Wednesday, January 28, 2026

မိုဘိုင်းဒေတာ စျေးနှုန်း ၂ ဆ တိုးမြှင့်ကောက်

မြန်မာနိုင်ငံတွင် မိုဘိုင်းဒေတာ အင်တာနက်ဈေးနှုန်း ယခင်ထက် ၂ ဆ ဈေးကြီးခြင်းသည် စစ်ကောင်စီမှ အင်တာနက်လိုင်းပေါ် သတင်းရှာဖတ်ရာတွင် ခက်ခဲအောင် ပြုလုပ်နေသည်ဟု သျှမ်းပြည်လူထုများက ပြောဆိုလိုက်သည်။

ယနေ့ ဒီဇင်ဘာ ၈ ရက်နေ့မှ စပြီး အင်တာနက် မိုဘိုင်းဒေတာများသည် ယခင်ထက် ဈေးပိုကြီးလာပြီး ပြည်သူများတချို့ အင်တာနက်ပေါ်တွင် သတင်းရှာဖတ်ရန် အခက်ခဲဖြစ်လာကြောင်း လဲချားမြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော့အထင်တော့ သူတို့ သတင်းကို အမှောင်ဖုံးချင်လို့လည်း ပါတယ်။ အင်တာနက်ဈေးကြီးတော့ လိုင်းမတက်နိုင် တဲ့သူတွေရှိလာမယ်။ လိုင်းမတက်နိုင်တော့ ကျနော်တို့ သတင်းသိချင်တာတွေ၊ ဘယ်နားဘာဖြစ်နေတာလဲဆိုတာ ချက်ချင်းမသိရတော့ဘူး” ဟု လဲချားမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အင်တာနက်ဈေးနှုန်းမြင့်တက်လာခြင်းသည် စစ်ကောင်စီက အခွန်ငွေကို ပိုမိုကောက်ခံခြင်းဖြစ်ကြောင်း၊ ငွေညစ်ယူသည့် နည်းလမ်းဖြစ်ကြောင်း တာချီလိတ်မြို့ခံ တစ်ဦးက ပြောသည်။

“နိုင်ငံတော်ရဲ့ အခွန်ငွေပိုရအောင်လုပ်တယ်လို့ထင်တယ်။ အဘက်ဘက်ကလည်း စီးပွားမဖြစ်တော့ ငွေညစ် အဲနည်းလမ်းဘဲ ရှိတော့လို့နေမှာပါ။ အင်တာနက်ဈေးတက်လာတော့ အင်တာနက်လူကြည့်နည်းလာမယ်” ဟု တာချီလိတ်မြို့ ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် အွန်လိုင်းပေါ်တွင် အလုပ်လုပ်နေသူများအတွက်လည်း အခက်ခဲများစွာရှိလာကြောင်း သိရသည်။

“ရှေ့ဆက်ပြီး ဘယ်လိုအလုပ် လုပ်သွားရမလဲ မသိတော့ဘူး။ ကျနော်တို့ အင်တာနက်ပေါ်ကနေ အလုပ်လုပ်တော့ ပိုပြီးခက်ခဲလာတယ်။ နဂိုကတည်းက စားဝတ်နေရေးခက်ခဲနေတာ။ အခုလို အင်တာနက်ဈေး ထက်လာမြှင့်တက်လိုက်တော့ ကျနော်တို့ ပိုပြီး ခက်ခဲလာနိုင်တယ်” ဟု အွန်လိုင်းပေါ် အလုပ်လုပ်နေသူတစ်ဦးက ပြောသည်။

ယခင်က မိုဘိုင်းဒေတာ အင်တာနက် 1.5 GB ကို ၁၀၀၀ ကျပ်နှုန်းနှင့် ဝယ်ယူရပြီး လက်ရှိတွင် မိုဘိုင်းဒေတာများသည် 1.5 GB ကို ၂၉၉၉ ကျပ်ဖြင့် ဝယ်ယူနေကြရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...