လှန်သွားမှာ။ ကျမတို့ ဒီမိုကရေစီရတဲ့အထိ တော်လှန်သွားမယ်” လို့ နန်းလျန်း က ဆိုပါတယ်။

သျှမ်းပြည်နယ်အတွင်းမှာ နန်းလျန်းလို နိုင်ငံရေးလှုပ်ရှားသူအပြင် လွတ်မြောက်နယ်မြေရောက်နေပြီး စစ်သင်တန်း သွားတက်တဲ့ PDF တပ်သားတွေလည်း အမွေပြတ်စွန့်လွှတ်မှုကို ခံနေရပါတယ်။

သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့က PDF တပ်ဖွဲ့ထဲ ဝင်သွားတဲ့ အသက် (၃၀)အရွယ် ကိုထူး (အမည်လွှဲ) ကလည်း ၎င်းမိဘတွေက အမွေပြတ်စွန့်လွှတ်ဖို့ ကြေညာတယ်လို့ သိရပါတယ်။

ဒီမိုကရေစီ ရရှိဖို့အတွက် အိမ်ကို မမှုပဲ လွတ်မြောက်နယ်မြေမှာ လက်နက်ကိုင်ပြီး စစ်ကောင်စီကို တော်လှန်နေသော်လည်း တဘက်က အိမ်ပြန်လမ်းမရှိ မိဘက အမွေစွန့်လွှတ်တော့မှာကို ကြားသိရတဲ့အတွက်ကြောင့် ဝမ်းနည်းရတယ်လို့ ကိုထူးက ရင်ဖွင့် ပြောဆိုပါတယ်။

“ဒီလွတ်မြောက်နေရာကိုရောက်ဖို့ ကျနော် အခက်ခဲတွေ အများကြီး ကြုံတွေ့ခဲ့ရတယ်။ စိတ်ဓာတ်တွေကျတယ်ဆိုပေမဲ့ ဒီစစ်အာဏာရှင်ကို ကျနော်တို့ နိုင်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ကျနော် ဆုံးဖြတ်ထား ပြီးသားပါ။” လို့ ကိုထူးက သူ့ရဲ့ ရပ်တည်ချက်ကို ရှင်းပြပါတယ်။

ကိုထူးတယောက် စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ခိုက်ဖို့အတွက် တော်လှန်ရေးမြေသို့ သွားနေစဉ် စစ်တပ်မှ နေအိမ်ကို အကြိမ်ကြိမ်လာရှာဖွေပြီး ကိုထူးနဲ့ ပတ်သက်သည့် မိဘတွေကိုလည်း ခေါ်ယူစစ်ဆေးမှုတွေ ခြိမ်းခြောက်မှုတွေ ကို ပြုလုပ်ခဲ့ပါတယ်။

“ ကိုထူး နေအိမ်မှာ မရှိတုန်း ရဲတွေ စစ်တပ်တွေ ရပ်ကွက်လူကြီးတွေက ခဏခဏလာမေးတယ်။ မရှိတဲ့အကြောင်း ပြောတော့လည်း အိမ်ကို လာစစ်ဆေးတာလုပ်တယ်။ ကျနော်တို့လည်း ကြောက်ရတော့ အမွေစွန့်လွှတ်လိုက်တာ” လို့ ကိုထူး ရဲ့ ဖခင်က စိတ်မကောင်းစွာ ပြောပါတယ်။

စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း လူငယ်တွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေ၊ အနုပညာရှင်တွေကလည်း အမွေပြတ် စွန့်လွှတ်မှုကို ခံနေရပါတယ်။

လက်ရှိ “နွေဦးတော်လှန်ရေး” တွင် အနုပညာရှင်ဖြစ်တဲ့ သရုပ်ဆောင် ပိုင်ဖြိုးသု၊ အဆိုတော် ကျားပေါက် တို့ကလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ အမွေပြတ်စွန့်လွှတ်ခံလိုက်ရပါတယ်။

၁၉၈၈ မြန်မာနိုင်ငံအရေးအခင်း အချိန်တွင်လည်း စစ်ကောင်စီက လူငယ်၊ တက္ကသိုလ်ကျောင်းသားတွေကို မဖမ်းမိပါက မိဘတွေကို ဓားစာခံအဖြစ် ဖမ်းဆီးတာတွေ၊ နေအိမ် ချိတ်ပိတ်တာတွေကို လက်ကိုင်တုတ် တစ်ခုအနေနဲ့ ပြုလုပ်လေ့ရှိပါတယ်။

လက်ရှိအချိန်” နွေဦးတော်လှန်ရေး” မှာ ဆိုရင် စစ်ကောင်စီ ပိုင် သတင်းဌာန ကြေးမုံသတင်းစာမျက်နှာမှာ နိုဝင်ဘာလဆန်း ကစပြီး နေ့တိုင်းနီးပါး သား၊ သမီး အမွေပြတ်စွန့်လွှတ်တဲ့ ကြေငြာတွေ ထည့်လာတာကို တွေ့မြင်ရပါတယ်။

“အာဏာရှင်စနစ်ရဲ့ ယုတ်မာမှုတွေပဲလေ။ သူတို့ ယုတ်မာနိုင်သလောက် ထပ်ဆိုးနိုင်သလောက်တာ့ ထပ်ဆိုးသွားမှာပဲ။ ဒီလို အမွေပြတ်စွန့်လွှတ်ခံရတဲ့ ရဲဘော်တွေလည်း စစ်ကောင်စီရဲ့ မိဘတွေကို ဓားစာခံဖမ်းဆီးမှုကြောင့်ပဲလို့ ကျနော်တော့ သုံးသပ်မိပါတယ်” လို့ သျှမ်းပြည် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အသက် ၄၅ နှစ်ကျော် အမျိုးသား တစ်ဦးက ပြောပါတယ်။

တော်လှန်ရေးထဲမှာ ပါဝင်နေတဲ့ PDF တပ်သားတွေ၊ အမွေစွန့်လွှတ်ခံရသူတွေက စစ်အာဏာရှင်ကြောင့်ဘဲဖြစ်တာမို့ စိတ်ဓာတ်မကျသွားရန်လည်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူက ပြောပါတယ်။

“နိုင်ငံရေးက ဒီထက်ဆိုးတာတွေလည်း ထပ်ကြုံရမှာပါ။ အမွေစွန့်လွှတ်တဲ့ မိဘတွေကို အပြစ်မမြင်ဘဲ ဒီအခြေနေတွေ ဖြစ်လာစေတာက အာဏာသိမ်းမှုကြောင့်ပဲ ဖြစ်တယ်လို့ လူငယ်တွေကိုကော၊ အမွေစွန့်လွှတ်ခံရသူတွေကိုကော ကျနော် စကားပါးချင်ပါတယ်” လို့ လည်း ၎င်းက ဆိုပါတယ်။

နိုင်ငံတကာ သတ်မှတ်ချက်အရ သား၊ သမီးတွေဟာ အသက် (၁၈)နှစ်ပြည့်တာနဲ့ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်၊ လွတ်လပ်စွာ ရှင်သန်ခွင့်ရှိကြပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ အသက်(၁၈)နှစ် သား၊ သမီးတွေ နိုင်ငံရေး စစ်အာဏာရှင်ကို ဆန့်ကျင်မှုတွေပြုလုပ်ရင် မိဘတွေကို ဦးတည်ပြီး ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်တာရှိနေကြောင်း၊ ဒါဟာ တရားဥပဒေနဲ့ မညီကြောင်း ရဲလက်စွဲမှာလည်းမရှိကြောင်း အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးက ပြောပါတယ်။

“ပြစ်မှုကျူးလွန်ခံရတဲ့သူကို မဖမ်းမိရင် တခြားမိဘတွေကို ဓားစာခံဖမ်းတာတွေ လုပ်လို့မရဘူး။ ဖမ်းဆီးစစ်ဆေးပိုင်ခွင့်လည်းမရှိဘူး။ စစ်ကောင်စီက လုပ်ချင်တိုင်းလုပ်နေတာ၊ ဥပဒေနဲ့မညီတာတွေ လုပ်နေတယ်” လို့ ရှေ့နေတစ်ဦးက မှတ်ချက်ပြုလိုက်ပါတယ်။

စစ်ကောင်စီ ကနိုဝင်ဘာ ၂၆ရက် မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ ဗိုလ်ချုပ် ဇော်မင်းထွန်း က သတင်းစာ တွေမှာ အမွေပြတ်စွန့်လွှတ်ကြောင်း ကြေညာချက်တွေဟာ တရားမဝင်ကြောင်းပြောဆိုခဲ့ပါတယ်။

ဒီအမွေပြတ်စွန့်လွှတ်ကြောင်း ကြေညာထားပြီး NUG၊ CRPH စတဲ့အဖွဲ့ တွေကို ထောက်ပံ့အားပေးတာတွေပြုလုပ်ပါက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူသွားမယ်လို့လည်း စစ်ကောင်စီက ကြေညာထားပါတယ်။

အမွေပြတ်စွန့်လွှတ်လိုက်တဲ့ မိဘတွေကတော့ ကိုယ့်မွေးပြီး ပြုစုစောင့်ရှောက်ခဲ့တဲ့ ကိုယ့်သား၊သမီး ကိုရင်ကွဲခံ အမွေပြတ်စွှန့်ပြီး တာတောင် စစ်ကောင်စီရဲ့ ဖိအားတွေ အကြောက်တရားတွေက လျော့မသွားဘဲ ဆက်လက်ကြောက်နေရဆဲပါ။

“ ကျမ ရဲ့ သမီးကို အမွေပြတ်စွန့်လွှတ်လိုက်ပေမယ့် စစ်တပ်ရဲ့ ခြိမ်းခြောက်မှုက ထပ်လာမှာကိုတော့ ကျမ ကြောက်နေရတုန်းပဲ။ ကိုယ်မွေးထားတဲ့ သမီးပဲ ဘယ်သူက ဒီလို လုပ်ချင်မှာလဲ” ဟု နန်းလျန်းရဲ့ မိခင်ကတော့ အသံတုန်ရီပြီး ပြောဆိုပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...