Thursday, May 30, 2024

သျှမ်းရှေ့ တွင် သြစတေးလျ ကုမ္ပဏီ ရွှေတူးဖော်ရန် စီစဉ်နေ

Must read

အကြမ်းဖက် စစ်ကောင်စီ ရက်စက်မှုကြား သျှမ်းပြည်အရှေ့ပိုင်း တွင် သတ္တုတွင်းတူးဖော်သည့် ရွှေတူးဖော်ရေး လုပ်ငန်းများကို သြစတေးလျ နိုင်ငံသားပိုင်း ကုမ္ပဏီ က ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွန်ရန် စီစဉ်နေကြောင်း SHRF ထုတ်ပြန်ချက် အရသိရသည်။

သျှမ်းပြည်အရှေ့ပိုင်း တွင် ရွှေတူးဖော်ရန် အတွက် အကျယ်အဝန်း (၅၄၇) ကီလိုမီတာကို လျားထားကြောင်း ဧပြီ (၁)ရက်တွင် သြစတြေးလျ နိုင်ငံရှိ ကုမ္ပဏီ တခု ထုတ်ပြန်ကြေညာခဲ့သည်။

လွန်ခဲ့သည့် မတ် (၈)ရက် တွင်လည်း Access Resources Asia (ARA) ကုမ္ပဏီသည် သျှမ်းပြည် အရှေ့ပိုင်း မိုင်းဖြတ်မြို့ ရှိ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ရွှေတူးဖော်ရေးစီမံကိန်း နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

လက်ရှိကာလသည် မြန်မာနိုင်ငံရေး အခြေအနေသည် ရှုပ်ထွေးနေသည့်ကာလဖြစ်သည့်အလျောက် ARA ကုမ္ပဏီ အနေဖြင့် ယခုကဲ့သို့ မလုပ်ဆောင်သင့်ကြောင်း၊ ARA ကုမ္ပဏီအနေဖြင့် လက်ရှိအချိန် ရွှေလာရောက်တူးဖော်မည် ဆိုပါက အာဏာသိမ်းစစ်အစိုးရကို လက်တွဲချင်သည့် သဘောမျိုး သက်ရောက်ကြောင်း သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင် (SHAF)မှ စိုင်းဟော်ရှဲန် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ယခုချိန်မှာ လာတူးတာဟာ စစ်တပ်ကို ထောက်ခံတာနဲ့ တူတယ်။ အာဏာသိမ်းအစိုးရနဲ့ လက်တွဲချင်တဲ့သဘောပဲ။ ဒီချိန်က စီးပွားရေး လုပ်ရမယ့်အချိန်မဟုတ်တဲ့အတွက် ပြည်တွင်းထဲက နေ ပြန်လညထွက်ခွာသင့်ပါတယ်” ဟု စိုင်းဟော်ရှဲန် က ပြောသည်။

ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်ဖြစ်နေသည့်အတွက် နိုင်ငံခြား မှ မြန်မာပြည်ကိုလာရောက် ရင်းနှီးမြုပ်နှံမည့် ကုမ္ပဏီများအနေဖြင့် ခေတ္တရပ်နားစေချင်ကြောင်းလည်း စိုင်းဟော်ရှဲန်က ထပ်လောင်းပြောသည်။

ဆက်လက်ပြီး SHRF မှ နိုင်ငံရေး အရေခြအနေ ပြန်လည်တည်ငြိမ်ပြီး စစ်မှန်သည့် ဖက်ဒရယ် အခြေခံ ဥပဒေ ဖွဲ့စည်းပုံ ရှိပြီး ဒေသခံများအတွက် သဘာဝဘေးအန္တရာယ် ကာကယ်ပေးသည့် ဥပဒေမျိုးရှိကြောင်းလည်း ပြောသည်။

ARA သည် ရွှေရှာဖွေရေး အကျယ်အဝန်း ဧရိယာမှာ (၅၇၄) စတုရန်း ကီလိုမတာ ဖြစ်ပြီး သျှမ်းပြည်အရှေ့ပိုင်းတွင် စီမံကိန်းလျာထားသည့် ၁၈၀၀ စတုရန်း ကီလိုမီတာ မြေဧရီယာ အတွင်း ဖြစ်သည်။

သျှမ်းပြည်အရှေ့ပိုင်းပိုင်း ရှိရင်းစွဲ ရွှေတူးဖော်ရေး လုပ်ငန်းမှ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု နှင့် လူမှုအသိုင်းအဝိုင်း ဆိုးကျိုးသက်ရောက်မှု များ ရှိခဲ့ခြင်းကြောင့် သျှမ်းရှေ့ပြည်သူများက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြသည်။

ရွှေတူးဖော်မှု ကို ဆက်လက်ပြုလုပ်မည်ဆိုပါက တာချီလိတ်ဒေသတွင် တောင်များဖြိုဖျက် ခံရကာ စိုက်ပျိုးမြေယာများ နှင့် ရေကြောရင်းမြစ်များအား ကျယ်ကျယ်ပြန့်ပြန့် အဆိပ်သင့်စေခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားသည်။

၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်များတွင် မိုင်းဖြတ်ဒေသခံတို့က ARA စီမံကိန်းများ ရပ်တန့်ရန် NLD အစိုးရအား မေတာရပ်ခံစာပေးပို့ခဲ့သော်လည်း အကြောင်းမထူးခဲ့ချေ။

နိုဝင်ဘာ ၂၆ ရက် ၂၀၂၀ တွင်လည်း သဘာဝ နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ဝန်ကြီးဌာနက ARA အားမိုင်းဖြတ်တွင် လုပ်ပိုင်ခွင့် လိုင်စင် ၃ နှစ် သက်တမ်း ပေးခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article