Friday, April 26, 2024

၂၁ ရာစုပင်လုံ စတုတ္ထက ပြီးခဲ့တဲ့ ညီလာခံတွေ ထက် ပိုထူးခြားတယ်

Must read

သြဂုတ်လ ၁၉ ရက်မှ ၂၁ ရက်နေ့အထိ နေပြည်တော် MICC II မှာကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချ မ်းရေးညီလာခံ ခေါ် ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကျင်းပခဲ့ပါတယ်။ ကိုဗစ်- ၁၉ ကပ် ရော ဂါကြား အစည်းအဝေးကြီးပြုလုပ်ခဲ့ပြီး ပြည်ထောင်စုသဘောတူညီချက်အစိတ်အပိုင်း ၃ ကို လက်မှတ် ရေးထိုးနိုင်ခဲ့ကြပါတယ်။ အခုလို အစည်းအဝေးကျင်းပနိုင်ဖို့၊ သဘောတူညီချက်တွေရဖို့ ဘယ်လိုပြင်ဆင်ခဲ့ကြရသလဲဆိုတာကို NCA-S EAO , UPDJC အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း ကို သျှမ်းသံတော်ဆင့်က နန်းဆိုင်ဖူးကနေ မေးမြန်းထားပါတယ်။

မေး – အချိန်ကာလ အတန်ကြာရပ်နားထားရတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပနိုင်ခဲ့ပုံကိုရှင်းပြပေးပါရှင့်။

ဖြေ – ပြီးခဲ့တဲ့ တတိယအကြိမ် ညီလာခံ ၂၀၁၈ ကျင်းပခဲ့တယ်။ အဲ့နောက်ပိုင်း ညီလာခံကို ကျင်း ပနိုင်ခဲ့ခြင်း မရှိပါဘူး။ ပုံမှန်ဆို ဒီညီလာခံဟာ ၆ လ တစ်ကြိမ်ကျင်းပရမယ်။ အကြောင်းကြောင်း ကြောင့် ကျနော် တို့ မဆောင်ရွက်နိုင်ခဲ့ဘူး။ ဘာပဲပြောပြော ဒီတစ်နှစ်ကျော် ကာလအတွင်းမှာ တရားဝင် အစည်းအဝေး တွေ ကျနော်တို့ မလုပ်နိုင်ခဲ့ပေမယ့်လည်း အလွှတ်သေ ဘာ အစည်းအဝေးတွေ ကြိမ်ဖန်များစွာ လုပ်နိုင်ခဲ့တယ်။ တစ်ဆို့နေတဲ့ ကိစ္စ ဘယ်လို ကျော်လွှားမလဲ ဘယ်လို ညှိနှိုင်းကြမလဲ။ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်သွားနိုင်ရေး ဘယ်လို လုပ်ကြမလဲဆိုတာ ကျနော်တို့ အကြိမ်ကြိမ် အခါခါ ့ ဆွေးနွေးညှိနှိုင်းခဲ့တယ်။

အဲ့လို လုပ်နေရင်းနဲ့ နောက်ဆုံးကျတော့ ဒီနှစ်ရဲ့ နှစ်ဦးပိုင်း တစ်လပိုင်းထဲမှာ ၈ ကြိမ်မြောက် JICM အစည်းအဝေး ခေါ်ယူကျင်းပတယ်။ အဲ့ JICM အစည်းအဝေးကနေပြီးတော့ ဆုံးဖြတ်ချက် ၈ ချက် ချမှတ်ခဲ့တယ်။

ခြုံပြီးပြောရမယ်ဆိုရင် အဲ့ JICM ရဲ့ ဆုံးဖြတ်ချက် အဓိက က ကျနော် နားလည်သလောက် အချက် (၃) ချက်ပါတယ်။ (၁) ချက်က ပင်လုံ ညီလာခံ စတုတ္တအစည်းအဝေးကို ပထမ လေး လပတ်အ တွင်းမှာ ကျင်းပဖို့ အချက် တစ်ချက်ပါတယ်။ (၂) အချက်ကတော့ ပင်လုံ ညီလာခံ မှာ ချုပ်ဆိုမယ့် ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်း (၃) ကိစ္စကိုလည်း ရအောင် ဆွေးနွေးကြရအောင် စာချုပ်မှာ ပါတဲ့အကြောင်းအရာ အဲ့တစ်ချက်ပါတယ်။

နောက်တစ်ချက်က NCA လက်မှတ်မရေးထိုးထားသေးတဲ့ ညီနောင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တွေကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပိုမိုပါဝင်လာရေး ကိစ္စ ကို ဝိုင်းလုပ်ကြရအောင် ဆိုတဲ့ အဓိက အချက် (၃) ချက်ကို ကျနော်တို့ိ့ ချမှတ်ပေးခဲ့တယ်။

NCA လက်မှတ်ရေးထိုးထားတဲ့ EAO ၁၀ ဖွဲ့ကလည်း ညှိနှိုင်းရေး အဖွဲ့ဆိုပြီးတော့ ဖွဲ့စည်းပေးထား တယ်။ အဲ့အဖွဲ့မှာ ကျနော်တို့ကိုတော့ ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် ဆိုပြီးတော့ တာဝန်ပေး အပ်တာ ပေါ့နော်။ JICM ရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်ကို ဘယ်လို အကောင်အထည်ဖော်ကြမလဲဆိုတဲ့ ဟာ မျိုးလေ။ တရားဝင်တွေ အလွှတ်တွေ လည်း ဆွေးနွေးခဲ့ကြတယ်။

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ Covid-19 က ဝင်လာတော့ အဲ့မှာတင် ဆွေးနွေးမှု အရှိန်အဝါ ရပ်တန့်သွားတာပေါ့။

အဲ့ဒါကြောင့် ပထမတော့ ဧပြီ နောက်ဆုံးပတ် ဒါမှမဟုတ် မေလဆန်းပိုင်းလောက်မှလား ပင်လုံ ညီလာခံကြီး ကျင်းပဖို့ ရည်မှန်းချက်ရှိထားတာကို ပြောခဲ့တဲ့ အကြောင်းကြောင်းတွေကြောင့် ကျင်းပနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ဘာပဲပြောပြော ကပ်ရောဂါ ကာလမှာ လူချင်းတွေ့ပြီး မဆွေးနွေးနိုင်တဲ့ အခင်းကျင်းမရှိတောင်မှ အွန်လိုင်း Video Conferencing နဲ့ ညှိခဲ့ကြတယ်။

၃ ရက်သာ ကျင်းပတဲ့ စတုတ္တအစည်းအဝေး ညီလာခံ ကျနော်တို့ တင်ပြနိုင်ခဲ့တယ်။ ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း(၃) အဖြစ် သဘောတူ လက်မှတ်ရေးထိုးပြီးမှ အားလုံး လက်ခံနိုင်တဲ့ အခင်းကျင်းကို ဖန်တီးနိုင်ခဲ့တယ်။ တစ်နှစ်ကျော် အချိန်ယူရတယ်။ အခက်ခဲ ပေါင်း များစွာ ကျော် ဖြတ်နိုင်ခဲ့တယ်။

EAO ဘက်ကလည်း ၁၀ ဖွဲ့ရှိတယ်။ အဲ့ ၁၀ ဖွဲ့ကို စုစုစည်းစည်းနဲ့ အချင်းချင်းကြားထဲမှာလည်း ညှိရတယ်။ အစိုးရဘက်ကလည်း တော်တော်ညှိနှိုင်းယူခဲ့ရတယ်။ နောက်ဆုံးတော့ ဒီကိစ္စဟာ အားလုံး နဲ့ သက်ဆိုင်တယ် NCA ဆိုတာ အားလုံးရဲ့ ပူးတွဲပိုင်ရှင်ဖြစ်တယ်။ NCA ဖော်တဲ့နေရာမှာ ကျနော်တို့ ဝိုင်းလုပ်ဖို့ လိုတယ်။ တာဝန်ယူမှု တာဝန်ခံမှု ရှိရမယ်။ ဆိုတဲ့ အသိစိတ်နဲ့ပဲ အချင်းချင်းကြားမှာ အပေး အယူတွေ လုပ်နိုင်ခဲ့တယ်။ လုပ်နိုင်ခဲ့လို့ ခု ပြည်သူလူထုရဲ့ ရှေ့မှောက် ၂၁ ပင်လုံ စတုတ္တ အစည်း အဝေး ရလဒ်ဖြစ်တဲ့ ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်း (၃) ကို ကျနော်တို့ ရရှိခဲ့တာ ဖြစ်ပါတယ်။

မေး – ၂၁ ရာစု ပင်လုံညီလာခံ စတုတ္တကြိမ်မြောက်မှာ ရလဒ်ကောင်းတွေ ရခဲ့တယ် ဆိုတာကကော ဘာရလဒ် ကောင်းတွေ ရခဲ့ပါသလဲ။

ဖြေ – ပြီးခဲ့တဲ့ ပြည်ထောင်စု သဘောတူစာချုပ် အပိုင်း (၁ ) နဲ့ (၂) နဲ့တော့ မကွာဘူး။ ဒီတစ်ခေါက် အစိတ်အပိုင်း (၃) က တကယ့်ကို ထူးထူးခြားခြားဖြစ်တယ်။ ဒီစာချုပ်က ပြီးခဲ့တဲ့စာချုပ်နဲ့မတူ တာ တော့ သေချာတယ်။

ပထမအပိုင်းက NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက်လို့ပြောတယ်။ အဲ့မှာ အချက် (၁၅) ချက်ပါတယ်။

ပထမပိုင်းမှာတော့ လာမယ့် ၂၀၂၀ အလွန်မှာ အဆင့် (၃) ဆင့် နဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်မယ်။

နိုင်ငံရေး ဆိုင်ရာ ကိစ္စတွေ ဆွေးနွေးမယ်။ တစ်ဖက်ကလည်း လုံခြုံရေး ဆိုင်ရာ ကိစ္စ ဟန်ချက် ညီညီ ဆောင်ရွက်ဖို့ ဆိုတာ ပါတယ်။

နောက်တစ်ချက်က အကောင်အထည်ဖော် ဆောင်ရွက်တဲ့နေရာမှာ လမ်းပြမြေပုံပါတဲ့ အဆင့် (၇) ဆင့်တိုင်း အဲ့တိုင်း ဆက်သွားဖို့ လိုတယ်ဆိုတဲ့ အနေအထား။ ပြောရမယ်ဆိုရင် လုပ်ရမယ့် လုပ်ငန်းစဉ်ကို အချင်းချင်းကြားမှာ သဘောတူညီချက် ရခဲ့တယ်။

NCA ကို ဘယ်လို အကောင်အထည်ဖော်မလဲ တိတိကျကျကို ကျနော်တို့ သဘောတူညီ ရနိုင်ခဲ့တယ်။ ဒါက သိပ်ကောင်းတဲ့အချက်ဖြစ်ပါတယ်။

ဒုတိယပိုင်း ကတော့ ၂၀၂၀ အလွန်မှာ ကျနော်တို့ အဆင့်လိုက် လုပ်ငန်းစဉ် နဲ့ အဆင့်လိုက် အကောင်အထည်ဖော် မှုများလို့ ပြောတာကို အဲ့ကိစ္စ နဲ့ လာမယ့် ၂၀၂၀ အလွန်မှာ အဆင့် (၃) ဆင့် သွားဖို့ရှိတယ်။ ဥပမာ နိုင်ငံရေးပိုင်းကျတော့ ပထမအဆင့်မှာ ဘယ်ကိစ္စဆွေးနွေးမလဲ။ ဒုတိယ အဆင့်မှာ ဘယ်လို အနေအထားလဲ တတိယအဆင့်မှာ ဘယ်လို လုပ်မလဲ ဆိုတဲ့ဟာ ခုနပြောသလို ဆွေးနွေးချက်တွေရှိမယ်။

ဆွေးနွေးတဲ့အပိုင်းမှာ အကောင်အထည်ဖော်တဲ့ပိုင်းကို ဆက်သွားဖို့ရှိတယ်။

ဒါ နိုင်ငံရေးအပိုင်း တစ်ဖက်ကလည်း လုံခြုံရေးအပိုင်းကလည်း အဲ့လိုပဲ ပထမအဆင့်မှာ နိုင်ငံရေးအပိုင်း သဘောတူတယ်ဆိုရင် လုံခြုံရေး ကိစ္စမှာလည်း ဒီကိစ္စကို ကျနော် တို့ ဆွေးနွေးကြမယ်။

နောက်ဆုံးအဆင့် နိုင်ငံရေးမှာလည်း ဖက်ဒရယ် ဒီမိုကရေစီခိုင်မာလာအောင် ဘယ်လို လုပ်ကြမလဲ။

လုံခြုံရေး ဘက်မှာလည်း ဘယ်လို အကောင်အထည်ဖော်ကြမလဲ လုံခြုံရေး ကိစ္စမှာ ဘယ်လို ပေါင်းစည်းကြမလဲ ဆိုတဲ့ဟာမျိုးကို သေသေချာချာ အဆင့်လိုက် သဘောတူညီနိုင်ခဲ့တာ ဖြစ်ပါတယ်။

ခေါင်းစဉ်ကြီး (၈) ခု ရှိပါလိမ့်မယ်။ အဲ့ခေါင်းစဉ်ကြီး (၈) ခု ရဲ့ အောက်မှာတော့ ခေါင်းစဉ်ခွဲလေးတွေ ရှိတယ်။၂ ဖက်စလုံး သူ့အဆို ပြုချက် ကိုယ့် အဆိုပြုချက် တော့ရှိတယ်။

ဒါမယ့် ဒီပြည်ထောင်စု သဘောတူ စာချုပ်မှာ ကျနော်တို့ ထည့်သွင်း ချုပ်ဆိုနိုင်ခဲ့ခြင်း မရှိဘူး။ တစ်ချို့ခေါင်းစဉ်တွေက ထပ်ညှိဖို့ရှိတယ်။

လာမယ့် ၂၀၂၀ အလွန် ဒီကိစ္စကို ထပ်ညှိဖို့ ရှိတယ်။ ခေါင်းစဉ်ကြီး ၈ ခုတော့ ရထားပြီးပြီ။ အဲ့ဒါ ကျနော်တို့ ထပ်ညှိဖို့ ရှိသေးတယ်။ ဆိုလိုတဲ့ သဘောက လမ်းပွင့်သွားပြီပေါ့။

၂၀၂၀ အလွန်မှာ ဒီအဆင့်လိုက် (၃) ဆင့် နဲ့သွားမယ်။ ဒီလို ယန္တရားတွေနဲ့ သွားမယ်ဆိုတဲ့ဟာ ဒါ ဒုတိယပိုင်း စာချုပ် ရဲ့ ဒုတိယပိုင်း အပိုင်း(ခ)မှာ ပါတဲ့ ကိစ္စ အကယ်လို့ ၂၀၂၀ အလွန်မှာ ဘယ်အစိုးရ ပဲ တက်တက် ချထားတဲ့ frame လေး ခေါင်းစဉ်အောက်ကနေ ဒီတိုင်းပဲ ဆက်သွားဖို့ သဘော တူညီ ချက်ရခဲ့တယ်။

အနည်းအကျဉ်း ပြောင်းလဲမှုတော့ ရှိမှာပါ။ ခုနပြောသလို ကျောရိုးကြီးကို ပြောင်းလဲလို့မရနိုင်အောင် ကျနော်တို့ ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။

နောက်စာချုပ် ရဲ့ တတိယပိုင်း ကျတော့ ဖက်ဒရယ် အခြေခံမူ ဒီစာချုပ်မှာတော့ အချက် (၅) ချက်တော့ ရရှိခဲ့ပါတယ်။

အဲ့ (၅) ချက်ထဲမှာ အဓိက အချက်က (၃) ချက်ပါမယ်ထင်တယ် (၁) ချက်က တိုင်းပြည်ကို ဒီမိုကရေစီ စနစ် နဲ့ ဖက်ဒရယ် စနစ် အခြေခံသည့် ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို တည်ဆောက်မယ် ကတိကဝတ်ပေါ့နော်။

နောက်တစ်ချက်က တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေက တန်းတူညီမှုရှိတယ်။ အချင်းချင်း လေးစားမှု ၊ တန်းတူတဲ့ ကိစ္စကို ရခဲ့တယ်။

နောက်တစ်ချက်ကတော့ အာဏာ ခွဲဝေတဲ့အပိုင်း ဖက်ဒရယ် စနစ်နဲ့အညီ ခုနပြောသလို နိုင်ငံရေး အာဏာ ဘဏ္ဍရေး နဲ့ ပတ်သက်တဲ့ဟာ သယံဇာတနဲ့ ပတ်သက်တဲ့ဟာ အခွန်ကောက်နဲ့ ပတ်သက်တဲ့ ကိစ္စ ခွဲဝေကြမယ် ဖက်ဒရယ် စနစ်အရ ပြည်ထောင်စု အစိုးရ ဘာယူသင့်သလဲ ပြည်နယ် ဘာရသင့်သလဲ အဲ့လို မျိုး ကိစ္စတွေ ကျနော်တို့ ရရှိနိုင်ခဲ့ပါတယ်။

ဒါချုပ်ပြီးပြောရတဲ့ အနေအထားကတော့ ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်း (၃)က ခုန ကျနော်ပြောတဲ့ အချက်တွေ ပါပါတယ်။ ပြီးခဲ့တဲ့ စာချုပ် နဲ့ ကွာတယ်။

အားလုံးအတွက် လိုက်ပါနိုင်တဲ့ အခင်းကျင်းတော့ ဒီစာချုပ်က လမ်းဖွင့်ထားတယ်။ ၂၀၂၀ အလွန်မှာ ဆက်လက်ပြီးတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆက်ဆောင်ရွက်မယ်။ ခုနကပြောတဲ့ နိုင်ငံရေး ကိစ္စ တွေ လုံခြုံရေး ကိစ္စတွေ တခြား ကိစ္စတွေ ဝိုင်းပြီးတော့ ကျနော်တို့ ဆက်လက်ဆွေးနွေးမယ် အဆင်ပြေအောင် အကောင်အထည် ဖော်တဲ့အပိုင်း ဝိုင်းလုပ်ကြမယ်။

မေး – ပြီးခဲ့တဲ့ တတိယ ညီလာခံက သိပ်ပြီးမထူးခြားဘူးလို့ ဆိုလိုပါသလား။ ဒီစတုတ္တကြိမ်မြောက်မှ ထူးခြားတယ်လို့ ဆိုလိုချင်ပါသလား။

ဖြေ – အဲ့လို လည်းမဟုတ်ဘူး။ ပထမ အကြိမ်တုန်းက ဘာသဘောတူညီချက် မှ မရရှိခဲ့ဘူး။
အဖွဲ့အစည်းအားလုံးရဲ့ အမြင် ရပ်တည်ချက်တွေကို ပွင့်ပွင့်လင်းလင်း လာတင်ပြတဲ့အပိုင်းပဲရှိတယ်။
အဲ့တင်ပြ ဆွေးနွေးချက်တွေက မှတ်တမ်းတွေပဲ ထားခဲ့တယ်။ ဒုတိယအကြိမ်မှ ရှိတယ်။

ပင်လုံ ရဲ့ ရလဒ်က ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း (၁) ဆိုတာရတယ်။

တတိယအကြိမ် ကျတော့ သူ့ရဲ့ ရလဒ် က ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း (၂) ဆိုတာ ရတယ်။

ဒီ စတုတ္တအကြိမ်ကျတော့ အစိတ်အပိုင်း (၃) ဆိုတဲ့ အနေအထား ဖြစ်တာပေါ့။

ခုနပြောတဲ့ အဆင့် (၃) ဆင့် ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ် အကောင်အထည်ဖော်မှုများ နိုင်ငံရေး နဲ့ လုံခြုံရေး ကိစ္စ ဟန်ချက်ညီအောင် သဟဇာတဖြစ်အောင် ဘယ်လို လုပ်ကြမလဲ။ တခြား ကိစ္စတွေ အများကြီးရှိတယ်။

အဲ့ဒါတွေ တော်တော်ကို အရေးပါတယ်။ နောက်တစ်ခုက အားလုံး သိချင်တဲ့အချက် နိုင်ငံရေး ဆွေးနွေးမှု မူဘောင် လည်း ကျနော်တို့ ပြင်ဆင်ဖို့ ရှိတယ်။

ပြီးခဲ့တဲ့ နိုင်ငံရေးဆွေးနွေးမှု မူဘောင် သိပ်အဆင်မပြေခဲ့ဘူး။ လက်ရှိ နိုင်ငံရေး အခင်းအကျင်းနဲ့ အဆင်မပြေဘူး။

ဒီ ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်း(၃) မှာ ထွက်လာတဲ့ ခေါင်းစဉ်တွေရှိတယ်။ အဲ့ဒါကို မူတည်ပြီးတော့ နိုင်ငံရေး ဆွေးနွေးမှု မှုဘောင် ပြန်ပြုပြင်ဖို့ လိုတယ်။

အခင်းအကျင်း ဘယ်လို လုပ်မယ်ဆိုတဲ့ဟာ ဒါကကောင်းတဲ့အချက် ခုနကျနော်ပြောတဲ့ဟာ စေ့စပ်လို့ ရတဲ့အဆင့်တွေရှိတယ်။

ဖက်ဒရယ်မှာလည်း အာဏာ ခွဲဝေမှု ကိစ္စပါတဲ့အတွက်ကြောင့် ပြီးခဲ့တဲ့အနေအထားနဲ့ စာရင် တော်တော်ကို အပြုသဘောဆောင်တဲ့ အားလုံး လိုက်ပါနိုင်တဲ့ လမ်းကြောင်း အခင်းအကျင်းဖြစ်တယ်။

(၂၁ ရာစု ပင်လုံညီလာခံ စတုတ္ထအကြိမ်မှာ တိုင်းရင်းသားတန်းတူညီမျှမှုအတွက်ကော ဘယ်လောက်ထိ ရှိပါသလဲ ။ တွေ့ဆုံမေးမြန်းမှု ဒုတိယပိုင်းကိုဆက်လက် ဖတ်ရှုပါရန်။)

Leave a Comments

- Advertisement -spot_img

Latest article