Tuesday, January 27, 2026

သျှမ်းပြည်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း (၅) ဦး ပယ်ချခံရ

လာမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် သျှမ်းပြည် အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို စိစစ်ရာ တွင် ကိုယ်စားလှယ်လောင်း ၅ ဦး ပယ်ချခံရကြောင်း သိရသည်။

အဆိုပါ ၅ ဦးမှာ ပြည်နယ် လွှတ်တော် ၄ ဦး နှင့် ပြည်သူ့လွှတ်တော် ၁ ဦးတို့ဖြစ်သည်။

ထိုအထဲတွင် ပြည်နယ်လွှတ်တော်နေရာတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် ညီညွှတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ပါတီ ( ၃ ) ဦး ၊ အမျိုးသား နိုင်ငံရေး ဒီမိုကရက်တစ် ပါတီ ( ၁ )ဦး နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD ) ပါတီ မှ ပြည်သူ့ လွှတ်တော်နေရာတွင် ဝင်ပြိုင်သည့် အမတ်လောင်း တစ်ဦး ဖြစ်ကြောင်း သျှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌဦးထင်ကျော် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းပြည် ရွေးကောက်ပွဲ ကော်မရှင်တွင် အယူခံ ပြန်လည် တင်လာသည့် အမတ်လောင်း တစ်ဦးရှိပြီး ၎င်းမှာ မိုးမိတ်မြို့နယ် တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်ဖြစ်ကြောင်း၊ သို့သော် ၎င်း၏ အယူခံမှာလည်း ပြန်လည် ပယ်ချခံရကြောင်း ဦးထင်ကျော် ကပြောသည်။

“ ၂၀၁၂ ခုနှစ်မှ မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိလာလို့ ပြည်ထဲရေးကနေပြီးတော့မှ စုံစမ်းဖော်ထုတ် တာဖြစ်တဲ့အတွက် သူ့ကို လုပ်ထုံး ဥပဒေ ပုဒ်မ (၈) (က) ၂ အရ မကိုက်ညီဘူးဆိုပြီး သူ့အယူခံကို ပယ်လိုက်တာပေါ့။” ဟု ဦးထင်ကျော် ကပြောသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး SNLD မှ အထွေထွေ အတွင်းရေးမှူး စိုင်းလ က “ တရုတ်ပြည်ကို ခရီးသွားပြီး ပြန်လာတာ ၁၀နှစ် မပြည့်သေးလို့ပါ” ဟု သျှမ်းသံတော်ဆင့် ကို ပြောသည်။

ထို ပယ်ချခံရသူများ၏ နေရာကို ပါတီ အနေဖြင့် ပြန်လည် အစားထိုးရန် မရနိုင်တော့ကြောင်းလည်း သိရသည်။

သျှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ထံ တင်သွင်းလာသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ( ၁၀၃၇) ဦး ရှိပြီး ပါတီ (၃၂) ပါတီ ရှိကြောင်း သျှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ထံ စုံစမ်းသိရှိရသည်။

ထို (၁၀၃၇) ဦးထဲမှ မိမိသဘောဖြင့် ပြန်လည် နုတ်ထွက်သည့် ကိုယ်စားလှယ်လောင်း (၁၄) ဦးရှိပြီး (PNO) ပါတီ မှ အများဆုံး ဖြစ်ကြောင်း သိရသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် သျှမ်းပြည်တွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၀၁၈) ဦးရှိပြီး ပြည်သူ့ လွှတ်တော်မှာ (၂၉၀) ဦး၊ အမျိုးသား လွှတ်တော်မှာ ( ၈၀) ဦး၊ ပြည်နယ်(၁) (၂) မှာ (၆၀၅) ဦး နှင့် တိုင်းရင်းသားဝန်ကြီးနေရာမှာ ( ၄၃) ဦးရှိကြောင်း သျှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံ စုံစမ်းသိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Shan State Map_Update_1

ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်မှ ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေစာရင်း UEC ထပ်မံထုတ်ပြန်

0
စစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် ပါဝင်နေသည့် ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်များရှိ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ ထပ်မံထုတ်ပြန်လိုက်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၇ ရက်) ညပိုင်းတွင် ရွေးကောက်ပွဲ တတိယပိုင်းထဲ ပါဝင်နေသည့် သျှမ်းပြည်မှ...

တိတ်ဆိတ်ငြိမ်သက်နေသည့် စစ်တပ် ရွေးကောက်ပွဲ

0
“ထူးထူးခြားခြား မရှိပါဘူး။ ဧည့်သည်တွေနဲ့ ရှုပ်နေတာပဲ၊ မအားဘူး” ဟု တောင်ကြီးမြို့ခံ ဈေးဆိုင် ပိုင်ရှင် တဦးက သျှမ်းသံတော်ဆင့်ကို ယနေ့ (ဒီဇင်ဘာလ ၂၇)ရက်၊ နေ့လယ်ပိုင်းတွင် ပြောသည်။ စစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် သျှမ်းပြည်နယ်တွင်း တောင်ကြီးမြို့နယ် အပါအဝင်...

သျှမ်းပြည် ၉ မြို့နယ်နှင့် ဗန်းမော်မြို့နယ် ပါဝင်သည့် ရွေးကောက်ပွဲ အပိုင်း (၃) စစ်တပ်ကော်မရှင် ထုတ်ပြန်

0
သျှမ်းပြည်နယ် အတွင်းရှိ မြို့နယ် ၉ ခု အပါအဝင် မြို့နယ် ၆၃ ခုတွင် စစ်တပ် ရွေးကောက်ပွဲ အပိုင်း (၃) ကို လာမည့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း စစ်တပ် ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ ဒီဇင်ဘာလ...

“ဒီရွေးကောက်ပွဲကတော့ ပိုရှုပ်ထွေးအောင် လုပ်ထားတယ်လို့တော့ ထင်ပါတယ်”

0
ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖော်ဆောင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အတွင်း သျှမ်းပြည်မြောက်ပိုင်းရှိ မြို့အများအပြားကို စစ်အုပ်စုထံက သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော်လည်း တရုတ်၏ ကြားဝင်စေ့စပ်မှုအရ သိမ်းပိုက်ထားသည့် မြို့အချို့အား ပြန်လည်လက်လွှတ်ခဲ့ရသည်။ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတို့သည်...
TGI_PPP

PPP ပါတီ၏ တောင်ကြီး အမတ်လောင်းနှင့် သားဖြစ်သူ လူသတ်မှုစွဲချက်ဖြင့် ဖမ်းဆီးခံထားရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၏ လွှတ်တော်အမတ်လောင်းနှင့် ၎င်း၏သားဖြစ်သူတို့ကို လူသတ်မှုစွဲချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။